ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ လူထုထောက်ခံမူများ ရရှိနေ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ လူထုထောက်ခံမူများ ရရှိနေ
by -
သင်းသဇင်ခိုင်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းမှာ ရခိုင်လူထု ထောက်ခံမူကို ရရှိနေသဖြင့် အောင်မြင်မူ ရရှိနေ....

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းမှာ ရခိုင်လူထု ထောက်ခံမူကို ရရှိနေသဖြင့် အောင်မြင်မူ ရရှိနေကြောင်း သတင်း ရရှိသည်။

Rakhine-Nationalities-Development-Party-RNDPပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက “ကျွန်တော် ၃ ရက်နေ့က တရားသီးစု ဓမ္မာရုံမှာ လူထုစည်းဝေးကို ညနေ ၇ နာရီကနေပြီး ၉ နာရီခွဲထိ ပြုလုပ်ခဲ့ပါတယ်။ ရပ်ကွက်နေလူထု ၅၀၀ ကျောက် တက်ရောက်ခဲ့ပါတယ်။ ဓမ္မာရုံနဲ့ မဆန့်အောင် လာရောက်အားပေးကြပါတယ်” ဟု ပြောသည်။

စစ်တွေလူထုမှာ ဖိတ်ကြားစရာ မလိုဘဲ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ စည်းရုံးရေး လုပ်သည့်အခါတိုင်း တက်ရောက် အားပေး နေကြသဖြင့် ပါတီ အလား အလာမှာ ကောင်းမွန်နေသည်ဟု သူက ပြောသည်။

“ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်တယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ ပါတီ အောင်ပွဲ ရနိုင်ပါတယ်။ အဲသလို မဟုတ် ရင်တော့ မပြောတတ်ဘူး။ စစ်တွေမှာရော နယ်တွေမှာပါ ရခိုင်လူထု အားပေးထောက်ခံမူက အားရစရာ ကောင်းပါတယ်။ ရခိုင်လူထုက နိုင်ငံရေး နိုးကြားတက်ကြွမူ ရှိပါတယ်” ဟု သူက ပြောသည်။

စက်တင်္ဘာ ၃၀ ရက်နေ့က စစ်တွေမြို့ လမ်းမတော်တောင် ရပ်ကွက် သမ္မာသင်္ကပ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သော မဲဆွယ်စည်းပွဲတွင် ရပ်ကွက်နေလူထု အများအပြား တက်ရောက်ခဲ့ပြီး ဓမ္မာရုံတွင် မဆန့်သဖြင့် အပြင်ပနေပြီး ကုလားထိုင်များ ချကာ ပြည်သူများ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

ရတပ ပါတီ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းမှာ အောင်မြင်မူ ရနေသလောက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ လူထုစည်းဝေးပွဲကို ရပ်ကွက် ရယကများ အကူအညီကို ယူပြီး လူထု အတင်းတိုက်တွန်းလုပ်ဆောင်နေရကြောင်းနှင့် တက်ရောက်သူမှာ မရှိသလောက်ပင် ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ယောက်က ပြောသည်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရခိုင်မှာ အားနဲ့ လုပ်မှ နိုင်ပါလိမ့်မယ်။ မတရားသဖြင့် လုပ်နေတာတွေကို လူတွေက မြင်နေကြတော့ ကြံ့ဖွံ့ကို ထောက်ခံမယ့်တူတူ တစညကို ထောက်ခံမယ် ဆိုပြီး ပြောနေကြသံတွေလည်း ကြားနေရပါတယ်။ ဒီလောက်အားနဲ့ ဖိအားပေး လုပ်နေတာတောင်မှ လူတွေက ထောက်ခံမူ မရှိ ဖြစ်နေတော့ ရွေးကောက်ပွဲ တရားသဖြင့် ဖြစ်ရင် ကြံ့ဖွံ့ပါတီ သောက်သောက်လဲ ရှုံးပါလိမ့်မယ်။”

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို အာဏာပိုင်များ တားမြစ်ခဲ့သည့်ကြားထဲက စစ်တွေတွင် ကျင်းပခဲ့မူ အပါအ၀င် ဆရာတော် ပညာစာရ ဖမ်းဆီးခံရမူအတွက် မကြောက်မ၀ံ့ ကျေညာချက် ထုတ်ပြန်ကန့်ကွက်ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှာ လူထုယုံကြည်မူကို တခဲနက် ရရှိနေကြောင်း သိရသည်။

 

 

 

 

 

Most read this week