၂၀၀၈ ခုနှစ်ခြေခံဥပဒေကို သင်ကြားပို့ချရန် ဒေသအာဏာပိုင်များက အဟန့်အတားပြုလုပ်ခြင်းများကြောင့် ကရင်နီပြည်နယ်ရှိ ပြည််သူလူထုအများစုသည် နိုင်ငံသားတစ်ဦး၏ သိသင့်သိထိုက်သော နိုင်ငံ့အရေး အသိပညာဗဟုသုများ နှောင့်နှေး....
၂၀၀၈ ခုနှစ်ခြေခံဥပဒေကို သင်ကြားပို့ချရန် ဒေသအာဏာပိုင်များက အဟန့်အတား ပြုလုပ်ခြင်းများကြောင့် ကရင်နီပြည်နယ်ရှိ ပြည််သူလူထုအများစုသည် နိုင်ငံသားတစ်ဦး၏ သိသင့်သိထိုက်သော နိုင်ငံ့အရေး အသိပညာ ဗဟုသုများ နှောင့်နှေးနေရသည်ဟု နိုင်ငံရေးလုပ်ရှားသူ ပညာရှင်တစ်ဦးက ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသားတိုင်း သိထားသင့်ပါတယ်။ အခုအခြေအနေရဆို ဒေသအာဏာပိုင်ဖြစ်တဲ့ ရပ်ကွက်မှူး၊ မြို့နယ်မှူးတွေက ပိုပြီးတော့ သိရှိနားလည်ထားရမယ် ဖြစ်တယ်၊ ဘာလို့လည်းဆိုတော့ နိုင်ငံသားတစ်ဦးရဲ့ တာဝန်တွေနားလည်သဘောပေါက်အောင် ပြန်ပြီးဖြန့်ဖြူးပေးနိုင်ဖို့က အာဏာပိုင်တွေက အဓိကကျပါတယ်။ အခုဒီသင်တန်းကိုလည်း ရပ်ကွက်မှူးနဲ့ မြို့နယ်မှူးတို့က မလိုလားဘူး ဖြစ်နေတယ်။” ဟုမြန်မာပြည်တွင်းနိုင်ငံရေးလုပ်ရှားနေသူ ပညာရှင်တဦးကပြောသည်။
၂၀၁၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ကရင်နီပြည်နယ်တွင် NGO အဖွဲ့အစည်းများမှ လူထုအခြေပြု ခေါင်းဆောင်များအား Civic Education ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။
Civic Education ၏အဓိက ရည်ရွယ်ချက်သည် သင်တန်းတက်ရောက်သူများသည် နိုင်ငံသားများ၏ တာဝန်များနှင့် ရပိုင်ခွင့်များကို နားလည်သဘောပေါက်ပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက််နှင့် ပါ၀င်လာစေရန်ဖြစ်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိို သိရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဒေသအနှံ့မှာ Civic Education ပညာရပ်တွေ ပို့ချပေးနေတဲ့ Local NGO ဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းက လူထုတွေတောင်းဆိုမှုအရ ဒီးမော့ဆိုမြို့မှာ လာရောက်ပို့ချပေးတာပါ။” ဟု လွိုင်ကော်မြို့မှဒေသခံတဦးက ပြောသည်။
ကရင်နီပြည်နယ်တွင် Civic Education ပညာရပ်ကို သင်ကြားပို့ချရာ အာဏာပိုင်များက တခြားသော တိုင်းနှင့်ပြည်နယ်များနှင့် မတူဘဲ နားလည်မှုလွဲမှားနေသည်ဟုဆိုသည်။ ထို့ကြောင့် ယခုသြဂုတ်လတွင် သင်ကြားပို့ချသည့် သင်တန်းကို တစ်ဝက်တစ်ပျက်ဖြင့် သင်ကြားလိုက်ရသည်ဟု သိရသည်။
ကရင်နီပြည်နယ်တွင် ၎င်းသင်တန်းကို် (၃)ကြိမ် ပို့ချပြီးဖြစ်ပြီး တစ်ကြိမ်လျှင် လူဦးရေ (၃၀) ဦး တက်ရောက်ရန် ခွင့်ပြုခဲ့သည်။ ငြိမ်းဖောင်ဒေးရှင်းအဖွဲ့သည် ထိုသင်တန်းမျိုးကို ပြည်နယ်အသီးအသိီးမှ ကိုယ်စားလှယ် (၅) ဦးစီ ခေါ်ယူပြီး ရန်ကုန်မြို့တွင်လည်း ဆွေးနွေးပို့ချပေးကြောင်းလည်း သိရပါသည်။
“ကျနော်တို့မြို့တော်၊ ဒေသ၊ နိုင်ငံနဲ့သက်ဆိုင်တဲ့ ပညာရပ်မို့လို့ ကျနော်တို့ သိထားဖို့နားလည်ထားဖို့ လိုအပ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သိအောင်လေ့လာရမည့် တာဝန်ရှိပါတယ်။” ဟု ဒေသခံပြည်သူတဦးက ပြောပါသည်။