သက်ကြီးရွယ်အိုများ ကြိုတင်မဲ ကြံ့ဖွတ်ကို ထည့်ခိုင်း

သက်ကြီးရွယ်အိုများ ကြိုတင်မဲ ကြံ့ဖွတ်ကို ထည့်ခိုင်း
by -
နိရဉ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် မယက ဥက္ကဌ အမိန့်ဖြင့် သက်ကြီးရွယ်အိုများထံမှ ကြိုတင်မဲ ကောက်ယူနေပြီး အာဏာပိုင် များက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲထည့်ခိုင်း...

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် မယက ဥက္ကဌ အမိန့်ဖြင့် သက်ကြီးရွယ်အိုများထံမှ ကြိုတင်မဲ ကောက်ယူနေပြီး အာဏာပိုင် များက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲထည့်ခိုင်းနေကြောင်း သတင်းရရှိသည်။

ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာ ကျေးရွာတွင် သက်ကြီး ရွယ်အိုများထံမှ ကြိုတင်မဲ ကောက်ခံပြီး ကြံ့ဖွံ့ပါတီကို မဲထည့်ခိုင်းသဖြင့် တခြားမကျေနပ်သူများက အထက်ကို တိုင်ကြားခဲ့သည်ဟု သိရသည်။

နောက်ထပ် တိုင်ကြားပါက အသေသတ်ပစ်မည်ဟု အာဏာပိုင်များက ခြိမ်းခြောက်ခဲ့သည်ဟု ပန်းနီလာ ကျေးရွာသား တစ်ဦးက ပြောသည်။

“သူတို့က ကျွန်တော်တို့ ရွာက အသက်ကြီးသူတွေဆီက ကြိုတင်မဲတွေ ကောက်နေတဲ့ နေရာမှာ ကြံ့ဖွံ့ပါတီကို မဲထည့်ခိုင်းတယ်။ အဲသလို လုပ်တာကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ရခိုင်ပါတီတွေကို တိုင်ကြားတော့ နောက်ထပ် တိုင်ကြားရင် တိုင်တဲ့ သူတွေကို အသေ သတ်ပစ်မယ် ဆိုပြီး မယက ဥက္ကဌနဲ့ သူလူတွေက ခြိမ်းခြောက်ပါတယ်။”

ယခုအခါ ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၆၀ ကျော် သက်ကြီးများထံမှ ကြိုတင်မဲ ကောက်ခံနေရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ထိုသို့ အားသုံးပြီး ကြံ့ဖွံ့ကို မဲထည့်ခိုင်းနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရွာက အသက် ၇၄ နှစ် ရှိပြီး ဖြစ်တဲ့ ဒေါ်သံခိုင်ဖြူကတော့ သူ့ကို ခြင်္သေ့ကို ထည့်ခိုင်းတဲ့အတွက် ခြင်္သေံ့နေရာမှာ ခြစ်ပြီး မဲထည့်ခဲ့တယ်လို့ ပြောပါတယ်။ ခုလို လုပ်နေတဲ့အတွက် လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမူ ရှိမယ် ဆိုတာ ဘယ်သူမှ မယုံဘဲ ဖြစ်နေပါတယ်” ဟု သူက ပြောသည်။

မယက ဥက္ကဌ ဦးစောထွန်းဦးနှင့် အပေါင်းအပါများက အသေသတ်ပစ်မည်ဟု ခြိမ်းခြောက်မူကြောင့် အဆိုပါ သတင်းကို တိုင်ကြားသူ များမှာ ယခုအခါ သူတို့ လုံခြုံရေးကို အထူး စိုးရိမ်နေကြသည်ဟု သတင်းများ ရရှိသည်။

 

 

Most read this week