ကိုယ်စားလှယ်လောင်း စာရင်း မွန်ပါတီ ကြိုတင်မပေးရဲ

ကိုယ်စားလှယ်လောင်း စာရင်း မွန်ပါတီ ကြိုတင်မပေးရဲ
by -
နိုင်စန်၊ ဟောင်ဒိန်း

လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းကို  ကြိုတင်မပေးသေးဘဲ နီးကပ်မှသာ စာရင်းတင်သွင်း....

လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းကို  ကြိုတင်မပေးသေးဘဲ နီးကပ်မှသာ စာရင်းတင်သွင်းမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒုစည်းရုံးရေးမှူး၏ ပြောပြချက်အရ ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်း စာရင်းကို မတင်ပြရဲသေးသည့် အကြောင်းမှာ ကြံ့ဖွံ့ပါတီသည် တခြားပါတီတို့၏  လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး မိမိတို့ ပါတီ၏ စာရင်းကို အရင်ကြေညာပါက  မိမိတို့ ပါတီကိုယ်စားလှယ်တို့ထက် အစစ အရာရာ တော်သည့် ကိုယ်စားလှယ်ကို ၎င်းတို့က ထပ်မံရွေးချယ်တင်ပြမည်။
org-300x168“လွန်ခဲ့တဲ့ လတုန်းက လမိုင်းဘက်မှာ သူတို့ ပါတီက ကိုယ်စားလှယ်လောင်းက မွန်ပါတီထက် စည်းရုံးရေး မကောင်းဘူးဆိုတော့ မွန်ကိုယ်စားလှယ်လောင်းထက် သာတဲ့ ပါတီကိုယ်စားလှယ်လောင်းကို သူတို့ ပြန်တင်တယ်” ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ပြောသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်း နိုင်သည့် နေ့ရက်မှာ  သြဂုတ်လ ၁၆ ရက်နေ့ ဖြစ်ပြီး နောက်ဆုံး နေ့ရက်မှာ  သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်သည်။ အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံး နေ့ရက်မှာ စက်တင်ဘာလ ၃ ရက် ဖြစ်ပြီး ၎င်းအမည်စာရင်း တင်သွင်လွှာ စိစစ်မည့် နေ့ရက်မှာ စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည်။

ကြံ့ဖွံပါဝင်များသည်လည်း ၎င်းတို့ ပါတီ၏အပေါ်  တခြားပါတီများ အသာစီးရမည် စိုးသောကြောင့် အခြားပါတီဝင် များ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြကြောင်း၊ ၎င်းအတွက်ကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်တို့၏ ပါတီကိုယ်စားလှယ်စာရင်းကို မတင်ပြခြင်း ဖြစ်ကြောင်း ဒုစည်းရုံးရေးမှူးက ပြောသည်။

“အခုလောလောဆယ်တော့ မပြောသေးဘူး၊ ပါတီအတွက် အခက်အခဲ ဖြစ်မှာစိုးလို့လေ” ဟု ဒုစည်းရုံးရေးမှူးက ပြောသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ၎င်းနေ့ရက်ထက် နောက်ကျ ပါက ရွေးကောက်ပွဲကို မည်ကဲ့သို့ ကျင်းပနိုင်မည့် နည်းဟု ၎င်းက သုံးသပ်ပါသည်။

မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနည်းတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ရွေးကောက်ပွဲ မကြေညာသည့် အချိန်မှ စ၍ ၎င်းတို့ ပါတီအတွက် စည်းရုံးရေး စတင်နေကြောင်း “မြန်မာပြည် တခုလုံးတွင် အစိုးရသစ် ဖွဲ့စည်းဖို့အတွက်  နိုင်ငံရေးပါတီ နှစ်ခု (တစညနှင့် ကြံ့ဖွံ့ပါတီ) ပဲ ရှိတယ်။ ကျန်တဲ့ ပါတီတွေက ပါတီငယ်တွေပဲ” ဟု ၎င်းတို့ စည်းရုံးဟောပြောစဉ်တွင် ပြောကြားခဲ့သည်။ မွန်ပြည်နယ်ရှိ တစညပါတီတွင် တိုင်းရင်းသား လူမျိုးများလည်း ပါဝင်ကြောင်း တစညတို့က ပြောသည်။

၎င်းအပြင် စည်းရုံးရေး ခရီးစဉ်၌ တက်ရောက်လာသူများနှင့် ၎င်းတို့ ပါတီအား ထောက်ခံအားပေးသည့် အနေဖြင့် အသင်းဝင်ကဒ်ပြား ပေးခြင်းနှင့် ဓာတ်ပုံ ရိုက်ရန် စီစဉ်သော်လည်း တက်ရောက်သူများက ၎င်းတို့ လေ့လာရုံသာ ဖြစ်ပြီး သေသေချာချာ မသိသည့်အတွက် စိတ်မချဘဲ ထိုအစီအစဉ်ကို ငြင်းဆိုခဲ့သည်။

တစညပါတီနည်းတူ မွန်ပြည်နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် ၎င်းတို့ အသင်းအတွက် အသင်းဝင် ဖြည့်ပုံစံများ ထုတ်ပေးနေသော်လည်း ပါတီအသင်းဝင်အတွက် ထုတ်ပေးခြင်း မရှိသေးပေ။

 

 

 

 

 

 

 

Most read this week