ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ရာတားခံထားရသူ ရွေးကောက်ပွဲတွင် ရှုံးဖွယ်ရှိ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ရာတားခံထားရသူ ရွေးကောက်ပွဲတွင် ရှုံးဖွယ်ရှိ

နအဖ စစ်အာဏာပိုင်များ၏ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ရာတားခံထားရသူ အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ဇံလှမှာ စစ်တွေ မဲဆန္ဒနယ်တွင် ရှုံးနိမ့်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရသည် ...

 

နအဖ စစ်အာဏာပိုင်များ၏ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ရာတားခံထားရသူ အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ဇံလှမှာ စစ်တွေ မဲဆန္ဒနယ်တွင် ရှုံးနိမ့်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ နိုင်ငံရေးသမား တစ်ဦးက “ကျွန်တော်တို့အတွင်း သတင်းအရ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဗိုလ်မှူးကြီး ကျော်ဇံလှကို နအဖ စစ်အာဏာပိုင်တွေက ရာတား ထားတယ်လို့ သိရတယ်။ သူက ကြံ့ဖွံ့ပါတီရဲ့ ရခိုင်ပြည်နယ် ခေါင်းဆောင် ဖြစ်တယ်။ ဒါပေမယ့် စစ်တွေ မဲဆန္ဒနယ်မှာ သူအနိုင်ရဖို့ သိပ်မလွယ်ဘူး။ သူတို့ လုပ်တဲ့ အစည်းအဝေးကို လူတွေ မလာတာကို ကြည့်ရင် ကြံ့ဖွံ့ပါတီ စစ်တွေမှာ ရှုံးမယ့် အနေအထားမှာ ရှိနေပါတယ်” ဟု သူက ပြောသည်။
Kyaw-Zan-Hla-from-Arakan-state
အောက်တိုဘာလ ၁၇ ရက်နေ့က တရားသီးစု ရပ်ကွက်တွင် ကြံ့ဖွံ့ပါတီမှ ပြုလုပ်သော မဲဆွယ်စည်းရုံးရေး ဟောပြောပွဲသို့ လူပေါင်း ၃၀ သာ တက်ရောက်ခဲ့သော်လည်း သူတို့နှင့် မနီးမဝေတွင် တည်ရှိသော လမ်းမတော်မြောက် ရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲကို လူပေါင်း ၄၀၀ ကျော် တက်ရောက်နားထောင်ခဲ့သည်ဟု သူက ပြောသည်။

“အခု စစ်တွေမှာ ရခိုင်တိုင်းရင်သားများ တိုးတက်ရေး ပါတီက ရှေ့က ပြေးနေတယ်။ ကြံ့ဖွံ့ပါတီက အားနဲ့ လုပ်နေတာတောင် နိုင်မယ့် အနေအထား မရှိဘူး။ ဒါကြောင့် တချို့နေရာတွေမှာ ရပ်ကွက် ရယက၊ ရွေးကောက်ပွဲကော်မရှင်တို့နဲ့ သူတို့ ပူးပေါင်းပြီး လူထုကို အားနဲ့ ခေါ်တာတောင် စစ်တွေ လူထုက မလာဘူး။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဆိုရင် လူတွေက ထောက်ခံမူ အပြည့်ရှိနေတာကို တွေ့ရပါတယ်။”

အလားတူ ရခိုင်ပြည်နယ်က မြို့နယ် အများစုတွင်လည်း ကြံ့ဖွံ့ပါတီ အခြေအနေ မကောင်းကြောင်းနှင့် တချို့ ကြံ့ဖွတ်ကိုယ်စားလှယ်လောင်းများမှာ အထူးစိတ်ဓါတ်ကျဆင်းနေကြောင်း သတင်းများ ရရှိသည်။

စစ်တွေမြို့နယ်မှ ၀င်ရောက် အရွေးခံမည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများမှာ ဦးကောင်းစံရွှီ (ပြည်သူ့လွှတ်တော်)၊ ဒေါက်တာ ချမ်းသာ ( အမျိုးသား လွှတ်တော်)၊ ဒေါက်တာ စန်းရွှေ (ပြည်နယ် လွှတ်တော်)နှင့် ဗိုလ်မှူးကြီး အငြိမ်းစား ကျော်ဇံလှ (ပြည်နယ် လွှတ်တော်) တို့ ဖြစ်သည်။

 

 

 

Most read this week