တပ်မကားလမ်း ကျောက်ခင်းရာတွင် အရပ်သားကားများ ချောဆွဲခံနေရ

တပ်မကားလမ်း ကျောက်ခင်းရာတွင် အရပ်သားကားများ ချောဆွဲခံနေရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စကခ တပ်မအတွင်း လမ်းများကို ကျောက်ခင်းနေရာ အဆိုပါ ကျောက်များအတွက် ကုန်တင်ကားများနှင့် လူတင် ဟိုင်းလပ်ကားများကို စစ်တပ်မှ ချောဆွဲနေ....

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စကခ တပ်မအတွင်း လမ်းများကို ကျောက်ခင်းနေရာ အဆိုပါ ကျောက်များအတွက် ကုန်တင်ကားများနှင့် လူတင် ဟိုင်းလပ်ကားများကို စစ်တပ်မှ ချောဆွဲနေကြောင်း သတင်း ရရှိသည်။

ကားသမား တဦးက “ ကျွန်တော်တို့ ကားတွေက ဘူးသီးတောင်ကနေ မောင်တောကို ကုန်ပို့ပြီး အပြနှ်မှာ လမ်းတ၀က် အရောက်မှာ ချောဆွဲခံရပြီး ကျောက်တွေကို တပ်မ လမ်းဖေါက်လုပ်တဲ့ နေရာ ဘူးသီးတောင်မြို့ အနီးမှာ ရှိတဲ့ ချောင်း ဒီဖက်ကမ်းထိ ပို့ပေးနေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
sign-boar-stone
ယခုကဲ့သို့ ကားများ ချောဆွဲခြင်းကို ယခုလ ၂၃ ရက်နေ့က စတင်ပြီး လမ်းတွင် ကျောက်သယ်ယူပို့ဆောင်ပေး နေသော စစ်တပ် တပ်ရင်းများက ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုသို့ ချောဆွဲခံနေရသဖြင့် မောင်တောမှ ဘူးသီးတောင်သို့ ကားဖြင့် လိုက်ပါလာသူ ခရီးသည်များ အနေဖြင့် ကားပေါ်မှ ဆင်းပြီး ကျောက်တင်အပြီး ကားပြန်အလာထိ စောင့်နေကြရကြောင်း သိရသည်။

“စစ်တပ်ကတော့ ချောဆွဲခံရတဲ့ ကားတွေကို ဆီသုံးပုလင်း ပေးပါတယ်။ ဒါပေမယ့် ကားနဲ့ လိုက်ပါလာတဲ့ ခရီးသည် တွေက ကားပြန်လာတဲ့အထိ ကျောက်ထုတ်တဲ့ စခန်းမှာ ၃ နာရီနီးပါး စောင့်နေရတဲ့အတွက် ခရီးကြန့်ကြားသလို စိတ်အနှောင့်အယှက်လည်း ဖြစ်ကြရပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ကျောက်များကို ဘူးသီးတောင်မြို့မှ ၆ မိုင် ၇ မိုင်အကွာ ဘူးသီးတောင်-မောင်တော ကားလမ်းဘေးတွင် ကျောက်တောင်များကို ဖြိုချထုတ်လုပ်နေသော ကျောက်ထုတ် စခန်းများမှ ပို့ဆောင်နေကြရခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့ခံများ၏ အပြောအရ ကားများကိုသာ ချောဆွဲနေသည်သာမက ချောင်းကို ဖြတ်ပြီး ကျောက်များကို တင်ပို့ရန်အတွက် ဒေသအတွင်းက လှေသဗ္ဗာန်များလည်း ချောဆွဲခံနေရသည်ဟု သိရသည်။

ယခုနှစ် ဇွန်လ ဒုတိယ အပတ်အတွင်းက ဘူးသီးတောင်တွင် အကြီးအကျယ် ရေနစ်မြုပ်ခဲ့သဖြင့် စကခ ၁၅ အပါအ၀င် စစ်တပ် တပ်ရင်းများအကြား ဆက်သွယ်ထားသော လမ်းအများအပြား ပျက်စီးသွားသည်။

အဆိုပါ ပျက်စီးသွားသော လမ်းများကို ပြန်လည်တည်ဆောက်နေရာတွင် ကျောက်ခင်းရန်အတွက် ကားများကို ကျောက်တင်ရန် ချောဆွဲနေခြင်း ဖြစ်သည်။

 

 

 

 

 

Most read this week