34 Burmese Freedom fighter ဘော်လုံးအသင်း ဆီးမီးဖိုင်နယ် တက်ပြီ

34 Burmese Freedom fighter ဘော်လုံးအသင်း ဆီးမီးဖိုင်နယ် တက်ပြီ

ကာလက္တား Presidency Correctional Home အကျဉ်းထောင်ထဲတွင် ပြုလုပ်နေသော ထောင်တွင်း ချစ်ကြည်ရေး ဘော်လုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အကျဉ်းသားများဖြင့် ဖွဲ့စည်းထားသော 34 Burmese freedom fighters ဘော်လုံးအသင်းက ယခုအခါ ဆီးမီးဖိုင်နယ် ပွဲစဉ်သို့ တက်ရောက်....

ကာလက္တား Presidency Correctional Home အကျဉ်းထောင်ထဲတွင် ပြုလုပ်နေသော ထောင်တွင်း ချစ်ကြည်ရေး ဘော်လုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အကျဉ်းသားများဖြင့် ဖွဲ့စည်းထားသော 34 Burmese freedom fighters ဘော်လုံးအသင်းက ယခုအခါ ဆီးမီးဖိုင်နယ် ပွဲစဉ်သို့ တက်ရောက်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဘော်လုံးပွဲကို လွန်ခဲ့သောလမှ စတင်ပြီး အနောက်ဘင်္ဂလာပြည်နယ် ထောင်ဒါရိုက်တာ၏ အစီအစဉ်ဖြင့် ကျင်းပပြုပေးနေခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်သော အသင်းမှာ ၆ သင်း ဖြစ်ပြီး ထိုအသင်းများမှာ Presidency Supremo အသင်း၊ ထောင် Warders အသင်း၊ Twister-B ဘော်လုံးအသင်း၊ Venga Boys ဘော်လုံးအသင်း၊ New Supporting အသင်းနှင့် မြန်မာနိုင်ငံမှ 34 Burmese freedom fighters အသင်းတို့ ဖြစ်ကြသည်။

ဘင်္ဂလာဒေခ်ျ့ အသင်းမှာ ခြေစစ်ပွဲ မအောင်သဖြင့် ပြိုင်ပွဲ မ၀င်ရဟု သိရသည်။

ဘော်လုံး တစ်သင်းတွင် ဂိုးသမား တစ်ဦး အပါအ၀င် ၇ ဦးစီ ပါဝင်ရပြီး ပတ်လည် ပွဲစဉ်များကို ကစားရပြီး ယခုအခါ 34 Burmese Freedom fighters အသင်းက တခြားအသင်း သုံးသင်းနှင့်အတူ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

လာမည့် စက်တင်္ဘာလ ၇ ရက်နေ့တွင် ဆီးမီးဖိုင်ပွဲကို စတင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

34 freedom fighter ဘော်လုံးအသင်းတွင် ၁၉၉၈ ခုနှစ်ကတည်းက အိန္ဒိယ အစိုးရ၏ ဖမ်းဆီးထိန်းသိမ်း ထားခြင်းကို ခံထားရသော ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၄ ဦးထဲမှ အားကစားသမားများဖြင့် ဖွဲ့စည်းထားသော အသင်း ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ပြီး ဒိုင်းဆုရရန်အထိ မျှော်လင့်ထားသည်ဟု သိရသည်။

ဘော်လုံးပွဲကို ထောင်တွင်းရှိ ဘော်လုံးကွင်းတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ထောင်သားများ စိတ်လက်ပျော်ရွှင် စေရန်နှင့် ကျန်းမာရေး ကောင်းမွန်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

 

Most read this week