အာဏာပိုင်များက စစ်တွေတွင် အဓိဂရုဏ်းများ ဖန်တီးနိုင်

အာဏာပိုင်များက စစ်တွေတွင် အဓိဂရုဏ်းများ ဖန်တီးနိုင်
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် စစ်တွေတွင် အာဏာပိုင်များက လူမျိုးရေး၊ ဘာသာရေး အဓိဂရုဏ်များကို အချိန်မရွှေး ဖန်တီး နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေးသမားဟောင်း တဦးက ပြော....

ရခိုင်ပြည်နယ် စစ်တွေတွင် အာဏာပိုင်များက လူမျိုးရေး၊ ဘာသာရေး အဓိဂရုဏ်များကို အချိန်မရွှေး ဖန်တီး နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေးသမားဟောင်း တဦးက ပြောသည်။

ရခိုင်လူငယ် ၂ ဦးကို ၀ိုင်းရိုက်သည့် အင်ဘာလာ ရပ်ကွက်မှ မူဆလင် လူမျိုး ၅၀ ခန့်ထဲမှ တဦးတလေမှ အာဏာပိုင်များက အရေးယူ ဖမ်းဆီးခြင်း မရှိဘဲ လွှတ်ပေးထားသဖြင့် နိုင်ငံရေး သမားဟောင်းက ထိုသို့ ကောက်ချက်ချ ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သူက "ဘယ်သူ့ကို မဆို တရားဥဒေနဲ့ ငြိစွန်းလာရင် အရေးယူရမယ်။ ဒါပေမယ့် အာဏာပိုင်တွေက အရေးယူတာ မရှိဘူး။ ရခိုင်ကောင်လေး နှစ်ယောက်ကို မူဆလင် ၅၀ ခန့်က နေပြီး အသေ ၀ိုင်းရိုက်တာမှာ စစ်တွေကောလိပ်က ကျောင်းသားတွေ ရောက်လာတဲ့ အတွက် အသက်ဘေးက ချမ်းသာရာ ရခဲ့တယ်။ ဒါပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့ အတွက် ဆေးရုံကို တင်လိုက်ရတယ်။ သက်ဆိုင်ရာ မိသားစုက ဒီကိစ္စ အပေါ်မှာ အမူဖွင့်တယ်။ ဒါပေမယ့် ရဲက အခုချိန် အရေးယူ ဆောင်ရွက်တာ လုံးဝ မရှိဘူး" ဟု ပြောသည်။

ဝိုင်းရိုက်ခံရသဖြင့် ဆေးရုံတင်လိုက်ရသည့် ရခိုင်လူငယ်နှစ်ဦးမှာ စစ်တွေမြို့ "လှ" ဓာတ်ပုံဆိုင်မှ ကိုသိန်းရွှေမိုးနှင့် သူ့သူငယ်ချင်း ကိုရဲထွန်းတို့ဖြစ်ကြသည်။

သူတို့ နှစ်ဦးအား ဇွန်လ ၂၂ ရက်နေ့က အင်ဘာလာရပ်ကွက်တွင် စားသောက်ဆိုင် တခုတွင် အချင်းများသဖြင့် အနီးအနားမှ မူဆလင်များက ၀ိုင်းဝန်း ရိုက်နှက်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ပြီး စစ်တွေဆေးရုံသို့ တက်ရောက်ကာ ယခုအချိန်ထိ ဆေးကုသမူ ခံယူနေရသည်ဟု သိရသည်။

"အဲသလို အရေးယူမူတွေ မလုပ်တဲ့ အခါ ခံရတဲ့ ရခိုင်လူငယ်တွေဘက်က ပြန်လည် လက်စားချေမယ်ဆိုတဲ့ သဘောမျိုး ဖြစ်လာတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ အချိန်မရွှေး လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းဘက်ကို ဦးတည်သွားနိုင်ပါတယ်" ဟု သူက ဆက်ပြောသည်။

မိသားစုနှင့် နီးစပ်သူ တဦးကလည်း"စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှာ အဲဒီနေ့ကတည်းက အမှု ဖွင့်ထား ခဲ့ပါတယ်။ ဒါပေမယ့် အခုထက်ထိ တစုံတရာ အရေးယူပေးတာတို့ မရှိသေးပါဘူး။ ရဲစခန်းကိုလည်း နေ့တိုင်း လိုလို သွားမေးဖြစ်ပါတယ်။ သူတို့ ရဲတာဝန်ရှိသူတွေက ဖမ်းမိအောင် ကြိုးစားနေဆဲဖြစ်ကြောင်းနဲ့ မူဆလင် ၂ယောက်ကို ဖမ်းမိထားပြီဖြစ်ကြောင်းဘဲ ပြောပါတယ်။ တကယ်တမ်းတော့ ဘာမှ လုပ်တာမရှိသေးပါဘူး" ဟုပြောသည်။

အဆိုပါ ပြဿာကြောင့် နောက်ထပ် ပြဿနာများ ဆက်တက်လာမည်ကို စိုးရိမ်နေသူများလည်း ရှိကြောင်း သိရသည်။

တခြား အမည်မဖေါ်လိုသူ တဦး ကျောင်းဆရာ တဦးကလည်း "ဒီနှစ်က မြန်မာနိုင်ငံမှာ ရွှေးကောက်ပွဲတွေ ရှိနေတော့ လူတွေက နိုင်ငံရေးနဲ့ ပတ်သက်ပြီး လူပ်ရွရွ ဖြစ်နေကြတယ်။ နိုင်ငံရေး မတည်ငြိမ်မူတွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်တယ်။ အဲသလို ပေါ်ပေါက်လာရင် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းဘက်ကို အာရုံလွဲပေးကောင်း လွဲပေးလာနိုင်တယ်။ ဒါကြောင့် ရခိုင်နဲ့ မူဆလင်တွေ အကြား ပြဿနာ တင်းမာနေအောင် အာဏာပိုင်တွေက တမင် စီစဉ် ထားတာလည် ဖြစ်နိုင်တယ်။ ခုလို အရေး မယူတဲ့ အခါ ရခိုင်တွေဘက်က မကျေနပ်မူတွေ တိုးပွားနေတာကို တွေ့ရတယ်" ဟု ပြောသည်။

စစ်တွေမြို့တွင် မကြာခဏ ရခိုင်နှင့် မူဆလင်များအကြား ပဋိပက္ခ ဖြစ်ပွားမူများ ရှိနေပြီး လွန်ခဲ့သော ၂၀၀၁ ခုနှစ်ကလည်း လူမျိုးရေး အဓိဂရုဏ်း ပေါ်ပေါက် ခဲ့သဖြင့် လူအများအပြား သေဆုံးကာ အိမ်အများအပြား မီးရှို့ခံခဲ့ရသည်။

Most read this week