ပေါက်တောမြို့နယ်တွင် ကြံ့ဖွတ် ခွက်ခွက်လန်အောင်ရှုံး၍ မြို့နယ် မယက ဥက္ကဌမှ သက်ဆိုင်သူများကို မြို့ပေါ်သို့ ဆင့်ခေါ်ထား

ပေါက်တောမြို့နယ်တွင် ကြံ့ဖွတ် ခွက်ခွက်လန်အောင်ရှုံး၍ မြို့နယ် မယက ဥက္ကဌမှ သက်ဆိုင်သူများကို မြို့ပေါ်သို့ ဆင့်ခေါ်ထား
by -
နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မဲရေတွက်မူ ၉၀ ရာခိုင်းနုန်း ပြီးစီးသွားရာ ကျေးရွာ ၉၀ တွင် ကြံ့ဖွတ်ပါတီမှ တစ်ရွာမှ အနိုင် မရရှိသဖြင့် မြို့နယ် မယက ဥက္ကဌ ခင်မောင်လွှင်မှာ အထူး ဒေါသ ထွက်နေ ...

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မဲရေတွက်မူ ၉၀ ရာခိုင်းနုန်း ပြီးစီးသွားရာ ကျေးရွာ ၉၀ တွင် ကြံ့ဖွတ်ပါတီမှ တစ်ရွာမှ အနိုင် မရရှိသဖြင့် မြို့နယ် မယက ဥက္ကဌ ခင်မောင်လွှင်မှာ အထူး ဒေါသ ထွက်နေပြီး သက်ဆိုင်ရာ ရယက ဥက္ကဌ၊ မဲရုံမှူးနှင့် ကျေးရွာကော်မရှင်များကို ပေါက်တောမြို့ပေါ်သို့ ဆင့်ခေါ်ထားသည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တစ်ဦးက “ မယက ဥက္ကဌ အထူး ဒေါသထွက်နေတယ်လို့ ကြားရပါတယ်။ ရွာပေါင်း ၉၀ ကို မဲရေတွက်တဲ့ အခါ ကြံ့ဖွတ်က အမျိုးသား လွတ်တော်မှာ မဲ ၂ ပြားရှိပြီး တခြားနေရာတွေမှာ တပြားမှ မရတာတွေလည်း ရှိပါတယ်။ ခုလို ဘာကြောင့် ဖြစ်ရ သလဲဆိုပီး ကျွန်တော်တို့ အကုန်လုံးကို စစ်ဆေးဆို့ ဥက္ကဌက ပေါက်တောမြို့ မယက ရုံးကို ဆင့်ခေါ်ထားပါတယ်” ဟု ပြောသည်။

ပေါက်တောမြို့နယ်တွင် ယမန်နေ့က မဲပေးသူ ၇၀ ရာခိုင်နုန်းရှိခဲ့ပြီး ၉၉ ရာခိုင်နုန်းမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို မဲပေးခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့က ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အရေးယူမယ်ဆိုလည်း ယူနိုင်ပါတယ်။ ကော်မရှင်အဖွဲ့၍ လုပ်ထုံး လုပ်နည်း စည်းကမ်း အတိုင်း ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ပေါက်တောမြို့နယ် အပါအ၀င် ရခိုင်မြို့နယ် လူထု အတော်များများမှာ လူမျိုးရေးအရ ရခိုင်လူမျိုး အပေါ် အနိုင်ကျင့်နေသော နအဖ စစ်အာဏာပိုင်များကို အထူး မကျေနပ် ဖြစ်နေကြရာမှ ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို စုပြုံမဲပေးခြင်း ဖြစ်သည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်များမှာ အမျိုးသား လွှတ်တော်တွင် ဦးအောင်ကျော်ဇံ၊ ပြည်သူ့လွတ်တော်တွင် ဦးကျော်ထွန်းအောင်၊ ပြည်နယ်လွှတ်တော်တွင် ဦးတက်ထွန်းအောင်နှင့် ဦးမောင်ကျော်သိန်းတို့ ဖြစ်ကြသည်။

လက်ရှိ ရရှိသော သတင်းအရ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဍားကျွန်းတို့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အမတ်နေရာများ အားလုံးတွင် အပြတ် အနိုင် ရရှိသွားကြောင်း သိရသည်။

Most read this week