မွန်ပါတီကို မူဆလင်လူမျိုးများ ထောက်ခံမဲ ထည့်ပေးလိုကြ

မွန်ပါတီကို မူဆလင်လူမျိုးများ ထောက်ခံမဲ ထည့်ပေးလိုကြ
by -
မင်းတောလဝီ

နိုဝင်ဘာ(ရ) မှာ ကျင်းပမည့်ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ်၊ ကျိုက္မရောမြို့နယ်နှင့် ရေးမြို့နယ်အတွင်းမှာ နေထိုင်ကြသည့် မူဆလင်လူမျိုးများကမွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီကို မဲပေးလိုကြ....

နိုဝင်ဘာ(ရ) မှာ ကျင်းပမည့်ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ်၊ ကျိုက္မရောမြို့နယ်နှင့် ရေးမြို့နယ်အတွင်းမှာ နေထိုင်ကြသည့် မူဆလင်လူမျိုးများကမွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီကို မဲပေးလိုကြသည်။

မော်လမြိုင်မြို့နယ်နှင့်ကျိုက္မရောမြို့နယ်ကြားရှိ ငန်းတေးရွာမှကျိုက္မရောမြို့စက်ကုန်းရပ် ကလိုင်းကနိုင်ရွာအထိ ရွာပေါင်း ၁ဝ ရွာကျော် နှင့် ပါတ်ဝန်းကျင်ကျေးရွာများမှမူဆလင်လူ မျိုးအများလူဦးရေ (၁ဝဝဝဝဝ)ခန့် နေထိုင်ကြသည်ဟု မော်လမြိုင်မြို့ဈေးသစ်တွင်ကုန်စုံ ဆိုင်ရောင်း နေသူမူဆလင် လူမျိုးတစ်ဦးက ပြောသည်။

“၁၉၉ဝ ခုနှစ်ရွေကောက်ပွဲတုံးက မူဆလင်လူမျိုးအများစုက အမျိုးသားဒီမိုကရေစီပါတီ ကိုထောက်ခံမဲထည့်ခဲ့တယ်၊အခုတော့ မွန်ပါတီကို ထောက်ခံမဲပေးလိုတဲ့ မူဆလင်လူမျိုး တွေ တော်တော်များမယ် ’’ဟု ၄င်းကဆက်ပြောသည်။

မွန်ပြည်နယ်မော်လမြိုင်မြို့နယ်နှင့် ကျိုက္မရောမြို့နယ်အတွင်းရှိမူဆလင်လူမျိုးများ သည် ဒေသခံတိုင်းရင်းသား အထူးသဖြင့်မွန်လူမျိုး နှင့်အတူတကွ နေထိုင်ခဲ့ကြတဲ့ သံယော ဇဉ်ကြောင့်မဲထည့်ဖို့ဆန္ဒရှိလာတယ်ဟု ကျိုက္မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာမှ မူဆ လင် လယ်သမားတစ်ဦးကပြောသည်။

“မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဟာမွန်တစ်မျိုးသားလုံးကိုကိုယ်စားပြုဝင်အရွေးခံတယ် မွန်ပြည်နယ်အရေးကို မွန်လူမျိုးကပဲ ဆုံးဖြတ်ခွင့် ရရှိဖို့မွန်ပါတီအနိုင်ရမှ ဖြစ်မယ် ဒါ့ကြောင့်ကျနော်တို့မဲဝိုင်းပေးကြမယ်’’ဟုမူဆလင်လူမျိုးတစ်ဦး ဆောက်လုပ်ရေး အ ရောင်းဆိုင် ပိုင်ရှင် မော်လမြိုင်ဈေးကြီးအနီး ကပြောသည်။

ထို့အတူမွန်ပြည်နယ် ရေးမြို့တွင်လည်း ရေးမြို့ပေါ်နှင့် လမိုင်းမြို့နယ်ခွဲရှိ ကျေးရွာများမှာ နေထိုင်သည့် မူဆလင်မူမျိုးများသည် မွန်ပါတီကို မဲပေးဖို့အားသန်နေကြသည်ဟု လမိုင်းမြို့နယ်ခွဲမှာ နေထိုင်နေသည့် မွန်စကားပြော မူဆလင်လူမျိုးတစ်ဦးကပြောသည်။

“ရေးနယ်ဘက်ကရှိတဲ့မူဆလင်လူမျိုးတွေဟာရှေးကတည်းကမွန်လူမျိုးတွေနဲ့ဆက်ဆံ လာကြတော့ သူ့အရေးလည်းကိုယ့်အရေးပဲ မွန်ပါတီကို မဲထည့်ပေးကြဖို့ကိုတောင် ကျနော်တို့ လိုက်စည်းရုံးပေးသေးတယ်”ဟုရေးမြို့ပေါ်ရှိမူဆလင်တစ်ဦးကပြောသည်။

ရေးမြို့နယ်အတွင်းကမွန်ပါတီကိုမဲထည့်ပေးလိုတဲ့မူဆလင်တွေရောတခြားလူမျိုးတွေကပါ မွန်လုံချည် မွန်ထမိန်တွေ ဝတ်နေကြတာ ရွေးကောက်ပွဲ နီးလာတော့ အနီရောင် မွန်ဝတ်စုံတွေ အဝတ်များလာတယ်ဟု ရေးမြို့ပေါ်ရှိ မွန်ဆရာတော်တပါးက မိန့်ပါသည်။

“မွန်လူမျိုးတွေနဲ့အတူနေအတူလုပ်ကိုင်စားသောက်လာကြတော့ မွန်လူမျိုး ရဲ့အကျိုး ကိုလိုလားတဲ့ လက္ခဏာပဲ”ဟု ဆရာတော်က ဆက်မိန့် ပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ နိုင်ငံရေးဝါဒသဘောထားမှာ ပြည်သူတရပ်လုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး အပြည့်အဝ ရရှိရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြန့်ဌာန်းခွင့်အပေါ် အခြေခံသည့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ စစ်မှန်သော ဒီမိုက ရေစီစနစ်ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်၊ စစ်မှန်သောပြည်ထောင်စုပေါ်ထွန်း တည်တံ့ခိုင်မြဲရန်၊ အဂတိ လိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားရန်၊လူမှုဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းသော ကမ္ဘာ့လူနေမှုစနစ် ထွန်းကားလာရေး ဆောင်ရွက်သွားရန် ဖြစ်သည်။

မွန်ပြည်နယ်အတွင်း နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင်ပါဝင်အ ရွေးခံမည့်နိုင်ငံရေးပါတီများမှာ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ၊ဖလုံစဝေါပါတီ၊ က ရင်ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ တို့ဖြစ်သည်။

 

 

 

 

 

Most read this week