မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ မြေဌားရမ်းမည့် ကိစ္စကို ရပ်ဆိုင်း

မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ မြေဌားရမ်းမည့် ကိစ္စကို ရပ်ဆိုင်း

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ဌာရမ်းရန် စီစဉ်ထားသည့် လယ်မြေများကို ဌားရမ်းတော့မည် မဟုတ်ကြောင်း မြန်မာဘက်က ယမန်နေ့က ပြုလုပ်သော ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး (JTC) တွင် ဘင်္ဂလာဒေခ်ျ့ အရာရှိများကို ထုတ်ဖေါ်ပြောကြား....

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ဌာရမ်းရန် စီစဉ်ထားသည့် လယ်မြေများကို ဌားရမ်းတော့မည် မဟုတ်ကြောင်း မြန်မာဘက်က ယမန်နေ့က ပြုလုပ်သော ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး (JTC) တွင် ဘင်္ဂလာဒေခ်ျ့ အရာရှိများကို ထုတ်ဖေါ်ပြောကြားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများကို ယမန်နေ့က ပြုလုပ်သော ပထမနေ့ JTC အစည်းအဝေးတွင် မြန်မာဘက်က လယ်မြေ ဌားရမ်းမည့် ကိစ္စကို ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း အကြောင်းကြားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက သတင်းထောက်များသို့ ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် လေးကြိမ်မြောက် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ JTC အစည်းအဝေးကို ယမန်နေ့က စတင်ပြုလုပ် နေပြီး ယနေ့တွင် အစည်းအဝေး ပြီးဆုံးမည်ဟု သိရသည်။
bangladesh-Mayanmer-meeting-22-9-2010
၎င်းပြင် မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့တို့အကြား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမူများမှာလည်း ဆက်လက်အကောင်အထည်ဖေါ်ရန် ဖြစ်နိုင်မည် မဟုတ်ကြောင်း မြန်မာဘက်က အကြောင်းကြားခဲ့သည်ဟု သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံတို့အကြား ယမန်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် JTC သုံးကြိမ်မြှောက် ညီလာခံအတွင်း သဘောတူညီ မူများကို ပြန်လည် ဆန်းစစ် သုံးသပ်ခဲ့ကြပြီး ယခင် သဘောတူညီမူ ရရှိထားသော အချက်အလက် တချို့ကို မြန်မာဘက်က ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ထိုအထဲတွင် ရခိုင်ပြည်နယ်မှ မြေဧက ၅၀၀၀၀ ဌားရမ်းရေးနှင့် ရေအားလျှပ်စစ်ဓါတ်အား ကဏ္ဍတွင် ပူးပေါင်းရင်းနှီးမြုပ်နှံရေး ကိစ္စများကို မြန်မာဘက်က ပယ်ဖျက်ပစ်ခဲ့သည်။

ယနေ့ ဆက်လက် ပြုလုပ်မည့် အစည်းအဝေးတွင် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးကြမည် ဖြစ်ပြီး ထိုအထဲတွင် မြန်မာနိုင်ငံမှ ဆန်တင်သွင်းရေး ကိစ္စ၊ မြန်မာကို ဖြတ်ပြီး ကားလမ်း ဖေါက်လုပ်မည့် ကိစ္စနှင့် ဘင်္ဂလာဒေခ်ျ့ စီးပွားရေး သမားများကို မောင်တောနယ်စပ်မှတဆင့် နေပြည်တော်ထိ သွားလာခွင့် ရရှိရေး ကိစ္စများ အပါအ၀င် နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်က ကုန်သွယ်ရေး ဒုဝန်ကြီး ဦးအောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ် ၂၂ ဦးပါ အဖွဲ့ တက်ရောက်ပြီး ဘင်္ဂလာဒေခ်ျ့မှလည်း ကိုယ်စားလှယ် ၂၃ ဦးပါ အဖွဲ့ တက်ရောက် ဆွေးနွေးနေကြောင်း သိရသည်။

Most read this week