သစ်မှောင်ခိုဘုတ်ဖြင့် အရက်နှင့် ဘီယာများ တင်သွင်းလာသူ မြန်မာနိုင်ငံသားများ ဘင်္ဂလာတွင် ဖမ်းဆီးခံရ

သစ်မှောင်ခိုဘုတ်ဖြင့် အရက်နှင့် ဘီယာများ တင်သွင်းလာသူ မြန်မာနိုင်ငံသားများ ဘင်္ဂလာတွင် ဖမ်းဆီးခံရ
by -
မောင်အေး
သစ်မှောင်ခို ဘုတ်တစီးဖြင့်် အရက်နှင့် ဘီယာများ တင်သွင်းလာသည့် မြန်မာနိုင်ငံသား ၁၀ ဦးထက် မနည်းကို တနင်္လာနေ့နံနက်က တက်ကနက် ဆိပ်ကမ်းတွင် ဘင်္ဂလာရေတပ်က ဖမ်းဆီး...

သစ်မှောင်ခို ဘုတ်တစီးဖြင့်် အရက်နှင့် ဘီယာများ တင်သွင်းလာသည့် မြန်မာနိုင်ငံသား ၁၀ ဦးထက် မနည်းကို တနင်္လာနေ့နံနက်က တက်ကနက် ဆိပ်ကမ်းတွင် ဘင်္ဂလာရေတပ်က ဖမ်းဆီးလိုက်သည်။

တက်ကနက် ကုန်သွယ်ရေး ဆိပ်ကမ်းမှ မြန်မာနိုင်ငံသား တဦးက “ အခု ဖမ်းရတဲ့ ဘုတ်မှာ သစ်တန်ချိန် ရ၀ နဲ့ အရက် ၃၆၀ ပုလင်း ပါလာပါတယ်။ ဘီယာ ပါကင်ကတော့ ၃၀ ပါတယ်လို့ သိရပါတယ်။ ဒီနေ့ မနက် က အုန်းကျွန်းကနေ တက်ကနက် ဆိပ်ကမ်းကို အဝင်မှာ သတင်းအရ ဘင်္ဂလာ ရေတပ်က လမ်းက ဖြတ်ပီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရ ဘုတ်မှာ “ အောင်ဖြိုးကျော်” ဖြစ်ပြီး စစ်တွေမြို့မှ စီးပွားရေး သမား တဦးပိုင်ဆိုင်ကာ ဘုတ်ပေါ်တွင်ပါလာသော သစ်များကို ပုသိမ်မြို့မှ စီးပွားရေး သမား တဦးပိုင်ဆိုင်ကြောင်း သိရသည်။

“ သစ်တွေကို ဧရာဝတီတိုင်း ဘောမိကျွန်းကနေ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အရက်နဲ့ ဘီယာတွေကိုုတော့ သူတို့ အမြတ်ရလို ရငြား ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေချ့်မှာ မြန်မာက သစ်တွေကို တရားဝင် ၀ယ်ယူပေမယ့် အရက်နဲ့ ဘီယာ တင်သွင်းခွင့်ကိုတော့ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အရက်နဲ့ ဘီယာ တင်သွင်းလာတဲ့အတွက် ခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ဘင်္ဂလာဒေချ့် နိုင်ငံတွင် သစ်ထုတ်လုပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထား သဖြင့် သူ့နိုင်ငံအတွက် လိုအပ်သော သစ်များကို မြန်မာနိုင်ငံမှ မှာယူတင်သွင်းနေကြသည်။

နယ်စပ်မှ မြန်မာ့ စီးပွားရေး သမား တဦးက “ ဘင်္ဂလာဒေချ့်ကို မြန်မာ နိုင်ငံကနေ တင်သွင်းနေတဲ့ သစ်တွေဟာ မှောင်ခို သစ်တွေ ဖြစ်ပါတယ်။ စစ်အာဏာပိုင်တွေနဲ့ စီးပွားရေး သမားတွေ သူတို့ ကိုယ်ကျိုး အတွက် တင်ပို့နေကြတာ ဖြစ်ပါတယ်။ ဘင်္ဂလာ ဘက်ခြမ်းမှာ ကျတော့ မြန်မာ့က သစ်တွေကို အဖမ်းအဆီး မရှိ တရားဝင် ၀ယ်ယူနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံမှ ဘင်္ဂလာဒေချ့် နိုင်ငံတွင် လိုအပ်သော သစ်များကို မော်တော်ဘုတ်ကြီးများ နေ့စဉ် တင်ပို့နေခြင်းကြောင့် ရခိုင်ရိုးမတွင် သစ်မရှိသလောက် ဖြစ်သွားပြီး ယခုအခါ ဧရာဝတီနှင့် တနင်္သာရီဘက်မှ သစ်များကို ရေလမ်းကြောင်းကို အသုံးပြုပြီး ဆက်လက် တင်ပို့ နေကြခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများကို ယခုအခါ တက်ကနက် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး နိုင်ငံခြားသားမူနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားမူတို့ဖြင့် ရဲက တရားစွဲဆိုရန် စီစဉ်နေကြောင်း သိရသည်။

Most read this week