ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့် လက်နက်ကိုင် တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီ တုန့်ပြန်

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့် လက်နက်ကိုင် တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီ တုန့်ပြန်

ကချင်ပြည်သို့ မြို့နယ်ကော်မတီဖွဲ့ရန် စည်းရုံးရေးဆင်းသည့် ကျားဖြူ/သျှမ်းပါတီအား ‘တရားမဝင် လက်နက်ကိုင် တပ်ဖွဲ့ နောက်ခံရှိပါတီ’ဟု ကြံ့ဖွတ်ပါတီ ဝေဖန်ပုတ်ခတ်သည့် အပေါ်မဟုတ်မှန်ကြောင်း ဥက္ကဌ စိုင်းအိုက်ပေါ၀်းက တုန့်ပြန်....

ကချင်ပြည်သို့ မြို့နယ်ကော်မတီဖွဲ့ရန် စည်းရုံးရေးဆင်းသည့် ကျားဖြူ/သျှမ်းပါတီအား ‘တရားမဝင် လက်နက်ကိုင် တပ်ဖွဲ့ နောက်ခံရှိပါတီ’ဟု ကြံ့ဖွတ်ပါတီ ဝေဖန်ပုတ်ခတ်သည့် အပေါ်မဟုတ်မှန်ကြောင်း ဥက္ကဌ စိုင်းအိုက်ပေါ၀်းက တုန့်ပြန် ပြောဆိုသည်။

ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါ၀်း (mmtimes)

“သူတို့ပြောနေတဲ့ စည်းရုံးရေးစကားတွေထဲမှာ ဒီကျားဖြူပါတီ/သျှမ်းပါတီဟာ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နောက်ခံနဲ့ ဖွဲ့စည်းထားတယ်၊ သူတို့ပါတီတည်မြဲမှာမဟုတ်ဘူး”- ဟု ဒေသခံ သျှမ်းအမျိုးသား တဦးကမိုးကောင်း မြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းစဉ် ဝေဖန်ပုတ်ခတ် ခဲ့သည့်စကားအပေါ် ကိုး ကားပြီး Network Media Group အင်တာနက်သတင်း စာမျက်နှာသို့ပြော၏။

အဆိုပါကိစ္စအပေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်း အိုက်ပေါ၀်းက‘လူထုတောင်း ဆိုချက်အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၅ ဦးဖြင့် ကျားဖြူပါတီ စတင်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊မည့်သည့် လက်နက်ကိုင်အဖွဲ့စည်းနှင့်မျှ ပတ်သက်ခြင်းမရှိကြောင်း၊ အသင်းရန်ပုံငွေကိုလည်း ထို ၁၅ ဦးမှ မတည်ငွေဖြင့် စတင်ခဲ့ကြောင်း’သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

“ရွေးကောက်ပွဲကော်မရှင် ချမှတ်ထားတဲ့ စည်းကမ်းအရ ပါတီတခုနဲ့တခု ဝေဖန်ပုတ်ခတ်ပြောဆိုခွင့် မရှိဘူး၊ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်လဲ ပါတီအချင်းချင်းမဝေဖန်ဖို့ ပြောဖူးတယ်၊ အခုပြည်ခိုင်ဖြိုး လုပ်ဆောင်ချက်က ရွေးကောက်ပွဲ ကော်မရှင်ချမှတ်ထားတဲ့ စည်းမျဉ်းကို ဖေါက်ဖျက်တာဘဲ”- ဟု ကချင်ပြည်က သျှမ်းအမျိုးသား တဦးက ပြောပါ သည်။

ထို့အတူ မိုးကောင်း နှင့် နမ္မတီးမြို့နယ်အတွင်းသို့ ကော်မတီခွဲဖွဲ့ရန် ကွင်းဆင်းစည်းရုံးစဉ်ကလည်း ကျားဖြူ ပါတီဝင်များအား ဒေသခံ နအဖ စစ်တပ် ခမရ ၃၈၁ နှင့် ၃၈၂ တို့က ကိုယ်ရေးရာဇဝင်များ စစ်ဆေးမေးမြန်း ကြောင်း Network Media Group အင်တာနက်သတင်းစာမျက်နှာတွင်ဖေါ်ပြထားပါသည်။

ပါတီဥက္ကဌဦးစိုင်းအိုက်ပေါ၀်းက သျှမ်းပြည်တောင်ပိုင်းသို့ မြို့နယ်ကော်မတီ (ရုံးခွဲဖွဲ့ရန်) စည်းရုံးရေးဆင်းစဉ် များစွာအဆင်ပြေ ကြောင်း ဒေသခံအာဏာပိုင်များကိုယ်တိုင် အကူအညီပေးကြောင်း၊ ရွေးကောက်ပွဲကော်မရှင် ချမှတ်ထားသောစည်းမျဉ်းအရ ရောက်ရာအရပ်၌ လုပ်ဆောင်မည့်ကိစ္စများ အားလုံးဆိုင်ရာအာဏာပိုင်ထံ အကြောင်းကြား သောကြောင့် အခက်အခဲမရှိကြောင်း သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

ကျားဖြူပါတီသည် သျှမ်းပြည်အတွင်း မြို့နယ် ၄၀ အပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်၊ ကရင်နီပြည်နှင့် ရန်ကုန်တိုင်းတို့တွင်လည်း ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week