ရခိုင်ပြည်နယ်တွင် ခရိုင်၊ မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်များကို အစိုးရ အရာရှိများဖြင့် ဖွဲ့စည်း

ရခိုင်ပြည်နယ်တွင် ခရိုင်၊ မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်များကို အစိုးရ အရာရှိများဖြင့် ဖွဲ့စည်း
ရခိုင်ပြည်နယ်တွင် ခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်များကို ဖွဲ့စည်းနေရာတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော အစိုုးရအရာရှိများကို အခြေခံကာ ဖွဲ့စည်းနေကြောင်း သတင်းရရှိ....

ရခိုင်ပြည်နယ်တွင် ခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်များကို ဖွဲ့စည်းနေရာတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော အစိုုးရအရာရှိများကို အခြေခံကာ ဖွဲ့စည်းနေကြောင်း သတင်းရရှိသည်။

အစိုးရဝန်ထမ်း တဦးက “ အခု ရခိုင်ပြည်နယ်မှာ ဖွဲ့စည်ထားတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အစိုးရ ၀န်ထမ်းတွေ တော်တော်များများ ပါ၀င်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ကော်မရှင်အတွင်းရေးမှူး နေရာတွေကို လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးတွေက နေရာယူထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ခရိုင်နှင့် မြို့နယ်တွင် ကော််မရှင် ဥက္ကဌများကို အစိုးရ ၀န်ထမ်းဟောင်းများဖြင့် ခန့်အပ်ထားသော်လည်း အများစုမှာ နအဖ စစ်အစိုးရနှင့် နီးစပ်သူ (သို့မဟုတ်) လိုလားသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရိုင်နှင့် မြို့နယ်အဆင့် ရွှေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမူနှင့် ပတ်သက်ပြီး မောင်တောမြို့မှ အစိုးရ အရာရှိ တဦးကို မေးကြည့်ရာ သူက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“မောင်တောမြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်ကို များမကြာမှီက ဖွဲ့စည်းတဲ့ နေရာမှာ ရှေ့နေ ဦးအောင်ကျော်ညွန့်ကို ကော်မရှင် ဥက္ကဌဆိုပီး ခန့်အပ် ပါတယ်။ အတွင်းရေးမှူးနေရာကိုကျတော့ လက်ရှိ အစိုးရ ၀န်ထမ်း တဦးဖြစ်တဲ့ ဒု ဦးစီးအရာရှိ ဦးလှရွှေကို ခန့်အပ်ပါတယ်။ နောက်ပီး လက်ရှိ အစိုးရ ၀န်ထမ်းတဦး ဖြစ်တဲ့ မြို့နယ် လဝက ဦးစီးမှူး စန်းဝင်းကို ခန့်အပ် ပါတယ်။ ကျန်တဲ့ လူတွေလည်း အစိုးရ ၀န်ထမ်းတွေ များပါတယ်။”

မောင်တောမြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်တွင် နောက်ထပ် ခန့်အပ်ခံရသူများမှာ ဦးမောင်ကျော်စိန်၊ ဦးမောင်သန်းအေး၊ ဦးမောင်ဦးကျော်၊ သွားဆရာဝန် တဦးနှင့် တခြား ပုဂ္ဂိုလ် တချို့တို့ ပါ၀င်ပြီး အများစုမှာ အစိုးရ အငြိမ်းစားများ ဖြစ်ကြသည်။

၎င်းပြင်သူက “ ခရိုင်မှာ ဆိုရင်လည်း စစ်အစိုးရနဲ့ နီးစပ်တဲ့ ဘဏ်မန်နေဂျာ အငြိမ်းစား ဦးသာသာမောင်ကို ခန့်အပ်ပါတယ်။ အတွင်းရေးမှူးကတော့ ခရိုင်ထွေအုပ်လို့့ ခေါ်တဲ့ အထွေထွေ ဦးစီးမှူး ဖြစ်ပါတယ်။ ခရိုင်လဝက ဦးစီးမှူးနဲ့ တခြား အစိုးရ ဆရာဝန်ကြီး တဦးတိို့လည်း အဖွဲ့ဝင် အဖြစ် ပါ၀င်တာကို တွေ့ရပါတယ်” ဟု ပြောသည်။

ကျေးရွာ ကော်မရှင် အဆင့်တွင် ကျေးရွာ ရယက ဥက္ကဌအား ကော်မရှင် ဥက္ကဌ နေရာအား ပေးမထားသော်လည်း ရပ်ရွာထဲမှ အစိုးရ လိုလာသူ တဦးကို ဥက္ကဌ အဖြစ် ခန့်အပ်ပြီး ရယက စာရေးကို အတွင်းရေးမှူး နေရာကို ပေးကာ ကျန်ရယက အဖွဲ့ဝင် တဦးကို ကော်မရှင် အဖွဲ့ဝင် အဖြစ် ထားသည်ဟု သိရသည်။

ယခုကော််မရှင် ဖွဲ့စည်းမူကို ရခိုင်ပြည်နယ် မြို့နယ်တိုင်းတွင် ဖွဲ့စည်းနေပြီး သက်ဆိုင်ရာ မြို့နယ် အဆင့်နှင့် ကျေးရွာ အဆင့် ကော်မရှင်များကို အစိုးရ အရာရှိများက တိုက်ရိုက်ကိုင်တွယ် ဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

Most read this week