နစက တပ်သား တစ်ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး

နစက တပ်သား တစ်ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး
by -
မောင်အေး

နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာ နစက တပ်ဖွဲ့ဝင် တစ်ဦးသည် ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ စက်တင်္ဘာလ ၂၇ ရက်နေ့က ထွက်ပြေးသွား.....

နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာ နစက တပ်ဖွဲ့ဝင် တစ်ဦးသည် ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ စက်တင်္ဘာလ ၂၇ ရက်နေ့က ထွက်ပြေးသွားကြောင်း နယ်စပ်မှ ပေးပို့သည့် သတင်းအရ သိရသည်။

ထွက်ပြေးသွားသည့် နစကတပ်သားမှာ မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၂) နယ်မြေ မီးတိုက် စခန်းတွင် တာဝန်ကျနေသည့် တပ်သား မောင်မြသောင်း ဖြစ်သည်။

“တနင်္လာနေ့ နေ့လည်ပိုင်းကတည်းက ဘင်္ဂလာဘက်မှာ ရှိတဲ့ ရဲစု ရခိုင်ရွာဘက်ကို ထွက်ပြးသွားပါတယ်။ လက်နက်တော့ ပါမသွားဘူး။ အခုသူ ဘယ်မှာ ရောက်နေတယ် ဆိုတာလည်း အတိအကျ မသိရသေးဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထွက်ပြေးသွားသည့် နစက တပ်သားကို ဖမ်းဆီးနိုင်ရန်အတွက် မြန်မာနစက တပ်ဖွဲ့နှင့် ဘင်္ဂလား ရိုင်ဖယ် တပ်ဖွဲ့ဝင်များ နှစ်ဘက် နယ်စပ်တွင် တည်ရှိသော ရခိုင်ကျေးရွာများကို ရှာဖွေရေး ပြုလုပ်နေကြောင်း သူက ပြောသည်။

မောင်မြသောင်းမှာ အသက် ၂၄ နှစ် ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် တောင်ရင့်ကြီးကျေးရွာ ဇာတိ ဖြစ်ကြောင်း ဒေသခံ နစက တပ်ဖွဲ့မှ အထက်သို့ တင်ပြသော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ယခု ဘင်္ဂလာဒေခ်ျ့သို့ နစက တပ်သားတစ်ဦး ထွက်ပြေးမူမှာ ၈ ဦးမြောက် ဖြစ်ပြီး ယခင်လအတွင်းကလည်း နစက တပ်သား နှစ်ဦး ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

နစက တပ်ဖွဲ့မှာ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အခြေစိုက်သော တစ်ခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပြီး ယခုအခါ အထက်အောက် အဆင့်အတန်း ကွာခြားမူ၊ လစာ မလုံလောက်မူ၊ အလုပ်ကြမ်း စေခိုင်းမူများကြောင်း အောက်ခြေ တပ်သားများ အဆင့်တွင် အထူးမကျေနပ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။

 

 

 

 

Most read this week