ဖမ်းဆီးသစ်များ မြန်မာ့ရေတပ်မှ ဘင်္ဂလာဒေခ်ျသို့ တင်ပို့

ဖမ်းဆီးသစ်များ မြန်မာ့ရေတပ်မှ ဘင်္ဂလာဒေခ်ျသို့ တင်ပို့
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ သစ်ပုတ်တောင် ရေတပ်စခန်းမှ ပြည်သူများထံမှ ဖမ်းဆီထားသော သစ်များကို သစ်မှောင်ခိုသမားများနှင့် ပူးပေါင်း.....

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ သစ်ပုတ်တောင် ရေတပ်စခန်းမှ ပြည်သူများထံမှ ဖမ်းဆီထားသော သစ်များကို သစ်မှောင်ခိုသမားများနှင့် ပူးပေါင်းပြီး တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့နေကြောင်း မျက်မြင် ဒေသခံ များက ပြောသည်။

ဒေသခံ တဦးက “ ကျောက်ဖြူမြို့နယ် ရွှေညို ကျေးရွာကနေ ဖမ်းဆီးထားတဲ့ သစ်တန်ချိန် ၆၀ ကို သစ်ပုတ်တောင် ရေတပ်စခန်းက ဘင်္ဂလာဒေ့ခ်ျကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဘဲ တင်ပို့ လိုက်ပါတယ်” ဟု ပြောသည်။

အဆို သစ်များကို သစ်ပုတ်တောင် ရေတပ်စခန်းက ဒုအရာခံဗိုလ် ကိုကိုလွင်နဲ့ ရဲဘော် ၂ ယောက်မှ ရွှေညို ကျေးရွာမှ လွန်ခဲ့သော လကုန်ပိုင်းက ဖမ်းဆီးခဲ့သည်။

“သစ်တန် ၆၀ ကို လွန်ခဲ့တဲ့ လကုန်ပိုင်းက သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီသစ်တွေကို ရေတပ် စခန်းမှာ စုပုံထားပြီးတော့ အခုတော့ ဘင်္ဂလာကိုသွားတဲ့ သစ်ဘုတ်တွေနဲ့ မှောင်ခို တင်ပို့ လိုက်ပြီ ဖြစ်ပါတယ်။ ရလာတဲ့ ပိုက်ဆံကတော့ သူတို့ ကိုယ်ကျိုးအတွက် ခွဲဝေ အသုံးပြုကြမှာ ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။
အဆိုပါ သိမ်းဆည်းခံရသော သစ်တန် ၆၀ မှာ ကညင်၊ စကားဝါ သစ်များဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ တွင် ဈေးကောင်းကောင်း ရသဖြင့် မှောင်ခို ရေလမ်းကြောင်းမှ တဆင့် တင်ပို့လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကျောက်ဖြူ သစ်ပုတ်တောင်စခန်းမှ ပြည်သူများ ထံမှ သစ်များကို နည်းအမျိုးမျိုးပြပြီး သိမ်းယူပြီး မကြာခဏ ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့နေကြောင်းကို ဇင်ကျွန်း ကျေးရွာသား တဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ဇင်ကျွန်းကျေးရွာကို ရေတပ်သားတွေ လွန်ခဲ့တဲ့ လက ရောက်လာပြီး ရွာမှာ အိမ်ဆောက်ဖို့ စုထားတဲ့ သစ်တွေကို တဘက်နိုင်ငံကို တင်ပို့မယ့် သစ်တွေဆိုပီး စွပ်စွဲ သိမ်းယူသွားပါတယ်။ ရယက အဖွဲ့ဝင် တဦး ဖြစ်တဲ့ ဦးမောင်သန်းရဲ့ အိမ်ဆောက်ဖို့ စုထားတဲ့ ပျဉ်းကတိုး သစ်တွေကို သိမ်းယူ သွားခဲ့ပါတယ်။ အိမ်ဆောက်ဖို့ စုထားတဲ့သစ်တွေဖြစ်တဲ့အတွက် ပျဉ်ချပ် တွေလည်းပါတယ်။ အဲဒီသစ်တွေဟာ အိမ်ဆောက်ဖို့ သစ်တွေ ဖြစ်တယ်ဆိုတာကို ရေတပ်ကို သွားရောက်ဖြေရှင်းတဲ့ အခါ အဲဒီသစ်တွေက ရေတပ်စခန်းမှာ ရှိမနေတော့ဘဲ ရေတပ် အရာရှိတွေက ဘင်္ဂလာကို သစ်တင်ပို့တဲ့ မှောင်ခို သစ်သမားတွေကို ရောင်းလိုက်ပြီလို့ သိရပါတယ်။”

ယခုကဲ့သို့ ကျောက်ဖြူ သစ်ပုတ်တောင် ရေတပ်နှင့် လက်အောက်ခံ စခန်းများမှ ပြည်သူများ ပိုင်ဆိုင်သော သစ်များကို အကြောင်း အမျိုးမျိုးပြ သိမ်းဆည်း နေမူများနှင့် ပတ်သက်ပြီး ကျောက်ဖြူ ခယက၊ မယက နှင့် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးထံ တိုင်ကြားခဲ့သော်လည်း တစ်စုံတရာ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း သိရသည်။

သို့အတွက်ကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင် “ကုန်းမှာ ဆိုကေ စပ်တပ်၊ မြစ်မှာ ရေတပ်၊ မြင်သမျှ အရာ သိမ်းကာယူကေ --ရခိုင်သားမှာ ဘ၀ပျက်လေ ဘ၀ပျက် ” ဟု ကဗျာဖွဲ့ကာ ကလေးငယ်များ သီဆိုနေကြ သည်ဟု ဒေသခံများက ပြောဆိုသည်။

 

 

Most read this week