စစ်တွေဆိပ်ကမ်း စီမံကိန်းကြောင့် မြို့သူမြို့သားများ ပြောင်းရွေ့ရမည်ကို စိုးရိမ်

စစ်တွေဆိပ်ကမ်း စီမံကိန်းကြောင့် မြို့သူမြို့သားများ ပြောင်းရွေ့ရမည်ကို စိုးရိမ်
by -
စံလင်း
ရခိုင်ပြည်နယ်ရှိ ကုလားတန် မြစ်ကြောင်း သွားလာရေး ဘက်စုံ စီမံကိန်းတွင် အတွက် စစ်တွေ ဆိပ်ကမ်းကို ပြန်လည် ပြုပြင် တည်ဆောက်မည် ဖြစ်သဖြင့် အနီးအနားရှိ စျေးကြီး၊ စာတိုက်၊ ပြည်သူ့ဆေးရုံကြီးနှင့် လူနေရပ်ကွက်များ ပြောင်းရွေ့ ရမည်ဟု သတင်းထွက်ပေါ်နေ သောကြောင့် မြို့သူ မြို့သားများ စိုးရိမ် နေကြသည်ဟု စစ်တွေမှ မြို့ခံလူကြီး တဦးက ပြော...

ရခိုင်ပြည်နယ်ရှိ ကုလားတန် မြစ်ကြောင်း သွားလာရေး ဘက်စုံ စီမံကိန်းတွင် အတွက် စစ်တွေ ဆိပ်ကမ်းကို ပြန်လည် ပြုပြင် တည်ဆောက်မည် ဖြစ်သဖြင့် အနီးအနားရှိ စျေးကြီး၊ စာတိုက်၊ ပြည်သူ့ဆေးရုံကြီးနှင့် လူနေရပ်ကွက်များ ပြောင်းရွေ့ ရမည်ဟု သတင်းထွက်ပေါ်နေ သောကြောင့် မြို့သူ မြို့သားများ စိုးရိမ် နေကြသည်ဟု စစ်တွေမှ မြို့ခံလူကြီး တဦးက ပြောသည်။

“ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်းကို တည်ဆောက်ရင် အနီးအနားမှာ ရှိတဲ့ စျေးကြီး၊ စာတိုက်၊ ပြည်သူ့ဆေးရုံကြီးနဲ့ လူနေ ရပ်ကွက် တချို့ကို ဖြိုဖျက်ပီး တခြားနေရာတွေကို ပြောင်းရွေ့ရမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတဲ့ အတွက် မြို့ခံလူထုတွေက အထူး စိုးရိမ်နေကြပါတယ်” ဟုပြောသည်။

စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရန်အတွက် အိန္ဒိယနိုင်ငံ Essar ကုမ္ပဏီမှ ဆောက်လုပ်ရေး ကျွမ်းကျင်သူများသည် ဇွန်လဆန်း ကတည်းက စစ်တွေသို့ ရောက်ရှိလာပြီး လုပ်ငန်းခွင်အတွက် လိုအပ်သည့် လေ့လာမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဆိပ်ကမ်းတည်ဆောက်ဖို့ အတွက် Essar ကုမ္ပဏီမှ ဆောက်လုပ်ရေး တာဝန်ခံတွေတော့ စစ်တွေမှာ ရောက်နေပါတယ်။ လက်ရှိ ဆိပ်ကမ်း ဧရိယာတွေကိုလည်း လေ့လာနေတယ်။

Most read this week