ရန်ကုန်ရှိ နိုင်ငံခြား NGO တခုမှ ၀န်ထမ်း အများအပြား နုတ်ထွက်

ရန်ကုန်ရှိ နိုင်ငံခြား NGO တခုမှ ၀န်ထမ်း အများအပြား နုတ်ထွက်
by -
မိညို
ရန်ကုန်မြို့တွင် HIV/AIDS ရောဂါသည်များကို ကူညီ စောင့်ရှောက်ပေးနေသော နိုင်ငံခြား NGO တခုမှ ၀န်ထမ်း အများအပြားသည် သက်ဆိုင်ရာ နိုင်ငံခြားသူ တာဝန်ရှိသူ တဦး၏ မောက်မာစွာ ဆက်ဆံမူကြောင့် တာဝန်မှ နုတ်ထွက် ခဲ့ကြရ...

ရန်ကုန်မြို့တွင် HIV/AIDS ရောဂါသည်များကို ကူညီ စောင့်ရှောက်ပေးနေသော နိုင်ငံခြား NGO တခုမှ ၀န်ထမ်း အများအပြားသည် သက်ဆိုင်ရာ နိုင်ငံခြားသူ တာဝန်ရှိသူ တဦး၏ မောက်မာစွာ ဆက်ဆံမူကြောင့် တာဝန်မှ နုတ်ထွက် ခဲ့ကြရသည်ဟု အမည်မဖေါ်လိုသူ ၀န်ထမ်း တဦးက ပြောသည်။

“စုစုပေါင်းနုတ်ထွက်တာက မန်နေဂျာ အပါအဝင်ပေါ့နော်။ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦး အားလုံး ၁၄ ဦး ဖြစ်ပါ တယ်။ အဓိက နုတ်ထွက်ရတဲ့ အကြောင်းအရင်း ကတော့ အသစ်ရောက်ရှိလာတဲ့ နိုင်ငံခြားသူ တဦးရဲ့ မောက်မာစွာ ဆက်ဆံမူတွေကြောင့် ဖြစ်ပါတယ်” ဟု သူက ပြောသည်။

အဆိုပါ NGO မှာ ခုခံမူ ကျဆင်းရေး တိုက်ဖျက်ရေး အဖွဲ့ ( မဟာမိတ်) အမည်ဖြင့် ရန်ကုန်မြို့ လှည်းတန်း စံရိပ်ငြိမ် (၆) လမ်းတွင် ဖွင့်လှစ်ထားသော အဖွဲ့ဖြစ်ပြီး HIV/AIDS ရောဂါသည်များကို ကူညီ စောင့်ရှောက် ကုသ ပေးနေသည်မှာ ၁၅ နှစ်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဌာနအား ကြီးကြပ် ကွပ်ကွဲရန် အရာရှိ နိုင်ငံခြားသူ တဦး ၂၀၁၀-ခု ဇန်နဝါရီလမှ ရန်ကုန်မြို့ သို့ တာဝန် ထမ်းဆောင်ရန် ရောက်ရှိလာသည့် အချိန်မှစပြီး ယခုကဲ့သို့ မပြေလည်မူနှင့် စတင်ခဲ့ရကြောင်း သူက ပြောသည်။

“အဲဒီ အမျိုးသမီးက မြန်မာပြည်ကို သိပ်အထင်သေးတယ်။ မြန်မာပြည်မှာ ဘာမှ လုပ်လို့ရတာ မရှိဘူး။ ဒါတွေကိုဘဲ ပြောနေတယ်။ ဒါကလည်း ၀န်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ အစိုးရနဲ့ ဆိုင်တဲ့ ကိစ္စတွေကိ်ု ၀န်ထမ်းတွေကိုဘဲ ခဏခဏ အပြစ်ပြောလာတော့ နောက်တော့လည်း သည်းမခံနိုင်တာနဲ့ အလုပ်က ထွက်လိုက ်ကြရတာ ဖြစ်ပါတယ်။”

အဆိုပါ ရုံးတွင် ၀န်ထမ်း ၃၀ ရှိပြီး တဝက်နီးပါး နုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ NGO အဖွဲ့သည် အစိုးရနှင့် တိုက်ရိုက်ဆက်နွယ်ကာ မြန်မာနိုင်ငံအတွင်းရှိ HIV, AIDS ရောဂါသည်မျှားအတွက် အထူး တာဝန် ယူဆောင်ရွက်နေသော အဖွဲ့ တစ်ခုဖြစ်ပြီး နိုင်ငံခြားသူ ရောက်လာပြီး ကတည်းက လူနာများအား ထိရောက်အောင် ဆောင် ရွက် ကုသပေးမူများ လျော့နည်းလာသည့် အပြင် ဟန်ပြ သဘော လုပ်ဆောင်ချက် လာသည်ကို တွေ့ရသဖြင့် လူနာများ ၏ အနာဂတ်ကို စိုးရိမ်ရကြောင်း သူက ပြောသည်။

အဆိုပါ ၀န်ထမ်းများ နုတ်ထွက်ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ကျန်းမာရေး ၀န်ကြီးဌာနသို့ တိုင်တန်းထားသော်လည်း ယခုအချိန်ထိ ထိရောက်စွာ ၀င်ရောက် ဖြေရှင်းပေးမူ မရှိကြောင်း သိရသည်။

အခုအခါ အဆိုပါ NGO မှ လစ်လပ်သွားသော ၀န်ထမ်များနေရာတွင် လူသစ်များ ခေါ်ယူနေကြောင်း သတင်း ရရှိသည်။

Most read this week