မောင်တောတွင် ဓါးပြတိုက် တစ်ဦးသေ အများအပြား ဒဏ်ရာရ

မောင်တောတွင် ဓါးပြတိုက် တစ်ဦးသေ အများအပြား ဒဏ်ရာရ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့ အနီးရှိ ဟိန္ဒူ ကျေးရွာ တရွာကို ယမန်နေ့ ညက ဓါးပြ ဝင်တိုက်ရာ ဓါးပြများ ပစ်ခတ်မူကြောင့် လူတဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရ ...

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့ အနီးရှိ ဟိန္ဒူ ကျေးရွာ တရွာကို ယမန်နေ့ ညက ဓါးပြ ဝင်တိုက်ရာ ဓါးပြများ ပစ်ခတ်မူကြောင့် လူတဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက “ ဓါးပြတွေ သေနတ်နဲ့ ပစ်ခတ်တဲ့ အတွက် လူငယ် တဦးပွဲချင်းပီး ဆုံးသွားပါတယ်။ ရွာသား ၅ ဦးခန့် ဒဏ်ရာ ရသွားပါတယ်။ အဲဒီအထဲက ၃ ဦးကိုတော့ မောင်တော ဆေးရုံကို တင်ထား ရပါတယ်။”

၎င်းပြင် သူက “ ဓါးပြတွေက ဘယ်သူ ဘယ်ဝါတွေ ဆိုတာတော့ မသိသေးပါဘူး။ သူတို့က ပစ်ခတ်ပြီးတာနဲ့ တောင်ကြားထဲကို ပြေးဝင်သွားကြပါတယ်။ အခုသူတို့ကို ကျွန်တော်တို့က ဝိုင်းဝန်း ရှာဖွေ နေပါတယ်။ အရင်တိုက်နေကျ ပြည်ပြေး ကုလား လူဆိုးတွေ ဖြစ်ဖို့ များပါတယ်” ဟု သူက ပြောသည်။

သို့သော်လည်း ဓါးပြတိုက်ခံရသောဟိန္ဒူကျေးရွာမှာ အစိုးရ လက်နက်ကိုင် တပ်ဖွဲ့များ နေထိုင်ရာ မောင်တော (၄)မိုင် တွင်တည်ရှိပြီး အနီးအနားတွင် အမှတ် (၂) ရဲတပ်ရင်းနှင့် (၃)မိုင်ရှိ နစက စစ်ဆေးစခန်းတို့ တည်ရှိသဖြင့် ကျေးရွာသားများက နစက တပ်ဖွဲ့ဝင်များ အပေါ် သင်္ကာမကင်း ဖြစ်နေကြသည်ဟု ဒေသခံ အရပ်လူကြီး တဦးမှ ပြောသည်။

ကျေးရွာသားများနှင့် နီးစပ်သူ တဦးကလည်း “ ဓါးပြက ၁၅ ဦးခန့်ပါပြီးတော့ နစကတွေလို စကားပြောပြီး ဝင်လာကြတယ်လို့ သိရပါတယ်။ ၁၁ နာရီ - ညဉ့်အမှောင် အောက်မှာဆိုတော့ ကင်းစောင့်နေတဲ့ ရွာသားတွေက တကယ် နစကတွေ ထင်ပြီး အနားသွားကပ်တဲ့ အခါ ကင်းသမား ၄ ဦးကို ကြိုးနဲ့ တုတ်ပီး ဟိန္ဒီ အမျိုးသား ရွှေပန်းထိမ်ဆိုင်ပိုင်ရှင် ဦးနီမောင်အိမ်ကို ဝင်ပြီး ဓါးပြတိုက်တော့ တာပါဘဲ” ဟု ပြောသည်။

ဓါးပြတိုက်နေစဉ် ဦးနီမောင်၏ ၁၅ နှစ်အရွယ် ရှိသူ တူတော်သူ တဦးနှင့် ရွာသားများမှ ပြန်လည် ခုခံရာမှ ဓါးပြများက သေနတ်များဖြင့် ကျေးရွာသားများကို ပစ်ခတ်ကြသည်ဟု သူက ပြောသည်။

ဓါးပြများ ပစ်ခတ်မူကြောင့် ဦးနီမောင် တူတော်သူ ဖြူဝဒေါင်း အသက် (၁၅) နှစ်မှာ ပွဲချင်းပီး သေဆုံးသွားကာ တခြားကျေးရွာသားများ ဒဏ်ရာ ရရှိသွားခဲ့သည်။

ဆေးရုံသို့ သွားရောက်ကြည့်ရှု့ခဲ့သူ တဦးက “တဦးက မျက်လုံးမှာ ထိမှန်သွားပြီးတော့ တဦးက လက်ကျိုးသွားပါတယ်။ ကျန်တဲ့သူ တဦးကတော့ ဗိုက်ကို ထိမှန်သွားပါတယ်။ ပစ်ခတ်တာ နှစ်လုံးပြူး စရိတ်ကျည်ဆံနဲ့့ ပစ်ခတ်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ယခင်ကလည်း အကြိမ်ကြိမ် ဓါးပြ တိုက်မူများ ပေါ်ပေါက်ခဲ့သော်လည်း ယခုကဲ့သို့ သေဆုံးမူ မရှိကြောင်းနှင့် ယခုတကြိမ်တွင် လူငယ် တဦးသေဆုံးသွားသဖြင့် ဒေသခံ လူထု အတွင်း အထူး စိုးရိမ်မူများ ပေါ်ပေါက်နေကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် အင်အား ၃ဝဝဝ ခန့်ရှိသည့် နစက တပ်ဖွဲ့နှင့် အင်အား ၄ဝဝ ခန့်ရှိသည့် အမှတ် (၂) လုံထိန်း တပ်ရင်းတို့ တပ်စွဲထားသည့် အပြင် တခြား မြို့စောင့်ရဲများလည်း ရာချီပြီး ရှိနေကြောင်း သိရသည်။

သို့သော်လည်း ဓါးပြများက အကြိမ်ကြိမ် အလီလီ လူထုအပေါ် ကျူးလွန် တိုက်ခိုက်မူများ ပြုလုပ်နေသော်လည်း တကြိမ်တခါမျှ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသဖြင့် မောင်တောတွင် ရှိနေသော နစက တပ်ဖွဲ့နှင့် လုံထိန်းများ အပေါ် ပြည်သူများမှ အထူးစိတ်ပျက်လျှက် ရှိကြောင်း သိရသည်။

Most read this week