အလောင်းဖျောက်သည်ဟု စွပ်စွဲပြီး စစ်တွေ နာရေးကူညီမှု အသင်းကို စည်ပင်မှ ခြိမ်းခြောက်ငွေတောင်း

အလောင်းဖျောက်သည်ဟု စွပ်စွဲပြီး စစ်တွေ နာရေးကူညီမှု အသင်းကို စည်ပင်မှ ခြိမ်းခြောက်ငွေတောင်း
by -
စံလင်း

ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာရေးကူညီမှု အသင်းကို စည်ပင်သာယာရေး အဖွဲ့မှ အလောင်း ဖျောက်ဖျက်သည်ဟု စွပ်စွဲကာ ခြိမ်းခြောက်ငွေတောင်းခံ....

ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာရေးကူညီမှု အသင်းကို စည်ပင်သာယာရေး အဖွဲ့မှ အလောင်း ဖျောက်ဖျက်သည်ဟု စွပ်စွဲကာ ခြိမ်းခြောက်ငွေတောင်းခံသည်ဟု သတင်းရရှိသည်။

အသင်း တာဝန်ရှိသူ တစ်ဦးက “သူတို့က အလောင်းတစ်လောင်းကို စည်ပင်ကို အကြောင်း မကြားဘဲ မြုပ်နှံတယ်။ ဒါကြောင့် ဒဏ်ငွေ ဆောင်ရမယ်။ ဒဏ်ငွေ မဆောင်ရင် အလောင်းဖျက်မူနဲ့ တရားစွဲမယ် စသဖြင့် ခြိမ်းခြောက်တဲ့ သဘော ပါတဲ့ စာတစ်စောင်ကို ကျွန်တော်တို့ ဆီကို များမကြာမှီက စည်ပင်မှ ရေးသားပေးပို့ခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ စာကို စစ်တွေ စည်ပင်သာယာရေးမှ အမှုဆောင် အရာရှိ ဦးဝင်းနိုင်က ရေးသားပေးပို့ခဲ့သည်ဟု သူက ပြောသည်။

ယခုကဲ့သို့ ဦးဝင်းနိုင်မှ စာရေးသားပေးပို့ပြီး ဒဏ်ငွေ တောင်းခံခြင်းမှာ ဆင်းရဲချို့တဲ့သူ လူကြီး တစ်ဦး အလောင်းကို စစ်တွေ နာရေး ကူညီမူ အသင်းမှ သင်္ချီုင်းသို့ အခမဲ့ ပေးပို့ခြင်းနှင့် သက်ဆိုင်ကြောင်း သူက ယခုကဲ့သို့ ရှင်းပြသည်။

“စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက် ဓူဝံ ဆန်စက်ဝင်းအတွင်းမှာ နေထိုင်တဲ့ ဦးကြာစိန်အောင် အသက် ၇၂ နှစ်ဟာ ဒီလ ၃ ရက်နေ့မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဆင်းရဲ ချို့တဲ့သူ ဖြစ်တဲ့အပြင် ဆွေမျိုးတွေလည်း မရှိတဲ့အတွက် ရပ်ကွက်သူ ရပ်ကွက်သားတွေက ရ.ယ.က ဥက္ကဌရဲ့ ထောက်ခံစာနဲ့ နာရေးကူညီမှု အသင်းကို အကူအညီ တောင်းတယ်။ ဒါကြောင့် နာရေး အသင်းက သူ့အလောင်းကို မန်ဇီ သချိင်္ုင်းကို ကားနဲ့ ပေးပို့ခဲ့တယ်။ သချိင်္ုင်းကို ရောက်တဲ့အခါ လူငယ်တွေက စည်ပင်ကို အကြောင်းကြားရင် ပိုက်ဆံ ပေးရမှာကို စိုးရိမ်ပြီး စည်ပင်ကို အကြောင်း မကြားဘဲ သူတို့ဖါသာ သူတို့ တွင်းတူးပြီး သဂြိင်္ုလ်လိုက်တယ်။ ခုလို သဂြိုင်္လ်ပြီးတဲ့ နောက်ပိုင်းမှာ စည်ပင်က ကျွန်တော်တို့ကို ဒဏ်ငွေ ဆောင်ရမယ်။ ဒဏ်ငွေ မဆောင်ရင် အလောင်း ဖျောက်မူနဲ့ တရားစွဲမယ် ဆိုပြီး ဖြစ်လာတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

