ကြ့ံဖွံ့ပါတီများ ပူတာအို်ခရိုင်တွင် ဒေသခံများအား ငွေပေး၍ မဲဆွယ်စည်းရုံး

ကြ့ံဖွံ့ပါတီများ ပူတာအို်ခရိုင်တွင် ဒေသခံများအား ငွေပေး၍ မဲဆွယ်စည်းရုံး
မြန်မာနိုင်ငံ မြောက်ပိုင်းအစွန်ရှိ ပူတာအိုခရိုင်တွင် စစ်အစိုးရကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့များမှ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒေသခံများကို ငွေပေး၍ စည်းရုံးမှု ပြုလုပ်...

မြန်မာနိုင်ငံ မြောက်ပိုင်းအစွန်ရှိ ပူတာအိုခရိုင်တွင် စစ်အစိုးရကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့များမှ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒေသခံများကို ငွေပေး၍ စည်းရုံးမှု ပြုလုပ်နေသည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအဖြစ်ပါ၀င်ယှဉ်ပြိုင်ရာတွင် ပူတာအိုဒေသခံများအား ၎င်းပါတီအား မဲပေးရန်အတွက်စည်းရုံးရာတွင် တစ်ယောက်လျှင် ကျပ် ၅၀၀၀ ပေးဝေနေကြောင်း ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။

စည်းရုံးမှုပြုလုပ်ခဲ့သည့်နေရာများမှာ မချမ်းဘော (ကချင်လို Machyangbaw) မြို့နယ်အတွင်းရှိ ကချင် ကျေးရွာများဖြစ်သည့် အင်ဘူဘော့၊ အင်ဝိုင်းဘော့၊ နမ်ခမ်း၊ မန့်နော် နဲ့ နမ်ဘူယန်ရွာများတွင် မေလ ၁၀ ရက်မှ စတင်၍ ၂၅ ရက်ထိ စည်းရုံးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများမှသိရသည်။

ဒေသခံများသည် မြန်မာစစ်အစိုးရ ကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ၏ လှုပ်ရှားမှုများကို စိတ်ပါ၀င်စားမှုမရှိသော်လည်း စည်းရုံးမှုအတိုင်း နေ့စဉ်ထိတွေ့နေရသည်ဟု ပြောသည်။

ယခုချိန် ကြံ့ဖွံ့ပါတီတစ်ခုတည်းသာလျှင် ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးများ အင်တိုက်အားတိုက်ပြုလုပ်နေပြီး ကချင်ပြည်နယ်၏ အဓိက အရေးပါသည့် မြို့များ တွင်လည်း CDMA လက်ကိုင်ဖုန်းနှင့် ကြိုးဖုန်းများကို လူထုအား အလွယ်တကူချပေးသည့် စနစ်ဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေသည်။

ယခင် ပါတီစည်းရုံးရေး တွင်တွင်ကျယ်ကျယ်ပြုလုပ်ခဲ့သော ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) သည်း တရားဝင်ပါတီမဖြစ်သေးေသောကြောင့် ၂ လကျော်ကြာ စည်းရုံးရေးရပ်နားထားပြီး တရားဝင်ဖြစ်ရေးအတွက် နေပြည်တော်သို့ ဒုတိယအကြိမ်တောင်းခံခဲ့ရာ မချပေးတော့ပေ။

မြန်မာစစ်အစိုးရမှ KSPP ပါတီအား ပါတီမချပေးတဲ့ကြောင်း တရားဝင်ကြေငြာခြင်း မရှိသော်လည်း ကြံ့ဖွံ့အတွင်းရေးမှ ၎င်းသည် သေချာသည်ဟုပြောဆိုခဲ့ကြောင်း  KSPP အရာရှိတစ်ဦးက ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ကချင်ခရစ်ယာန်ဒေသခံများ လူကြီးများနှင့် စီးပွားရေးလုပ်ကိုင်နေသူများလည်း ပါ၀င်၍  ဘာသာရေးဆရာများအားဆက်လက် စည်းရုံး နေပြီး ပါတီဝင်ခေါင်းဆောင်များမှ အတင်းအဓမ္မနာမည်များထည့်ပေးနေသည်။

http://kachinnews.com/burmese/2010-01-18-05-43-21/165-2010-06-25-14-36-1...

Most read this week