ဂျပန်ရှိ မြန်မာ့ သံရုံးရှေ့တွင် ရခိုင်အရေးအတွက် ဆန္ဒပြ

ဂျပန်ရှိ မြန်မာ့ သံရုံးရှေ့တွင် ရခိုင်အရေးအတွက် ဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံသားများမှ မြန်မာ့သံရုံးရှေ့သို့ သွားရောက်ပြီး လတ်တလော ရင်ဆိုင် ကြုံတွေ့ နေရသော ရခိုင်အရေးအတွက် ယခုလ ၁၇ ရက်နေ့က သွားရောက် တောင်းဆို....

 

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံသားများမှ မြန်မာ့သံရုံးရှေ့သို့ သွားရောက်ပြီး လတ်တလော ရင်ဆိုင် ကြုံတွေ့ နေရသော ရခိုင်အရေးအတွက် ယခုလ ၁၇ ရက်နေ့က သွားရောက် တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဦးဆောင် လူပ်ရှားသူ လူငယ် တဦးဖြစ်သူ ကိုကျော်သန်းလိုင်က “ဖမ်းဆီးထားတဲ့ အရှင်ပညာစာရကို အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ သြဂတ်စ်လ ၁၁ ရက်နေ့က ထောင်ချလိုက်တဲ့ ရခိုင်လူငယ် ၁၁ ဦးကို ချွင်းချက်မရှိ လွှတ်ပေးရေး၊ စစ်အစိုးရမှ သိမ်းယူသွားခဲ့တဲ့ ရှေးဟောင်း ရခိုင်ယဉ်ကျေးမူဆိုင်ရာ အမွေအနှစ်များကို ပြန်လည် ပေးအပ်ရေးနဲ့ ဗမာပြည်သို့ ပြောင်းရွှေ့ယူဆောင်သွားတဲ့ မိဘမဲ့ ရခိုင်ကလေးများကို ရခိုင်ပြည်နယ်သို့ ပြန်လည် ပို့ဆောင်ရေး စတဲ့ အချက်တွေကို တောင်းဆိုဖို့အတွက် သွားရောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
demonstration-Japan-2
အဆိုပါ ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် - ALD (ပြည်ပ-ဂျပန်)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင် ရခိုင် တိုင်းရင်းသားများ အပါအ၀င် တခြားတိုင်းရင်းသား ၈၀ နီးပါးခန့် ပါဝင်ခဲ့သည်။

“ကျွန်တော်တို့ ALD (ဂျပန်) ဥက္ကဌ ဦးလှအေးမောင်က ဆန္ဒပြရတဲ့ အကြောင်းအရင်းကို ရှင်းလင်းပြောကြား အပြီးမှာ ဆန္ဒပြပွဲကို စတင်ခဲ့ပါတယ်။ ဒါ့အပြင် ALD (ပြည်ပ) ယာယီ ဥက္ကဌ ဦးဇော်မင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ သာသနာ ဦသျှောင် အဖွဲ့တာဝန်ခံ ဦးဓမ္မဇောတိကနဲ့ မြန်မာ့ဒီမိုကရေစီ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ MR. KUMIZAWA တို့ကလည်း မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ မြန်မာပြည်သူ လူထုအပေါ် ကျူးလွန်နေတဲ့ မတရား လုပ်ရပ်တွေကို ဖွင့်ချရှင်းလင်း ပြောကြားခဲ့ကြပါတယ်” ဟု သူက ဆက်ပြော သည်။

ထို့နောက် ALD အဖွဲ့ဝင် ဦးလှရွှေမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ၏ သဘောထား ထုတ်ပြန်ချက်ကို သံရုံးရှေ့တွင် ဖတ်ကြားခဲ့သည်။

ဆန္ဒပြပွဲကို ညနေ ၄ နာရီမှ စတင်ကာ ညနေ ၅ နာရီတွင် အောက်ပါ ကြွေးကြော်သံများကို ကြွေးကြော်ကာ ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

(၁) ရခိုင်မိဘမဲ့ ကလေးများကို ရခိုင်သို့ ပြန်ပို့ပေးရေး (၂) ရခိုင်သမိုင်းဝင် ပစ္စည်းများကို ရခိုင်သို့ ပြန်ပို့ပေးရေး (၃) ဦးပညာစာရအား ချက်ချင်း လွှတ်ပေးရေး (၄) မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းချိတ်ပိတ်မှုအား ချက်ချင်း ဖွင့်လှစ်ပေးရေး (၅) ရခိုင်ကျောင်းသား ၁၁ ဦးအား ချွက်ယွင်းချင်းမရှိ ပြန်လွှတ်ပေးရေးတို့ ဖြစ်ကြသည်။

ဂျပန်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲမှာ နအဖ စစ်အစိုးရ အာဏာပိုင်များမှ စစ်တွေမြို့ရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတ ကျောင်းမှ ကျောင်းထိုင် ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးလူဝတ်လဲပြီးနောက် ကျောင်းတိုက်ပေါ်ရှိ တန်ဖိုး မဖြတ်နိုင်သော ရခိုင် ရှေးဟောင်းယဉ်ကျေးမူ အမွေ အနှစ် ပစ္စည်းများကို စာရင်းဇယား တစုံတရာ မပြုစုဘဲ သိမ်းယူသွားခဲ့ပြီး အဆိုပါ ကျောင်းမှ မိဘမဲ့ကလေး ၁၀၀ နီးပါးကိုလည်း ဗမာပြည်သို့ ပို့ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းကို ချိတ်ပိတ်ခဲ့ပြီး ဆရာတော်ကိုလည်း အမူ ၇ ခုဖြင့် တရားစွဲဆိုခဲ့သည်။

သြဂတ်စ်လ ၁၁ ရက်နေ့ကလည်း ၂၀၀၉ ခုနှစ်က စွဲချက် အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသော အသက် ၂၀ အရွယ် ရခိုင် ကျောင်းသားလူငယ် ၁၁ ဦးကို အင်းစိန်ထောင်ထဲရှိ အနောက်ပိုင်း ခရိုင်တရားရုံးက သက်သေ အထောက် အထား တစုံတရာ ခိုင်လုံမူ မရှိဘဲ ဖေါက်ခွဲမူ၊ နယ်စပ်ဖြတ်ကျော်မူနှင့် မတရား အသင်းများနှင့် ဆက်သွယ်မူ စသည့် စွဲချက်များဖြင့် ထောင် ၃ နှစ်မှ ၉ နှစ်ထိ အပြစ်ပေးခဲ့သည်။

အဆိုပါ လုပ်ရပ်များမှာ နအဖ စစ်အစိုးရမှ ရခိုင်အမျိုးသားများအပေါ် လူမျိုးရေးအရ နှိပ်ကွက်မူအဖြစ် ရခိုင် အမျိုးသားများက သဘောထားအမြင် ရှိနေကြပြီး ရခိုင်လူထုအတွင်း အဆိုပါ လုပ်ရပ်နှင့် ပတ်သက်ပြီး အထူး ခံပြင်းဒေါသထွက်နေကြသည်ဟု သတင်းများ ရရှိသည်။

 

 

 

 

 

Most read this week