တပ်ရင်း (၂၉၉)နှင့် မွန်ရာမည အဖွဲ့တို့ တိုက်ပွဲဖြစ်

တပ်ရင်း (၂၉၉)နှင့် မွန်ရာမည အဖွဲ့တို့ တိုက်ပွဲဖြစ်
by -
မိအိန်ပိုင်

မိအိန်ပိုင် (၂၄-သြဂုတ်)။   ။မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ (၉) မိုင်ရွာတွင် (၂၁-၈-၁၀)၊ စနေနေ့ည (၉) နာရီခွဲခန့်၌ ကင်းပုန်းဝပ်နေသော (၂၉၉) တပ်ရင်းနှင့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားသည့် မွန်ရာမည တပ်မတော် တို့ ထိပ်တိုက် တွေ့ဆုံပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွား....

မိအိန်ပိုင် (၂၄-သြဂုတ်)။   ။မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ (၉) မိုင်ရွာတွင် (၂၁-၈-၁၀)၊ စနေနေ့ည (၉) နာရီခွဲခန့်၌ ကင်းပုန်းဝပ်နေသော (၂၉၉) တပ်ရင်းနှင့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားသည့် မွန်ရာမည တပ်မတော် တို့ ထိပ်တိုက် တွေ့ဆုံပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲတွင် တပ်ရင်း (၂၉၉) ဘက်က ထိခိုက်မှု မရှိသော်လည်း မွန်ရာမညတပ်ဖွဲ့ဖက်မှ (၃) ဦး သေဆုံးပြီး (၂) ဦး ထွက်ပြေးသွားကြောင်း တိုက်ပွဲ ဖြစ်ခဲ့သည့် နေရာမှ ခြံရှင်များက ပြောပါသည်။

“မွန်ရာမညအဖွဲ့ကတော့ သူတို့ ပိုက်ဆံကောက်ဖို့ လာတာ။ အခုလို တိုက်ပွဲ ဖြစ်သွားတော့ သူတို့ ငွေမကောက် ဖြစ်ဘူးဗျ၊ ဒါပေမဲ့ ဒီလိုတိုက်ပွဲဖြစ်လိုက်တော့ အခု ခြံသွားတဲ့ အခါပေါ့လေ သတိနဲ့  သွားလာနေရတယ်” ဟု (၉) မိုင်ရွာသားတစ်ဦးက ပြောပြသွားပါသည်။

T (၉) မိုင်ရွာနှင့် အနီးပတ်ဝန်းကျင်မှ ရွာများတွင်မူ တိုက်ပွဲ မဖြစ်ခဲ့သည်မှာ နှစ်နှင့်ချီ ကြာခဲ့ပြီး ဖြစ်ပါသည်။ T နေရာ T ဒေသသည် နှစ်စဉ်နှစ်တိုင်း ဆပ်ကြေး အကောက်ခံနေကြနေရာ ဖြစ်ပြီး T အချိန်သည် ဆပ်ကြေး ကောက်ချိန် ဖြစ်ပါသည်။

မွန်ရာမညတပ်ဖွဲ့သည်လည်း မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်းမှ ပေါ်ပေါက် လာသည့် အဖွဲ့ ဖြစ်ပါသည်။