ကမန် အမျိုးသား တိုးတက်ရေး ပါတီ အလံ တံဆိပ်ကို ရခိုင် နိုင်ငံရေး သမား တချို့ ကန့်ကွက်

ကမန် အမျိုးသား တိုးတက်ရေး ပါတီ အလံ တံဆိပ်ကို ရခိုင် နိုင်ငံရေး သမား တချို့ ကန့်ကွက်
by -
မောင်အေး
ရွှေးကောက်ပွဲ ကော်မရှင်တွင် ဇွန်လ ၁၆ ရက်နေ့က မှတ်ပုံတင်ခွင့် ပြုရန် လျှောက်ထားသော ကမန် အမျိုးသား တိုးတက်ရေး ပါတီ အလံကို ရခိုင် နိုင်ငံရေးသမား တချို့က ရွှေးကောက်ပွဲ ကော်မရှင်ထံတွင် စာရေးသား ပေးပို့၍ ကန့်ကွက်...

ရွှေးကောက်ပွဲ ကော်မရှင်တွင် ဇွန်လ ၁၆ ရက်နေ့က မှတ်ပုံတင်ခွင့် ပြုရန် လျှောက်ထားသော ကမန် အမျိုးသား တိုးတက်ရေး ပါတီ အလံကို ရခိုင် နိုင်ငံရေးသမား တချို့က ရွှေးကောက်ပွဲ ကော်မရှင်ထံတွင် စာရေးသား ပေးပို့၍ ကန့်ကွက်လိုက်ကြောင်း သတင်း ရရှိသည်။

ရွှေးကောက်ပွဲ ကော်မရှင်က အဆိုပါ ပါတီ အသုံးပြုမည့် ပါတီ အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ကြေညာသည့် နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် ကန့်ကွက်နိုင်ပါကြောင်း သတင်းစာတွင် ကျေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း ရခိုင်နိုင်ငံရေး သမား တချို့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

ကမန် အမျိုးသားတိုးတက်ရေးပါတီ အလံ တံဆိပ်တွင် ရခိုင်ပြည်နယ် ကိုယ်စားပြု တံဆိပ်ကို ပါတီ အတွက် အသုံးပြုထားသဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်းကို ရခိုင် နိုင်ငံရေး သမား တဦးက ယခုကဲ့သို့ ပြောသည်။

“အဓိကတော့ အဲဒီ ပါတီရဲ့ အလံမှာ ရခိုင်အမျိုးသားတွေကို ကိုယ်စားပြုတဲ့ အမှတ် လက္ခဏာ တံဆိပ်ကို အလံ အလယ်မှာထားပြီး သဇင်ပန်းခက်ကို ၀ိုင်းရံထားတယ်။ အဲဒီအပေါ်မှာ နေနဲ့လခြမ်းကို အပေါ်မှာ တင်ကာ အရွယ်တူ ကြယ်ဖြူ ရ လုံးက ၀ိုင်းရံထားတယ်။ ဒီလိုလုပ်တာဟာ ရခိုင် အမျိုးသားတွေပိုင်တဲ့ အမျိုးသား တံဆိပ်ကို ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်တာဖြစ်တဲ့ အတွက် ကန့်ကွက်ရတာ ဖြစ်ပါတယ်။”

အဆိုပါ ကန့်ကွက်စာကို ဇွန်လ ၁၇ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပေးပို့လိုက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ကျွန်တော်က လောလောဆယ်မှာ နာမည်တော့ ထုတ်မပြောချင် သေးပါဘူး။ တခြား အဖွဲ့လိုက် ကန့်ကွက် တာတွေလည်း ရှိပါတယ်။ ကန့်ကွက် တာကတော့ ကန့်ကွက် တာပါဘဲ။ တပတ်အတွင်းမှာ ကန့်ကွက်နိုင်တယ် ဆိုတဲ့ စည်းကမ်း အရ သဘော မတူနိုင်တာကြောင့် ကျွန်တော်တို့ အချိန်မီ ကန့်ကွက်တာ ဖြစ်ပါတယ်။ ကန့်ကွက်တဲ့ အတွက် ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ အခုအချိန်မှာ ဘာမှ မပြောနိုင်သေးဘူး။ ရွှေးကောက်ပွဲ ကော်မရှင် ကလည်း ဘာမှ အကြောင်း ပြန်ကြားတာ မရှိသေးဘူး။ ကျွန်တာ် သိသလောက်တော့ ကန့်ကွက်စာ သုံးစောင် ရွှေးကောက်ပွဲ ကော်မရှင်ကို တင်ထားတယ်လို့ ကြားရပါတယ်။”

ကမန်အမျိုးသား တိုးတက်ရေးပါတီမှာ ဇွန်လ ၁၆ ရက်နေ့တွင် နိုင်ငံရေး ပါတီတခု အဖြစ် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ခဲ့ကြောင်းကို မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းစာတွင် ဖော်ပြခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ကမန် အမျိုးသား ပါတီ တခုမှ စစ်တွေ မဲဆန္ဒနယ်မှ အမတ် ၁ နေရာ အနိုင်ရခဲ့သည်။ အဆိုပါ မဲအနိုင်ရရှိိမူကို ရခိုင်နိုင်ငံရေး သမား တချို့မှ မဲလိမ်မူများ ရှိသည်ဆိုကာ ကန့်ကွက်သဖြင့် နောက်ပိုင်းတွင် အဆိုပါ မဲအနိုင်ရရှိမူကို နအဖ စစ်အာဏာပိုင်များက ပယ်ဖျက် ပစ်ခဲ့သည်။

နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး အငြင်းပွားမူများ ပေါ်ပေါက်နေချိန်တွင် အဆိုပါ ရွှေးကောက်ပွဲတွင် ပါ၀င် ယှဉ်ပြိုင်ရန် အတွက် ရခိုင်ပြည်နယ်မှ နိုင်ငံရေးပါတီ ၅ ခုထိ ရွှေးကောက် ကော်မရှင်တွင် မှတ်ပုံတင််ခဲ့ကြောင်း သိရှိရသည်။

http://www.narinjara.com/detailsbur.asp?id=2581

Most read this week