မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဒေသများတွင် ၀မ်းရောဂါ ဖြစ်ပွား၍ ၃ ဦး သေဆုံး

မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဒေသများတွင် ၀မ်းရောဂါ ဖြစ်ပွား၍ ၃ ဦး သေဆုံး
by -
နိရဉ္စရာ

မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မှ ကျေးလက်ဒေသများတွင် ၀မ်းရောဂါ စတင်ဖြစ်ပွားနေရာ ယမန်နေ့ထိ သေဆုံးသူ သုံးဦး ရှိသွားပြီဖြစ်.....

မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မှ ကျေးလက်ဒေသများတွင် ၀မ်းရောဂါ စတင်ဖြစ်ပွားနေရာ ယမန်နေ့ထိ သေဆုံးသူ သုံးဦး ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

Diarrhea-Outbreak-in-Cyclone-Affected-Area-in-Arakanသေဆုံးသွားသူများမှာ မြေပုံ တောင်ကြီးရင်းကျေးရွာမှ နှစ်ဦးနှင့် မင်းပြား ရန်တိုင် ကျေးရွာမှာ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြသည်။

“မင်းပြားမြို့နယ် ရန်တိုင် ကျေးရွာက အမျိုးသမီးကတော့ မနေ့က ၀မ်းရောဂါနဲ့ ဆုံးတာပါ။ တောင်ကြီးရင်းက ကျန်နှစ်ဦးကတော့ လွန်ခဲ့တဲ့ တနေ့က ဆုံးသွား တာ ဖြစ်ပါတယ်။ အခုအခါ ကျေးရွာတွေမှာ ၀မ်းရောဂါ ကျယ်ပြန့်စွာ ကူးစက် ပျံ့နှံ့ဖြစ်ပွားနေပါတယ်” ဟု လူမူကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြော သည်။

အဆိုပါ သေဆုံးမူကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကလည်း အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ သိရသလောက်ဆိုရင် ၀မ်းရောဂါနဲ့ သေဆုံးတာ သုံးဦး ရှိသွားပါပြီ။ ဒီထက်အရေအတွက် တိုးလာနိုင်ပါတယ်” ဟု ပြောသည်။

မြေပုံမြို့ခံ တစ်ဦးကလည်း သောက်သုံးရေ ရှားပါးနေသဖြင့် ၀မ်းရောဂါ ဖြစ်ပွားနေပုံကို ယခုကဲ့သို့ ပြောသည်။

“အခု ရွာအတော်များများက ရေထဲ ပါသွားတော့ တချို့ရွာတွေမှာ စားစရာ သောက်စရာတွေ ဘာမှ မကျန်ခဲ့ဘူး။ အဲဒီတော့ ရွာသား တွေက အုန်းသီး၊ အုန်းဖူးတွေကိုဘဲ စားသောက်နေရတယ်။ ကြာလာတော့ ၀မ်းရောဂါ ရပြီး ခုလို ကူးစက်ပြန့်ပွားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေမှ အမည်မဖေါ်လိုသူ ဆရာဝန် တစ်ဦးကလည်း မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ် များတွင် ၀မ်းရောဂါ ဖြစ်ပွားနေမူကို အတည်ပြုပြောကြားပြီး အစားအစာ၊ သောက်သုံးရေနှင့် အမိုးအကာများ အချိန်မှီ မရပါက ၀မ်းရောဂါ ဖြစ်ပွားမူမှာ ထိန်းမနိုင်သည့် အခြေအနေကို ရောက်သွားနိုင်ကြောင်း ပြောဆိုသည်။

တချို့ဝေးလံသော ကျွန်းများတွင် ယခုအချိန်ထိ အခြေအနေ မည်သို့ ဖြစ်နေသည်ကို မသိရှိရသေးကြောင်းနှင့် မုန်တိုင်းဒဏ် ခံခဲ့ရသော ပေါက်တော၊ မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူ ကျေးလက်ဒေသများတွင် အစားအစာနှင့် သောက်သုံးရေများ အကြီးအကျယ် လိုအပ်နေကြောင်း သိရသည်။

နဖအ အာဏာပိုင်များ၏ ကန့်သတ်ပိတ်ပင်တားမြစ်မူများကြောင့် လေဘေး ဒဏ်ခံခဲ့ရသော ကျေးရွာ အများအပြားသို့ ယခုအချိန်ထိ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်နိုင်ဘဲ ကြန့်ကြာမူများ ရှိနေကြောင်း သိရသည်။

 

 

 

 

 

Most read this week