ကော့ဘဇားရှိ အထင်ကရ ဘုန်းတော်ကြီး ကျောင်းမှ စိတ်ကြွဆေးပြား ၉၀၀၀ ကျော် ဖမ်းမိ

ကော့ဘဇားရှိ အထင်ကရ ဘုန်းတော်ကြီး ကျောင်းမှ စိတ်ကြွဆေးပြား ၉၀၀၀ ကျော် ဖမ်းမိ
by -
မောင်အေး

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကောစ်ဘာဇား (ဖလောင်းချိတ်) မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တကျောင်းမှ မြန်မာဘက်မှ ၀င်ရောက်လာသည့် စိတ်ကြွဆေးပြား ၉၀၀၀ ကျော်ကို ဘင်္ဂလာရဲမှ ယမန်နေ့ညနေပိုင်းက ဖမ်းဆီး ...

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကောစ်ဘာဇား (ဖလောင်းချိတ်) မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တကျောင်းမှ မြန်မာဘက်မှ ၀င်ရောက်လာသည့် စိတ်ကြွဆေးပြား ၉၀၀၀ ကျော်ကို ဘင်္ဂလာရဲမှ ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခဲ့သည်။

စိတ်ကြွဆေးပြားဖမ်းဆီးရမိသည့် ဘုန်းတော်ကြီးကျောင်းမှာ ကောစ့်ဘာဇားမြို့ အချက်အချာကျသည့် သိမ်ကုန်းတွင် တည်ရှိသည့် ဇေယျသုခကျောင်းမှ ဖြစ်သည်။

“ဘုန်းကြီးနေတဲ့ တိုက်ခန့်ထဲကရတယ်၊ ဘုရားကြီး နောက်ကလည်းရတယ်၊ ပြီးတော့ ဆန်အိပ်ထဲကလည်း ရ တယ်။ ဆေးပြား ၉၃၀၀ လို့ပြောတယ်။ တချို့ပြောတော့လည်း ဆေးခြောက်လည်း ပါတယ်လို့ပြောပါတယ်။” ဟု ကော့စ်ဘဇားမြို့ခံတဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့်ဆေးပြား၏ ကာလတန်ဖိုးမှာ တာကာငွေ သိန်း ၅၀ ဖိုးရှိကြောင်းနှင့် မြန်မာတံဆိပ် ရိုက်နှက်ထားသည့် စုစုပေါင်း ဆေးပြား အထုပ်ပေါင်း ၃၁ ဖြစ်ကြောင်း ဘင်္ဂလီသတင်းစာ တစောင်တွင် ရေးသား ဖော်ပြသည်။

ယခုကဲ့သို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တကျောင်းမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး မူဆလင်အမျိုးသားများမှ ဗုဒ္ဓဘာသာကို ပိုမိုအထင်သေးသွားနိုင်ကြောင်း မြို့ခံလူငယ်က ယခုကဲ့သို့ ပြောသည်။

“ဒီက ဘင်္ဂလီ ကုလားတွေက အယင်းကတည်းက ဗုဒ္ဓဘာသာကို ကြည့်ရတာမဟုတ်ဘူး။ ဒီလိုဖြစ်သွားတော့ ဗုဒ္ဓဘာ သာကို ကုလားတွေပြောဖို့ အပေါက်ရသွားတယ်။ နောက်ပြီး တခြားဘုန်းကြီးတွေ ခရီး သွားရတာလည်း ခက်သွားလိမ့်မယ်။ ရှက်ဖို့လည်းကောင်းတယ်။”

ဇေယျသုခကျောင်းမှာ နိုင်ငံခြားသားများနှင့် ကောစ့်ဘာဇားမြို့သို့ အလည်အပတ်ရောက်ရှိသူများ အဓိကသွားရောက်လည်ပတ်လေ့ရှိသည့် သိမ်ကုန်းတွင်တည်ရှိသည်။

ယခု ဆေးပြားများဖမ်းမိသည့်ကျောင်းသို့ မြန်မာဘက်မှကုန်သည်များ မကြာခဏရောက်ရှိ တည်းခိုလေ့ရှိပြီး ဦးဇောတိပါလမှာလည်း မြန်မာ ထောက်လှမ်းရေး အာဏာပိုင်များနှင့် ဆက်စပ်မှုရှိသည်ဟု ယခင်ကတည်းက လူတချို့သံသယ ရှိနေကြသည်။

ဇေယသုကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇောတိပါလမှာ ရဲတပ်ဖွဲ့များ လာရောက်စဉ် ထွက်ပြေးလွတ် မြောက်သွားပြီး ယခုအချိန်ထိ ရှာမတွေ့သေးကြောင်း သိရသည်။

ဦး ဇောတိပါလမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လက်ဝါးခတ်ကျေးရွာ ဇာတိဖြစ်ပြီး ယခင်က နယ်စပ် တက်ကနက်မြို့တွင် နေထိုင်ခဲ့ပြီး ကော့ဘာဇားမြို့သို့ ရောက်ရှိလာသည်မှာ ၁၀ နှစ်ခန့်ရှိပြီး ဖြစ်သည်။

Most read this week