စစ်တွေတွင် အသုဘ ချတိုင်း စည်ပင်အဖွဲ့သို့ သဂြိင်္ုလ်ခ ငွေ ၁၀၀၀ နှင့် တွင်းတူးခ ကျပ်ငွေ ၆၀၀၀ ပေးသွင်းရသည်။

“ဒီလို ငွေတွေ သွင်းရတဲ့အပြင် စည်ပင်က အသုဘ ချတဲ့ ကားကို ဌားရင် ကျပ် ၃၀၀၀၀ ပေးရတယ်။ အဲဒီ အဖိုးကြီးက ဆွေမျိုးလည်း မရှိဆိုတော့ စည်ပင်ကားကို မဌားနိုင်ဘူး။ ကျွန်တော် နာရေးအသင်းကို အကူအညီ တောင်းတယ်။ ကျွန်တော်တို့က နာရေးအသင်းပိုင် ကားနဲ့ အသဘုကို လိုက်ပို့တယ်။ ဒါကို ဒဏ်ငွေ ဆောင်ရမယ် ဆိုပြီး လုပ်လာတယ်။ နာရေးအသင်းက ကားနဲ့ လိုက်ပို့တာသာ ဖြစ်ပြီး သဂြိင်္ုလ်တာ မဟုတ်တဲ့အတွက် ဒဏ်ငွေကို မပေးနိုင်ဘူးလို့ အကြောင်း ပြန်ကြားထားပါတယ်” ဟု သူက ဆက်ပြောသည်။

ယခင်က စစ်တွေတွင် စည်ပင်မှ အသုဘ ကားခမှာ ကျပ်တစ်သောင်း ပတ်ဝန်းကျင်တွင်သာ ရှိသော်လည်း စစ်တွေ သချိင်္ုင်းကို ဆယ်မိုင်ခန့် ဝေးသည့် မန်ဇီ နေရာသို့ ယခုနှစ် ဇန္န၀ါရီလက ပြောင်းရွှေ့ပစ်သဖြင့် စည်ပင်မှ အသုဘကားခမှာ ကျပ် ၃၀၀၀၀ ထိ ဈေးမြင့်တက်သွားခဲ့သည်။

သို့အတွက် ဆင်းရဲသော မိသားစုများ အနေဖြင့် အသုဘ ချရာတွင် ငွေကြေး မတတ်နိုင်သဖြင့် စစ်တွေ နာရေးအသင်းမှ အသုဘ ကားကိုသာ အသုံးပြုနေကြသည်ဟု သိရသည်။

ငွေကြေး မတတ်နိုင်သူများ အနေဖြင့် စစ်တွေ နာရေးအသင်း အသုဘ ကားကိုသာ အသုံးပြုသူများ နေပြီး စည်ပင်ကားကို အသုံးပြုသူ နည်းလာသဖြင့် ၀င်ငွေ မရသော စည်ပင် အဖွဲ့က စစ်တွေ နာရေးအသင်းအပေါ် မကျေနပ်မူများ ရှိနေကြောင်း သိရသည်။

သို့အတွက် ယခုကဲ့သို့ အချက်ရသည်နှင့် အပြစ်ရှာ စွပ်စွဲကာ ဒဏ်ငွေဆောင်ရန် အကြောင်းကြား စာရေးသား ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း နာရေးအသင်းမှ တခြား တာဝန်ရှိသူ တစ်ဦးကလည်း ထောက်ပြပြောဆိုသည်။

ရွာကြီးမြောက်ရပ်ကွက်မှ လူကြီးတဦးကလည်း “စစ်တွေ စည်ပင်က သဂြိင်္ုလ်ခ ငွေ ၁၀၀၀ နဲ့ တွင်းတူးခ ငွေ ၆၀၀၀ မသွင်းတဲ့အတွက် စစ်တွေ နာရေး အသင်းကိုသာမက ရပ်ကွက်က ဦးဆောင်ပြီး သဂြိုင်္လ်ခဲ့တဲ့ သူတွေကိုလည်း အရေးယူမယ် ဆိုပြီး ရယက ဥက္ကဌကို အကြောင်းကြားထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

 

 

 

 

Most read this week