မုန်တိုင်းမိ၍ ကျောက်ဖြူတွင် လှေနစ် လူသေဆုံး

မုန်တိုင်းမိ၍ ကျောက်ဖြူတွင် လှေနစ် လူသေဆုံး
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် မုန်တိုင်း မိ၍ ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရေးတွင် အသုံးပြုနေသော စက်လှေတစီး နစ်မြုပ်ကာ လူတစ်ဦး သေဆုံးသွား....

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် မုန်တိုင်း မိ၍ ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရေးတွင် အသုံးပြုနေသော စက်လှေတစီး နစ်မြုပ်ကာ လူတစ်ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

kyauk-pru-Seaသေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တည်ရှိသည့် ပြိန် ကျေးရွာမှ စက်လှေပိုင်ရှင် ဦးဂါချီ (၃၈) နှစ် ဖြစ်သည်။

ဦးဂါချီမှာ တရုတ် အင်ဂျင်နီယာများ တည်ဆောက်နေသော ဂတ်စ်ပိုက်လိုင်း အတွက် သူပိုင် စက်လှေဖြင့် ကျောက်တင်သွင်းနေသူ ဖြစ်သည်ဟု သိရသည်။

သူ၏ ဆွေမျိုး တော်သူလူငယ် တစ်ဦးက “စက်လှေက တနင်္ဂနွေနေ့ လင်းအား ကြီးတဲ့ အချိန်မှာ မဒေးကျွန်းကနေ ကျောက်ဖြူကို အလာမှာ မုန်တိုင်း မိပြီး ကျောက်ဖြူ အနားမှာ နစ်သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

စက်လှေပေါ်တွင် ဦးဂါချီနှင့် တခြား အလုပ်သမား ၃ ဦး ပါရှိပြီး ကျန်လူများမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သူက ပြောသည်။

“အခု သူတို့ ကျောက်တင်သွင်းနေတာက အလုပ်သမားတွေနဲ့ အရာရှိတွေ နေထိုင်မယ့် အဆောက်အဦးတွေအတွက် ကျောက်တွေ တင်ပို့တာ ဖြစ်ပါတယ်။ ကျောက်ဖြူကို အသွားမှာ ခုလို ကံမ္မာဆိုးနဲ့ ကြုံရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင် အနီးတ၀ိုက်တွက် ယနေ့ ရာသီဥတု အခြေအနေမှာ မိုးမရွာသော်လည်း လေပြင်းများ တိုက်ခတ်နေပြီ မုန်တိုင်း တိုက်ခတ်ရန် အခြေအနေ ဖြစ်ပေါ်နေကြောင်း ကျောက်ဖြူ မြို့သူ တစ်ဦးက ပြောသည်။

 

 

 

 

 

 

Most read this week