ဂျပန်တွင်လည်း စစ်တွေ ဆန်ပြဿနာနေ့နှင့် ဆရာကြီး ဦးဦးသာထွန်းနေ့ ပူးတွဲကျင်းပ

ဂျပန်တွင်လည်း စစ်တွေ ဆန်ပြဿနာနေ့နှင့် ဆရာကြီး ဦးဦးသာထွန်းနေ့ ပူးတွဲကျင်းပ
by -
မင်းဆက်ခိုင်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)မှ ဦးဆောင်ပြီး ၄၃- နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့နှင့် နှစ်၂၀- ပြည့် ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းနေ့ အထိမ်းအမှတ် အခမ်းအနား နှစ်ရပ်ကို ပူးပေါင်းပြီး တပြိုင်တည်း ဂျပန်နိုင်ငံတွင် ကျင်းပ....

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)မှ ဦးဆောင်ပြီး ၄၃- နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့နှင့် နှစ်၂၀- ပြည့် ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းနေ့ အထိမ်းအမှတ် အခမ်းအနား နှစ်ရပ်ကို ပူးပေါင်းပြီး တပြိုင်တည်း ဂျပန်နိုင်ငံတွင် ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားကို သြဂတ်စ်လ ၁၅ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ IKEBUKURO KUMI CENTER တွင် ကျင်းပခဲ့ကြသည်။

လူငယ် ခေါင်းဆောင် တဦး ဖြစ်သူ ကိုကျော်သန်းလှိုင်က “ အခု ကျင်းတဲ့ အခမ်းအနားကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) လူငယ်ရေးရာ အဖွဲ့မှ ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်က-ဂျပန်)က ခေါင်းဆောင်တွေ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်” ဟု ပြောသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ- ဂျပန်) ဥက္ကဌ ဦးလှအေးမောင်၊ ဒုဥက္ကဌ (၁) ဦးထွန်းအောင်ခင်၊ ဒုဥက္ကဌ (၂) ဦးခင်မောင်ထွန်းတို့မှဆောင်ရွက်ပြီးအခန်းအနားမှုးအဖြစ် အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် စစ်တွေ ဆန်ပြဿနာအရေးအခင်းတွင် ကျဆုံးခဲ့ကြရသော ရခိုင်ပြည်သူများနှင့် စစ်တွေ ထောင်ထဲတွင် ကွယ်လွန် အနိစ္စရောက်သွားခဲ့ရသော ဆရာကြီး ဦးဦးသာထွန်းအား ရည်စူး၍ ၄၃ စက္ကန့် ငြိမ်သက်စွာဖြင့် ဦးညွတ် ဂါရ၀ ပြုခဲ့ကြသည်။
13-august-Japan
သဘာပတိ ဦးလှအေးမောင်မှ အဖွင့်အမှာ စကား ပြောကြား ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) ယာယီ ဥက္ကဌ ဦးဇော်မင်းခိုင်မှလည်း ၁၉၆၇-ခုနှစ် အတွင်း မြန်မာ့နိုင်ငံရေး အခြေအနေနှင့် စစ်တွေ ဆန်ပြဿနာ ပေါ်ပေါက် လာရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြား ခဲ့သည်ဟု သိရသည်။

ထို့နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ကိုကျော်သန်းလှိုင်မှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နာယက ရခိုင်-မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်း၏ ဘဝ ပုံရိပ်လွှာကို ပြန်လည် ဖေါ်ကျူး ပြောကြားပြီး သူ၏ အမျိုးသားရေး အတွက် လုပ်ဆောင် ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အထွေထွေအတွင်းရေးမှုး ဦးပေါ်ထွန်းအောင်မှ စစ်တွေဆန်ပြဿနာ အရေးအခင်းတွင် သေဆုံးခဲ့ရသော ရခိုင်ပြည်သူများနှင့် ဆရာကြီး ဦးဦးသာထွန်းကို လုံးဝ မမေ့သင့်ကြောင်း ပြောကြားခဲ့သည်။

၎င်းအပြင် အခမ်းအနားသို့ တက်ရောက်လာကြသော တခြားတိုင်းရင်းသား ခေါင်းဆောင်များက စစ်အာဏာရှင် များ၏ ရက်စက်မှုများကို နောင်လာ မျိုးဆက်သစ်များ သိရှိစေရန် ယခုကဲ့သို့ အခမ်းအနားမျိုးကို နှစ်စဉ်ကျင်းပ သင့်ကြောင်း ပြောကြားခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်(လွပ်မြောက်နယ်မြေ) ဥက္ကဌ ဦးခွန်မာကိုဘန်းနှင့် တိုင်ရင်းသား ခေါင်းဆောင်များ အပါအ၀င် လူ ၅၀ ကျော် တက်ရောက် ခဲ့သည်။

 

 

 

 

Most read this week