မောင်တောတွင် ကျေးရွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် သင်တန်းပေး

မောင်တောတွင် ကျေးရွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် သင်တန်းပေး
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျေးရွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်သင်တန်း တခုကို ယမန်နေ့က ပြုလုပ်ခဲ့....

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျေးရွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်သင်တန်း တခုကို ယမန်နေ့က ပြုလုပ်ခဲ့သည်သည်။

အဆိုပါ သင်တန်းသို့ မောင်တောမြို့နယ်ရှိ ရပ်ကွက်- ကျေးရွာ စုစုပေါင်း ၁၂၀ ကျော်မှ သင်တန်းသား ၃၀၀ ခန့် တက်ရောက် ခဲ့သည်။

တက်ရောက်ခဲ့သူ ကော်မရှင် အဖွဲ့ဝင် တဦးက “ သင်တန်းကို ရပ်ကွက်နဲ့ ကျေးရွာ ကော်မရှင် ဥက္ကဌတွေ၊ ရယက စာရေးတွေရယ် ပီးတော့ ရယက အဖွဲ့ဝင်တွေရယ် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ စုစုပေါင်း သင်တန်းသား ၃၀၀ ခန့်တက်ရောက်ခဲ့ပါတယ်” ဟု ပြောသည်။

Maungdaw-Municipal-Office

မောင်တောမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများတွင် ရွှေးကောက်ပွဲ ကော်မရှင်များကို ဖွဲ့စည်းထားပြီး ကျေးရွာထဲမှ သင့်တော်သူ တဦးကို ကျေးရွာ ကော်မရှင် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်ပြီး ရယက စာရေးမှာ အတွင်းရေမှူး ဖြစ်ပြီး ကျန်ရယက အဖွဲ့ဝင် တဦးမှာ ကော်မရှင် အဖွဲ့ဝင် ဖြစ်သည်။

ကော်မရှင် သင်တန်းကို နံနက် ၉ နာရီမှ နေ့လည် ၁၂နာရီထိ တကြိမ်နှင့် နေ့လည် ၁ နာရီမှ ညနေ ၄ နာရီ ထိ တကြိမ် ၂ ကြိမ် ပြုလုပ်ခဲ့သည်။

တခြား ကျေးရွာ ကော်မရှင်ဥက္ကဌ တဦးကို နိရဥ္စရာက ဆက်သွယ် မေးမြန်းရာ သူက သင်တန်း အခြေအနေကို ယခုကဲ့သို့ပြောသည်။

“သင်တန်းက ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ပတ်သက်ပြီး ထုတ်ထားတဲ့ စာအုပ်မှာ ပါတဲ့ အကြောင်း အရာတွေကို ရှင်းပြတာပါ။ ရွေးကောက်ပွဲကျလို့ရှိရင် ဘယ်လိုလုပ်ရမယ်။ ဘက်လိုက်ခြင်း မပြုလုပ်ရဘူး။ အမှန်အကန် ဆောင်ရွက်ရမယ်။ မဲထည့်မယ့် သူတွေ အနှောက်အယှက် ဖြစ်အောင် မလုပ်ရဘူး။ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဆောင်ရမယ် စတာတို့ ရှင်းပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲ ကော်မရှင် သင်တန်းကို ဦးမြင့်သန်း(ခရိုင် ဥပဒေအရာရှိ)၊ ဦးမြင့်ဝင်း (ခရိုင်လဝကမှူး)၊ ဦးစည်သူအောင် (ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး) တို့မှ လာရောက် သင်ကြား ခဲ့ကြောင်း သိရသည်။

အလားတူ ရပ်ကွက်/ကျေးရွာ ရွှေးကောက်ပွဲ ကော်မရှင် သင်တန်း တခုကို လွန်ခဲ့သော စနေ့က ဘူုးသီးတောင်မြို့တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် မောင်တောမြို့နယ်တွင် မဲရုံး စုစုပေါင်း ၅၀၀ သတ်မှတ်ထားကြောင်း သတင်း ရရှိသည်။

Most read this week