ပုန်ကန်တဲ့မြို့ နအဖ စစ်အစိုးရမှ အခွင့်အလန်းများ ပေးပြီး စည်းရုံးနေ

ပုန်ကန်တဲ့မြို့ နအဖ စစ်အစိုးရမှ အခွင့်အလန်းများ ပေးပြီး စည်းရုံးနေ

ရခိုင်ပြည်နယ်ထဲက နအဖ စစ်အစိုးရအား ပုန်ကန်ရာတွင် ထိပ်ဆုံးနေရာမှ ပါဝင်ခဲ့သော တောင်ကုတ်မြို့ကို ယခုအခါ နအဖ စစ်အစိုးရမှ တခြားရခိုင်ပြည်နယ်က မြို့များထက် အခွင့်အရေးများ ပိုမိုတိုးမြှင့်ချပေး....

ရခိုင်ပြည်နယ်ထဲက နအဖ စစ်အစိုးရအား ပုန်ကန်ရာတွင် ထိပ်ဆုံးနေရာမှ ပါဝင်ခဲ့သော တောင်ကုတ်မြို့ကို ယခုအခါ နအဖ စစ်အစိုးရမှ တခြားရခိုင်ပြည်နယ်က မြို့များထက် အခွင့်အရေးများ ပိုမိုတိုးမြှင့်ချပေးကာ စည်းရုံးရေးများ ပြုလုပ်နေကြောင်း သိရသည်။

တောင်ကုတ်မြို့ခံ နိုင်ငံရေး လူပ်ရှားသူ လူငယ် တဦးက “ အခု တောင်ကုတ်မှာ လျှပ်စစ်မီးက နေ့ရောညပါ ရနေပါတယ်။ အစိုးရက ညနေ ၆ နာရီက ည ၁၀ နာရီထိ ပေးပြီး ဦးကျောက်တောင်က နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ ပေးတာပေါ့လေ။ ဦးကျောက်တောင်က စစ်အစိုးရနဲ့ ပေါင်းပြီး လျှပ်စစ်မီးကို နေ့ခင်းမှာ ပေးဝေနေတာ ဖြစ်ပါတယ်။ မြို့သူမြို့သားတွေကို ချော့သိပ်တဲ့ သဘောမျိုးလို့ မြင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ မီးပေးဝေမူကို သြဂတ်လစ်မှ စတင်ပြီး ပေးဝေနေခြင်း ဖြစ်ပြီး ဦးကျောက်တောင် ပိုင်ဆိုင်သော မီးစက်အတွက် လိုအပ်သော စက်သုံးဆီကို အစိုးရမှ ထောက်ပံ့ပေးကြောင်း သိရှိရသည်။

“သူတို့က တောင်ကုတ်မြို့မှာ အရင်ကလို အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်မှာကို စိုးရိမ်နေပါတယ်။ ဒါကြောင့် တောင်ကုတ် လူထုကို ဆန္ဒပြပွဲတွေ မလုပ်ရအောင် ခုလို လျှပ်စစ်မီးကို ပိုမို ပေးပြီး စည်းရုံးနေတာ ဖြစ်ပါတယ်။ ပီးရင် စစ်အစိုးရ ကျော့ထောက် နောက်ခံ ပြုထားတဲ့ ပြည်ခိုင်ဖြိုး ပါတီကိုလည်း ထောက်ခံမဲ ပေးအောင် လူထုကို ခုကတည်းက စည်းရုံးနေတဲ့ သဘော ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခင်က တောင်ကုတ်တွင် တနေ့ လျှပ်စစ်မီး ၃ နာရီသာ ရရှိခဲ့ပြီး ယခုအခါ ၁၀ နာရီနီးပါးခန့် ရရှိနေကြောင်း သိရသည်။ တောင်ကုတ်ထက် ကြီးသော ရခိုင်ပြည်နယ်မှ မြို့ကြီးများ ဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲ တို့တွင် တစ်နေ့ လျှပ်စစ်မီး ၃ နာရီသာ ရရှိပြီး ရရှိသောမီး မှာလည်း ရပ်ကွက်အလိုက် တပတ် သုံးရက်သာ ဖြစ်ကြောင်း သိရသည်။
Protest_in_Taungup_
၎င်းအပြင် စစ်အစိုးရ အာဏာပိုင်များသည် ယခင်က သွားလာ၍ မရအောင် ပျက်စီးနေသော တောင်ကုတ်နှင့် သင်္ဘောဆိပ်ကား လမ်းကိုလည်း ယခုအခါ အဆင့်မှီ ကာလမ်း တခု အဖြစ် တည်ဆောက် လိုက်ပြီး တောင်ကုတ်နှင့် ပဒေါင်းလမ်း ရိုးလမ်းကိုလည်း ခေတ်မှီ ၂လမ်းပြေး လမ်း အဖြစ် ဖေါက်လုပ် နေကြောင်း သိရသည်။

၎င်းပြင် ပုဂ္ဂလိက သင်္ဘောကျင်းများ၊ တန် ၆၀ ကျ ဆန်စက်များ၊ ရေခဲစက်ရုံများနှင့်  တခြားစက်မူ လုပ်ငန်း များကို လုပ်ပိုင်ခွင့်ချပေးထားပြီး လူထုကို စီးပွားရေး လုပ်ငန်းကိုလည်း တိုးမြှင့်ပြီး အခွင့်အရေးများ ချပေး နေကြောင်း သိရသည်။

တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်တွင်သာမ မြန်မာနိုင်ငံတွင်ပါ စစ်အစိုးရကို ဆန့်ကျင်ရာတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သော မြို့ဖြစ်ပြီး လွန်ခဲ့သော ၃ နှစ်အတွင်းက အစိုးရကို ဆန့်ကျင်သော ဆန္ဒပြပွဲ အကြိမ် ၂၀ ထက် မနည်းပေါ်ပေါက်ခဲ့သည်။

သို့အတွက်ကြောင့် တောင်ကုတ်မြို့မှ NLD မြို့နယ် ဥက္ကဌ ဦးကျော်ခိုင်၊ ဒုဥက္ကဌ ဦးခင်လှ၊ အတွင်းရေးမှူး ကိုမင်းအောင်၊ တခြား လူငယ် အဖွဲ့ဝင်များ ဖြစ်ကြသည့် မနီနီမေမြင့်၊ ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ မောင်မောင်သက်၊ ကိုသန်းဌေး အပါအ၀င် လူအများအပြားကို နအဖ စစ်အာဏာပိုင်များက ယခုအချိန်ထိ ဖမ်းဆီး ထောင်ချထားသည်။

 

 

 

 

 

Most read this week