စစ်ရေးမဟာမိတ်တွင် စီအဲန်အက်ဖ် ပါဝင်ခြင်းအပေါ် ချင်းလူမျိုးများ ကြိုဆို

စစ်ရေးမဟာမိတ်တွင် စီအဲန်အက်ဖ် ပါဝင်ခြင်းအပေါ် ချင်းလူမျိုးများ ကြိုဆို
by -
ခိုနူမ်းထုန်သတင်း

အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့၏ စစ်ရေး နိုင်ငံရေး
မဟာမိတ်ကော်မီတီတွင် ချင်းလူမျိုးစု လက်နက်ကိုင် စီအဲန်အက်ဖ် ပါဝင်ခြင်း ...

အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့၏ စစ်ရေး နိုင်ငံရေး
မဟာမိတ်ကော်မီတီတွင် ချင်းလူမျိုးစု လက်နက်ကိုင် စီအဲန်အက်ဖ် ပါဝင်ခြင်းအပေါ် ချင်းလူမျိုးများ ကြိုဆိုထောက်ခံကြသည်ဟု သတင်းရရှိသည်။

cnf-army-300x196“ဒီကိစ္စက ချင်းလူမျိုး အယောက်တိုင်းမှာလည်း တာဝန် ရှိတယ်၊ ကျတော်တို့မှာ လက်နက်ကိုင် အဖွဲ့ဆိုလို့ စီအဲန်အက်ဖ်ပဲ ရှိတယ်” ဟု အမည်မဖော်လိုသူ ဟားခါးမြို့မှ လူကြီးတဦးက ပြောသည်။

ယင်းကော်မီတီကို နိုဝင်ဘာ ၄ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး ကော်မီတီတွင် စီအဲန်အက်ဖ် အပါအ၀င် အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်(SSA-N)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ ပါဝင်ကြောင်း သိရှိရသည်။

“ကိုယ့်လူမျိုး ကာကွယ်ရေး ဆိုတာ တယောက်တပေါက်စီ လုပ်လို့ မရဘူး၊ နအဖက တဦးချင်း လာတိုက်ယင် အားလုံးကူညီဖို့ ကော်မီတီကို ဖွဲ့စည်းလိုက်တယ်” ဟု စီအဲန်အက်ဖ် ခေါင်းဆောင်တဦးက ပြောသည်။

ချင်းအမျိုးသား တပ်ဦးသည် ၁၉၈၈ အရေးအခင်း နောက်ပိုင်းမှ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် သက်တမ်းအနုဆုံး အဖွဲ့အစည်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲက ကျတော်တို့အတွက် အကောင်းဆုံး မဟုတ်ဘူး၊ လက်နက်ကိုင် အဖွဲ့က အထူးအရေး ပါလာဖွယ်ရှိတယ်၊ အခု စီအဲန်အက်ဖ် လုပ်ရပ်ကို ထောက်ခံတယ်” ဟု တွန်းဇံမြို့မှ အမည်မဖော်လိုသူ လူကြီးတဦးက ပြောသည်။

အဆိုပါ ၆ ဖွဲ့မှ ခေါင်းဆောင်များသည် ပြီးခဲ့သည့် အောက်တိုဘာလက အမေရိကန်နိုင်ငံသို့ သွားရောက်ပြီး အပြန် အဆိုပါ ကော်မီတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ အမေရိကန်သို့ သွားရောက်ရခြင်း အကြောင်းရင်းကိုမူ ပြောမပြချေ။

ကလေးတက္ကသိုလ်မှ ချင်းကျောင်းသား တဦးက “ကျတော်တို့ ချင်းလူငယ်တွေလည်း အဲဒါကို အထူးစိတ်ဝင်စားတယ်၊ ကျတော်တို့ ကျောင်းသားလူငယ်တွေ ပါဝင်နိုင်ရေးက စီအဲန်အက်ဖ်မှာ တာဝန် ရှိတယ်” ဟု ပြောသည်။