“မူဆလင်တွေ လွတ်လပ်ဖို့ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံကြ” ဟု ဆိုကာ လွတ်တော် အမတ်လောင်းများက လှည့်လည်စည်းရုံး

“မူဆလင်တွေ လွတ်လပ်ဖို့ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံကြ” ဟု ဆိုကာ လွတ်တော် အမတ်လောင်းများက လှည့်လည်စည်းရုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွတ်တော်ကိုယ်စားလှယ်လောင်းများက မူဆလင် လူထုအား “မူဆလင်တွေ လွတ်လပ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြ” ဟု ဆိုကာ လှည့်လည်စည်းရုံးနေသည်ဟု ...

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွတ်တော်ကိုယ်စားလှယ်လောင်းများက မူဆလင် လူထုအား “မူဆလင်တွေ လွတ်လပ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြ” ဟု ဆိုကာ လှည့်လည်စည်းရုံးနေသည်ဟု သတင်းရရှိသည်။

မောင်တောမြို့ခံ တစ်ဦးက “သူတို့က ကားတွေနဲ့ စီတန်းပြီး မောင်တောမြို့ပေါ်မှာ မဲဆွယ်စည်းရုံးတဲ့ နေ့က ဖြစ်ပါတယ်။ မူဆလင်တွေ လွတ်လပ်ဖို့ မူဆလင် ခေါင်းဆောင်ကို ထောက်ခံကြ၊ ကြံ့ခိုင်ရေးပါတီမှ ဇော်ကိရ် အာမတ်ကို ထောက်ခံကြ။ အဲသလို စစ်တကောင်း ဘင်္ဂလီ ဘာသာ စကားနဲ့ အော်ဟစ် လက်ခုတ်တီးပြီး လှည့်လည်မဲဆွယ်ခဲ့ကြပါတယ်” ဟု ပြောသည်။

မောင်တော မဲဆန္ဒနယ်မှ ပြည်သူ့ လွတ်တော်တွင် အရွေးခံမည့် ဦးဇော်ကိရ်အာမတ် (ခေါ်) downtown-maungdow250ဦးအောင်ဇော်ဝင်းက အမိုးဖွင့်ထားသည့် သူ့ကိုယ်ပိုင် ပါဂျာရိုကား ပေါ်တွင် ပန်းကုံးများစွပ်ကာ ရပ်လျက်လိုက်ပါလာပြီးနောက် ထိုသို့ မူဆလင် လူထုကို ဆော်အော်စည်းရုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဲဆွယ်စည်းရုံးသည့် နေ့က သူ၏ ကားနောက်မှ ဂျစ်ကား အစီး ၁၀ ကျော်နှင့် ပါတီဝင် ၄၀၀ ကျော်ခန့် စီတန်းလိုက်ပါလာပြီး မောင်တောမြို့ လမ်းမတလျောက် အင်အားပြကာ မဲဆွယ်စည်းရုံးခဲ့သည်ဟု သိရသည်။

“အဲသလို စီတန်းပြီး မြို့ကို လှည့်လည်အော်ဟစ်မဲဆွယ်နေကြတော့ လမ်းတွေ ပိတ်ဆို့မှု ဖြစ်ပြီး လမ်းသွားလမ်းလာတွေနဲ့ မြို့နေ လူထုတွေကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေပါတယ်။ ပြီးရင် ဒါဟာ ရွေးကောက်ပွဲ ဥပဒေကိုလည်း ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ပြောမယ့် ဆိုမယ့်သူ မရှိတော့ မဲဆွယ်တာကို ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေက လုပ်ချင်သလို လုပ်နေတာ ဖြစ်ပါတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

ထိုသို့ မြို့ကို လှည့်လည်မဲဆွယ်ရာတွင် ကားများတွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဖူးစည်း စာတန်းနှင့် အလံများ လွှင့်ထူပါရှိပြီး၊ ပါတီ၏ ယုံကြည်ချက်၊ ခံယူချက်များကို ရေးသားထားသည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။

မောင်တောမြို့နယ်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် သူများမှာ ဦးဇော်ကိရ်အာမက် (ခေါ်) ဦးအောင်ဇော်ဝင်း (ပြည်သူ့ လွှတ်တော်)၊ ဦးဇာယာဒ်ရော်မံ (ခေါ်) ဦးဌေးဝင်း ( အမျိုးသား လွှတ်တော်)၊ ဦး ဇာဟိန်းဝိရ် (ခေါ်) ဦးအောင်မျိုးမင်း ( ပြည်နယ် လွှတ်တော်)၊ ဦးမြအောင် ( အမျိုးသား လွှတ်တော်) နှင့် ဦးမောင်သာခင် ( ပြည်နယ်လွှတ်တော်) တို့ ဖြစ်ကြသည်။

ယခုအခါ သူတို့၏ ရုပ်ပုံများဖြင့် ရိုက်နှိပ်ထားသည့် စာရွက်စာတန်းများကို မောင်တောမြို့နယ် တစ်ခုလုံးတွင် ဖြန့်ဝေနေပြီး အဆိုပါ စာရွက်များတွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ တိုင်းပြည်တိုးတက်ရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကျဉ်းနိုင်မည့် တစ်ခုတည်းသော ပါတီဟု ရေးသားထားသည် သိရသည်။

မောင်တောမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များက နည်းမျိုးစုံဖြင့် အင်အားပြနေပြီး တခြား ပါတီများမှ ကိုယ်စားလှယ်လောင်များ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အနှောင့်အယှက် ပေးမူများ ရှိနေကြောင်း သိရသည်။

အထူးသဖြင့် မောင်တောမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် နှင်လာ ငါလား ယှဉ်ပြိုင်ရမည့် တခြား ပါတီတစ်ခု ဖြစ်သော မွတ်ဆလင် ဘာသာဝင် ဦးစီးသည့် အမျိုးသား ဖွံ့ဖြိုးရေး ဒီမိုကရက်တစ်ပါတီအပေါ် အဓိက ထားပြီး အနှောင့်အယှက် ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သို့သော်လည်း ပိုပြီး ပြဿနာ တက်မည်ကို စိုးရိမ်သဖြင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီမှ ထိုကဲ့သို့ နှောင့်ယှက်နေမူကို သတင်းမီဒီယာများသို့ တစုံတရာ ဖွင့်ဟပြောဆိုခြင်း မရှိကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် တခြားဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီမှာ တစည ပါတီ ဖြစ်ပြီး အဆိုပါ ပါတီကို အစိုးရ ၀န်ထမ်းများ၊ ဗုဒ္ဓဘာသာဝင်များနှင့် ပါတီ လူဟောင်းများက မဲပေးနိုင်ရန် အလားအလာ ရှိနေကြောင်း သိရသည်။

 

 

 

Most read this week