အရှင်ပညာစာရ အမှုကို ယခု အပတ်အတွင်း အပြီးသတ် ဆုံးဖြတ်ရန် အခြေအနေရှိ

အရှင်ပညာစာရ အမှုကို ယခု အပတ်အတွင်း အပြီးသတ် ဆုံးဖြတ်ရန် အခြေအနေရှိ
by -
မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတရား ဖမ်းဆီးလူဝတ်လဲခံရပြီး အမှုရင်ဆိုင်နေရသည့် ဆရာတော် ပညာစာရ၏ အမှုကို ယခု အပတ်အတွင်း အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ကြောင်း စစ်တွေမြို့မှ တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြော....

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတရား ဖမ်းဆီးလူဝတ်လဲခံရပြီး အမှုရင်ဆိုင်နေရသည့် ဆရာတော် ပညာစာရ၏ အမှုကို ယခု အပတ်အတွင်း အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ကြောင်း စစ်တွေမြို့မှ တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဆရာတော်၏ အမှုကို အမြန်ဆုံး တရားဆုံးဖြတ်နိုင်ရန်အတွက် ဆရာတော်ကို နေ့စဉ် ရက်ဆက် ရုံးထုတ်စစ်ဆေးနေကြောင်း အဆိုပါ မြို့ခံမှ ပြောသည်။

“ဒီအပတ်ထဲမှာ အပြီးစစ်မယ်လို့ သိရတယ်။ တနင်္လာနေ့က ရုံးထုတ်တဲ့ အခါမှာလည်း ဆရာတော်နဲ့ စွပ်စွဲထားတဲ့ အမျိုးသမီး နှစ်ယောက်က ဆရာတော်နဲ့ ပြစ်မှားတာ မရှိလို့ ထွက်ဆိုသွားတယ်။ မနေ့ကလည်း စစ်တွေက အမျိုးသမီးတွေ တချို့ ဆရာတော် ဘက်က သက်သေထွက်ဆိုကြတယ်။ ဒီနေ့လည်း ရုံးထုတ်လို့ မြို့ကလူကြီး တချို့ ဆရာတော်ဘက်က သက်သေထွက်ဖို့ တရားရုံးကို လိုက်သွားကြတယ်။”
Panyarsara-temple-pic2
ဒေါ်မာလာနှင့် မသန်းမေတို့မှ မိမိတို့မှာ ဆရာတော်နှင့် တစုံတရာ ပြစ်မှားမိခြင်း မရှိကြောင်း ရုံးတော်တွင် တိုက်ရိုက်လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ဆရာတော် အမူတွင် အစိုးရဘက်က အနိုင်ရရေးအတွက် ရှေ့နေ သုံးဦး လိုက်ပါဆောင်ရွက်နေကြောင်း၊ ဆရာတော်ဘက်မှ ရှေ့နေမ ဒေါ်အေးနုစိန်က တဦးတည်းသာ လိုက်ပါဆောင်ရွက်နေကြောင်း၊ မြို့ခံ အများအပြားကလည်း ဆရာတော်ဘက်မှ ရပ်တည်ပြီး သက်သေထွက်ဆိုနေကြကြောင်း သူက ပြောသည်။

ယခုအခါ ဆရာတော်အား မဟုတ် မတရား စွပ်စွဲထားသည့် အမှု ၇ မှု အထဲမှ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်မှုနှင့် တခြားစွဲချက်တခုကို တရားရုံးမှ လုံးဝ ပလပ်လိုက်ပြီး ကျန် ၅ မှုကိုသာ စစ်ဆေးနေကြောင်း သူက ပြောသည်။

စစ်တွေမြို့ခံ အများအပြားမှာ ဆရာတော်အား ဖမ်းဆီးစဉ်က ဆရာတော်နှင့် ပတ်သက်ပြီး ယောင်လည်လည် ဖြစ်နေခဲ့သော်လည်း ယခုအခါ ဆရာတော်ဘက်မှာ သိသိသာသာ ရပ်တည်လာကြပြီး အဖြစ်မှန်ကို နားလည်သဘောပေါက်လာကြောင်း သူက ပြောသည်။

“ပထမကတော့ မြို့လူထု အများစုက ဆရာတော်နဲ့ ပတ်သတ်လို့ ယောင်ဝါးဝါး ဖြစ်နေကြတယ်။ အခုတော့ မာတေဇာက လူတွေ မမှန်မကန် လုပ်တယ်ဆိုတာ သိလာကြတဲ့အတွက် အများကတော့ ဆရာတော်ဘက်က ရပ်တည်လာကြပါတယ်” ဟု ပြောသည်။

သို့သော်လည်း ဆရာတော်မှာ ရခိုင်အမျိုးသားရေးကို ဆောင်ရွက်သော ပုဂ္ဂိုလ်တပါး ဖြစ်သဖြင့် ဗြိတိသျှ နယ်ချဲ့အင်္ဂလိပ်တို့ ဆရာတော် ဦးတ္တမအား ထောင်ချသကဲ့သို့ နအဖ စစ်အစိုးရမှ ဆရာတော် ပညာစာရကိုလည်း အမူတခုခုဖြင့် အကွက်ဆင် အပြစ်ရှာပြီး ထောင်ချ နိုင်ကြောင်း တတ်သိနားလည်သူများက ပြောဆိုနေကြသည်ဟု သူက ပြောသည်။

ဆရာတော်ကို တနည်းနည်းဖြင့် ထောင်ကျအောင် ချမည် ဖြစ်ပြီး စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွေ့မည် ဆိုသော သတင်းလည်း စစ်တွေမြို့တွင် ထွက်ပေါ်နေကြောင်း သိရသည်။

Most read this week