ဘင်္ဂလာဒေခ်ျ့ ပတ်စပို့နှင့် မြန်မာ နိုင်ငံသား ၅ ဦး ဒက္ကားတွင် ဖမ်းဆီးခံရ

ဘင်္ဂလာဒေခ်ျ့ ပတ်စပို့နှင့် မြန်မာ နိုင်ငံသား ၅ ဦး ဒက္ကားတွင် ဖမ်းဆီးခံရ
by -
မောင်အေး

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး နိုင်ငံခြားသို့ထွက်ခွာရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံမှ မူဆလင် လူငယ် ၅ ဦးကို ဘင်္ဂလာ ရဲတပ်ဖွဲ့က ဒက္ကားမြို့တော်တွင် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းဆီး....

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး နိုင်ငံခြားသို့ထွက်ခွာရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံမှ မူဆလင် လူငယ် ၅ ဦးကို ဘင်္ဂလာ ရဲတပ်ဖွဲ့က ဒက္ကားမြို့တော်တွင် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများမှာ ဇာဟေအာလာမ် (၂၂) နှစ်၊ မိုဟာမတ်ကာယေ့ရ် ၂၇ နှစ်၊ရော်ချီးဒူလ္လာ ၂၀၊ အာမိန် ၂၂ နှစ်နှင့်ဟောဆန်းမိုဘာရက် ၂၂ နှစ်တို့ဖြစ်ပြီး သူတို့မှာ ရခိုင်ပြည်နယ်မှ လာရောက်သူများ ဖြစ်ကြောင်း ရဲက ပြောသည်။

သူတို့ ၅ ဦးကို ဒက္ကားမြို့ အူတိုရာ ရပ်ကွက်တွင် တည်ရှိသော Shovo International at Ashkona ဟိုတည်ကို ရဲက ဗုဒ္ဓဟူး ညနေက ၀င်ရောက် စီးနှင်းစဉ် အခန်း အမှတ် ၅၀၆ နှင့် ၅၀၇ တို့မှ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးစဉ်အတွင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံကူး စာအုပ် ၅ အုပ်အပြင် အမေရိကန်ဒေါ်လာ ၆၀၀ ကိုလည်း သိမ်းဆည်း ရမိခဲ့သည်။
5-Burmese-Arrested-Bangladesh-Passports
ယခုဖမ်းဆီးခံရသူများမှာ စစ်တကောင်းမြို့ရှိ နိုင်ငံတကာ ခရီးသွား အေးဂျင်းတခု၏ အကူအညီကိုယူပြီး နိုင်ငံကူး လက်မှတ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သူတို့ ၅ ဦးကို ကူညီပေးသည့် မြန်မာနိုင်ငံသား အေရှာဖ် ၂၅ နှစ်နှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား အာဒမ်ဇီ ၂၈ နှစ် တို့ကိုလည်း သူတို့နှင့်အတူ ရဲက ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသော မူဆလင်များကို မြန်မာ့ စစ်အစိုးရမှ ပြည်တွင်းနှင့် ပြည်ပ ခရီးသွားခြင်းကို တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားသဖြင့် နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာ လိုသူများ အနေဖြင့် အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့သို့ ထွက်ခွာလာကြပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူး လက်မှတ်များ ပြုလုပ်ကာ ဘင်္ဂလာမှ တဆင့် နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာ သွားလာနေကြခြင်း ဖြစ်သည်။

 

 

 

 

 

Most read this week