မြန်မာနှင့် ကုန်သွယ်ရာတွင် ဇူလိူင်တလတည်းအတွင်း ဘင်္ဂလာဒေချ့်မှ အကောက်တော်ငွေ ၆ ကုဋေ ရရှိ

မြန်မာနှင့် ကုန်သွယ်ရာတွင် ဇူလိူင်တလတည်းအတွင်း ဘင်္ဂလာဒေချ့်မှ အကောက်တော်ငွေ ၆ ကုဋေ ရရှိ
by -
မောင်သန်းစိန်

မြန်မာနှင့် ကုန်သွယ်ရာတွင် တက်ကနက် ကုန်သွယ်ရေး ဆိပ်ကမ်းမှ ၂၀၁၀-၂၀၁၁ ပထမလပတ် ဇူလိူင် တလတည်း အတွင်း အကောက်ခွန်ငွေ တာကာ ၆၁၂၃၁ ၅၂၅ ရရှိ....

မြန်မာနှင့် ကုန်သွယ်ရာတွင် တက်ကနက် ကုန်သွယ်ရေး ဆိပ်ကမ်းမှ ၂၀၁၀-၂၀၁၁ ပထမလပတ် ဇူလိူင် တလတည်း အတွင်း အကောက်ခွန်ငွေ တာကာ ၆၁၂၃၁ ၅၂၅ ရရှိကြောင်း ဘင်္ဂလာဒေချ့် အကောက်ခွန်ဌာမှ ပြောသည်။

မူလ ရာတားချက်မှာ ၅ ကုဋေသာ ရှိသဖြင့် တစ်ကုဋေကျော် အကောက်တော်ငွေ ပိုမိုရရှိကြောင်း ပြောကြားသည်။

အဆိုပါ အကောက်တော်ငွေမှာ သွင်းကုန်နှင့် ပို့ကုန် နှစ်ရပ် စလုံးမှ ရရှိသောငွေ ဖြစ်ပြီး စုစုပေါင်း ဇူလိူင်တလတည်းအတွင်း မြန်မာ-ဘင်္ဂလာ နယ်စပ် ကုန်သွယ်မူ ပမာဏမှာ တာကာငွေ ၂၇၈၉၁၃၅၉၇ ရှိသည်။

ထိုအထဲမှ မြန်မာနိုင်ငံမှ ဘင်္ဂလာဒေချ့်သို့ တင်သွင်းသော ကုန်ပစ္စည်း တန်ဖိုးပမာဏမှာ တာကာငွေ ၂၇၃၄၈၁၁၀၈ တာကာ ရှိပြီး မြန်မာနိုင်ငံသို့ ဘင်္ဂလာဒေချ့်မှ တင်ပို့သော ကုန်ပစ္စည်း ပမာဏမှာ တာကာငွေ ၅၄၃၂၄၈၉ ဖြစ်သည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေချ့်သို့ တင်ပို့သော ကုန်ပစ္စည်းများမှာ သစ်အမျိုးမျိုး၊ ဆန်စပါး၊ ငါး၊ ဇီးတော်ဖီနှင့် လယ်ယာထွက် ပစ္စည်းများ ဖြစ်ကြသည်။

ဘင်္ဂလာဒေချ့်မှ မြန်မာသို့ တင်ပို့သော ကုန်ပစ္စည်းများမှာ ဘိလပ်မြေ၊ သွပ်၊ ဆေးဝါး အမျိုးမျိုးနှင့် အလှသုံး ကုန်ပစ္စည်းများ ဖြစ်ကြသည်။

ဘင်္ဂလာဒေချ့်နိုင်ငံ အနေဖြင့် နှစ်စဉ်နှစ်တိုင်း မြန်မာနှင့် ကုန်သွယ်ရာမှ နယ်စပ် တက်ကနက် ဆိပ်ကမ်းက ရရှိသော အကောက်တော်ငွေအား တရားဝင် လူသိရှင်ကြား ထုတ်ပြန် ကျေညာသော်လည်း နအဖ စစ်အာဏာပိုင်များက တကြိမ်တခါမှ ထုတ်ဖေါ်ကျေညာခြင်း မရှိကြောင်း သိရသည်။

Most read this week