ချင်းပြည်နယ်အတွင်း လွတ်လပ်စွာ မဲပေးခွင့် ရရှိကြ

ချင်းပြည်နယ်အတွင်း လွတ်လပ်စွာ မဲပေးခွင့် ရရှိကြ
by -
ခိုနူမ်းထုန်သတင်း

ယနေ့ ၆ နာရီမှ စပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ဆန္ဒမဲ အသီးသီး ပေးကြကြောင်း၊ တချို့ဒေသများတွင် မဲရုံမှူးနှင့် မဲဆန္ဒရှင်တွေအကြား မကြေလည်မှူများ ရှိခဲ့ ...

ယနေ့ ၆ နာရီမှ စပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ဆန္ဒမဲ အသီးသီး ပေးကြကြောင်း၊ တချို့ဒေသများတွင် မဲရုံမှူးနှင့် မဲဆန္ဒရှင်တွေအကြား မကြေလည်မှူများ ရှိခဲ့သော်လည်း အများအားဖြင့် လွတ်လပ်စွာ မဲပေးခွင့် ရကြကြောင်း သိရသည်။

election-pic1-300x225ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ချင်းအမျိုးသားပါတီက မဲပေးသူ အခြေအနေ အကောင်းဆုံး ဖြစ်သည်ဟု သိရသည်။

“မဲရုံပေါင်း ၁၂ ရုံတွင် ချင်းအမျိုးသားပါတီကို မဲပေးသူ များတယ်၊ ဒါပေမဲ့ ၀န်ထမ်းအများစုကတော့ ယူအက်စ်ဒီပီကို မဲပေးကြတာ များတယ်” ဟု လူငယ်တဦးက ပြောသည်။

ဟားခါးမြိ့နယ် Cin khua ရွာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် စီအဲန်ပီမှ ၁၃၉ ၊ အမျိုးသားလွှတ်တော်အတွက် ၁၅၄၊ ပြည်နယ်လွှတ်တော် ၁၄၅၊ ယူအက်စ်ဒီပီနှင့် အဲန်ယူပီက စုစုပေါင်း ၂၀ အသီးသီး ရရှိကြကြောင်း၊ Cinkhua ရွာတွင် မဲဆန္ဒရှင်ပေါင်း ၁၉၄ ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်တွင် မဲပေးနိုင်သူ ဦးရေ ၂၂၅၀၀ ရှိသည်။

ဖလမ်းမြို့ပေါ်တွင် မဲပေးနိုင်သူ ဦးရေ ၇၀၀၀ အနက် ၄၅၀၀ သာ မဲပေးနိုင်ကြသည်ကြောင်း၊ ယနေ့ မဲပေးရာတွင် ချင်းတိုးတက်သောပါတီက ဦးဆောင်နေပြီး ချင်းအမျိုးသားပါတီက ဒုတိယ၊ ယူအက်စ်ဒီပီက တတိယလိုက်နေသည်ဟု သိရသည်။

ထန်တလန်မြို့နယ် ဒေါန်ကျေးရွာတွင် မဲဆန္ဒရှင်ပေါင်း ၅၂၅ အနက် ချင်းအမျိုးသားပါတီက ပြည်နယ်လွှတ်တော်အတွက် ၂၂၇၊ အမျိုးသားလွှတ်တော်အတွက် ၂၄၂၊ ပြည်သူ့လွှတ်တော်အတွက် ၂၃၂ ၊ ယူအက်ဒီပီပါတီက ပြည်နယ်လွှတ်တော်အတွက်
၉၂၊ အမျိုးသားလွှတ်တော်အတွက် ၈၂၊ ပြည်သူ့လွှတ်တော်အတွက် ၉၁ ၊ အဲန်ယူပီပါတီက ပြည်နယ်လွှတ်တော်အတွက် ၁၃၊ အမျိုးသားလွှတ်တော်အတွက် ၁၀၊ ပြည်သူ့လွှတ်တော်အတွက် ၁၁ အသီးသီးရရှိကြသည်။

အဆိုပါ ဒေါန်ကျေးရွာတွင် ယူအက်စ်ဒီပီပါတီမှ မဲရုံစောင့် နှစ်ဦး နှင့် ချင်းအမျိုးသားပါတီအကြား မကြေလည်မှုကြောင့် ချင်းအမျိုးသားပါတီဝင် ၁၀ ဦးမဲမထည့်တော့ကြောင်း ထပ်မံသိရသည်။ အသေးစိပ်ကိုမူ မပြောပြကြချေ။

ထန်တလန်မြို့နယ် Zamtlang ရွာတွင် ပြည်သူ့လွှတ်တော်အဖြစ် ယူအက်စ်ဒီပီ ၅၀၊ အဲန်ယူပီ ၄၇၊ စီအဲန်ပီ ၁၆၉၊ ပြည်နယ်လွှတ်တော်တွင် ယူအက်စ်ဒီပီ ၅၅၊ အဲန်ယူပီ ၄၉၊ စီအဲန်ပီ ၁၆၈၊ အမျိုးသားလွှတ်တော်တွင် ယူအက်စ်ဒီပီ ၄၉၊ အဲန်ယူပီ ၀င်ပြိုင်သူမရှိ ၊ စီအဲန်ပီ ၁၉၁၊

ထန်တလန်မြို့နယ် Ralpel ကျေးရွာတွင် ပြည်သူ့လွှတ်တော်အဖြစ် ယူအက်စ်ဒီပီ ၆၃၊ အဲန်ယူပီ ၂၇၊ စီအဲန်ပီ ၁၁၅၊ ပြည်နယ်လွှတ်တော်တွင် ယူအက်စ်ဒီပီ၆၅၊ အဲန်ယူပီ ၂၉၊ စီအဲန်ပီ ၁၂၀၊ အမျိုးသားလွှတ်တော်တွင် ယူအက်စ်ဒီပီ ၆၄၊ အဲန်ယူပီ ၄ ၊ စီအဲန်ပီ ၁၂၈

အလားတူ ထန်တလန်မြို့နယ် bungkhua, Fungkah, Ruah khua, Lungler ကျေးရွာတွင်လည်း စီအဲန်ပီက အနိုင်ရရှိကြောင်း sihhmuh, thanzang ရွာတွင် စီအဲန်ပီက အပြတ်အနိုင်ရကြောင်း သိရသည်။

” တီးတိန်မြိ့နယ်တောင်ပိုင်းမှာတော့ ချင်းတိုးတက်သောပါတီက ဦးဆောင်နေပြီး မြောက်ပိုင်းမှာ ယူအက်စ်ဒီပီက အနိုင်ရဖွယ်ရှိတယ် ” ဟု တီးတိန်မြို့မှ ချင်းတိုးတက်ရေးပါတီဝင်တဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်မဲဆန္ဒနယ်တွင် ချင်းအမျိုးသားပါတီက မဲအများဆုံးရဖွယ်ရှိကြောင်း၊ မတူပီမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ
အင်အားစု က ဦးဆောင်ပြီး ယူအက်စ်ဒီပီက ဒုတိယနေရာရရှိနေသည်ဟု သိရသည်။

ကလေးမြို့နယ်မှာ မြို့နယ်ကော်မရှင် နှင့် လ၀က အကြား မဲစာရင်းများ မကိုက်ညီသော်လည်း သက်ဆိုင်ရာက မဲစာရင်းတွင်မပါသည့် သူများ ပြန်လည်မဲပေးခွင့်ပြုလိုက်သည်ဟု သိရသည်။

Most read this week