ရှစ်လေးလုံးနေ့ နှင့် ၁၃ သြဂတ်စ် ဆန်ပြဿနာနေ့ အခမ်းနား RWU မှ ကျင်းပ

ရှစ်လေးလုံးနေ့ နှင့် ၁၃ သြဂတ်စ် ဆန်ပြဿနာနေ့ အခမ်းနား RWU မှ ကျင်းပ
by -
ထွန်းထွန်းနှင့် စံလင်း

ရခိုင်အမျိုးသမီး အစည်းအရုံး RWU မှ ၂၂ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့နှင့် ၄၃ နှစ် မြောက် စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနားများကို ဘင်္ဂလာဒေချ့်- မြန်မာနယ်စပ်တွင် သြတ်စ်လ ၈ ရက် ...

ရခိုင်အမျိုးသမီး အစည်းအရုံး RWU မှ ၂၂ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့နှင့် ၄၃ နှစ် မြောက် စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနားများကို ဘင်္ဂလာဒေချ့်- မြန်မာနယ်စပ်တွင် သြတ်စ်လ ၈ ရက်နေ့က တပြိုင်တည်း ကျင်းပ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ သမိုင်းဝင် အရေးတော်ပုံကြီး နှစ်ခုကို တပြိုင်တည်း ကျင်းပရခြင်းနှင့် ပတ်သက်ပြီး RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“ဒီသမိုင်းဝင် အရေးတော်ပုံကြီးနှစ်ရပ်ဟာ တိုက်တိုက်ဆိုင်ဆိုင် သြဂတ်စ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အတွက် တချိန်တည်း တနေရာတည်းမှာ တခါတည်း ကျင်းပရတာ ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံနေ့ကို ပြည်သူတွေ သိစေချင်သလို စစ်တွေ ဆန်ပြဿနာနေ့ကိုလည်း ပြည်သူတွေကို သိစေလိုပါတယ်။ ဖြစ်ရပ် နှစ်ခုလုံးကို တပြိုင်တည်း ကျင်းပရတဲ့ အတွက် ပြည်သူတွေကိုရော နောင်အနာဂတ် မျိုးဆက်သစ်တွေပါ အဲဒီ အရေးအခင်းတွေနဲ့ ပတ်သက်ပြီး ပိုမိုပြီး သိရှိနားလည် သဘောပေါက် နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

အခမ်းအနားတွင် သဘာပတိအဖြစ် ဖလောင်းချိတ် တောကျောင်းဆရာတော် ဦးစန္ဒာဝရမှ ဆောင်ရွက်သည်။ အခမ်းအနားတွင် ဦးစန္ဒာဝရက ယခုကဲ့သို့ အဖွင့်မိန့်ခွန်းကို မိန်းကြားသည်။

“မြန်မာနိုင်ငံမှာ ၈ လေးလုံးနေ့ဟာ မြန်မာပြည်သူအားလုံး အတွက် မမေ့နိုင်၊ မမေ့အပ်တဲ့ နေ့ဖြစ်သလို ရခိုင်ပြည်မှာလည်း ဆန်ပြသနာနေ့ဟာ ရခိုင်ပြည်သူတွေ အတွက် မမေ့အပ် မမေ့ထိုက်တဲ့ နေ့တွေ ဖြစ်ပါတယ်။ အဲဒီလို နေ့ထူး နေ့မြတ်တွေကို ယခုလိုကျင်းပခြင်းဟာ နောက်လာ နောင်သားတွေကို မေ့မသွားအောင် ပြန်လည်နိုးဆွပေးသလိုဖြစ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ထူးခြားတဲ့နေ့တွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပသင့်ပါတယ်။ ခုလို ကျင်းပတဲ့ အတွက်လည်း အဲဒီ အရေးတော်ပုံတွေ အတွင်းမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ဂုဏ်ပြု ဦးညွှတ် လေးစားရာလည်း ရောက်ပါတယ်”ဟု ပြောသည်။
RWU-observed-8888
အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ရခိုင်အမျိုးသမီး အစည်းရုံး ဥက္ကဌ ဒေါ်မြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“အဓိက ရည်ရွယ်ချက်ကတော့ ဒီကနေ့ ရင်ဆိုင်ကြံုတွေ့ နေရတဲ့ နိုင်ငံရေး ပြဿနာတွေ အပေါ်မှာ ၈၈၈၈ မျိုးဆက်သစ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့၊ ၈၈၈၈ လှုပ်ရှားမှု အကြောင်းတွေကို ပြည်တွင်းပြည်မှာ ရှိနေကြတဲ့ သူတွေကို သတင်းမီဒီယာတွေက တဆင့် သိစေဖို့၊ နောက်ထက် ၈၈၈၈ မျိုးဆက်သစ် လူငယ်တွေလို အနာဂတ်မှာ မျိုးဆက်သစ်တွေ ရှင်သန် ပေါက်ဖွား လာစေဖို့နဲ့ ၈၈ အသိစိတ်ဓါတ်တွေ ကိန်းအောင်းလာပြီး မျိုးဆက်သစ်လူငယ်တွေမှာ စိတ်ဓါတ်ရေးရာ အရ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ ရတာဖြစ်ပါတယ်”ဟု ပြောသည်။

အခမ်းနားသို့ RWU ၊ AASYC နှင့် အခြားအဖွဲ့စည်းများ၊ တသီးပုဂ္ဂလ ပုဂ္ဂိုလ်များ စုစုပေါင်း အင်အား ၅ဝ ခန့် တက်ရောက်ခဲ့သည်။

အခမ်းနားမှာ တက်ရောက်လာသူများက ရှစ်လေးလုံး အရေးတော်ပုံအကြောင်း၊နှင့် စစ်တွေ ဆန်ပြဿနာ ဖြစ်ပေါ်လာရသော အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြပြီး နေ့လည် ၁ နာရီမှ စတင်ခဲ့သော အခမ်းအနားကို ညနေ ၄နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

 

 

Most read this week