ရွှေတူးဖော်ရေးကြောင့် အိမ်ယာမြေများ ပြောင်းရွှေ့နေ

ရွှေတူးဖော်ရေးကြောင့် အိမ်ယာမြေများ ပြောင်းရွှေ့နေ
နေပူကျဲကျဲ မေခမြစ်ကမ်းတွင် အင်ဝိုင်းကိုင်ကာ တစ်ကိုယ်လုံးရေများ ရွှဲစိုနေသော်လည်း ကရုမစိုက်နိုင်သော ဇနီးမောင်နှံ (Bambing) သည် မျော်လင့်ချက်ကြီးကြီးဖြင့် ရွှေကျင်နေသည်။ သူတို့မကြာခင် တစ်ခါမှ မရောက်ဖူးသည့် ရွာသစ်(လွယ်ငူးဘွမ်တောင်ခြေ)သို့ ပြောင်းရွှေ့...

နေပူကျဲကျဲ မေခမြစ်ကမ်းတွင် အင်ဝိုင်းကိုင်ကာ တစ်ကိုယ်လုံးရေများ ရွှဲစိုနေသော်လည်း ကရုမစိုက်နိုင်သော ဇနီးမောင်နှံ (Bambing) သည် မျော်လင့်ချက်ကြီးကြီးဖြင့် ရွှေကျင်နေသည်။ သူတို့မကြာခင် တစ်ခါမှ မရောက်ဖူးသည့် ရွာသစ်(လွယ်ငူးဘွမ်တောင်ခြေ)သို့ ပြောင်းရွှေ့ရတော့မည်။

ကချင်ပြည်နယ်  ဝိုင်းမော်မြို့နယ်ရှိ မေခမြစ်ကမ်းနား ဗန်ဗိန်ကျေးရွာသည်  ရွှေတူးဖော်လုပ်ငန်းအတွက်  ပြီးခဲ့သည့်လမှ လွယ်ငူးဘွမ်တောင်ခြေသို့ ပြောင်းရွှေ့နေသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းသွားသည့် NDA-K ဥက္ကဋ္ဌဟောင်း ဇခုန်တိန့်ယိန်း မိသားစု ပိုင် ပန်ဝါအထွဋ်အထိပ်ကုမ္ပဏီ မှ ရွှေတူးဖော်ရေးအတွက် ၎င်းကျေးရွာ ပြောင်းရွှေ့ရခြင်းဖြစ်သည်။

ချီဖွေမြို့နယ်ရှိ မေခမြစ်တွင်ရေကာတာတည်ဆောက်ခြင်းကြောင့် မေခမြစ်တလျှေက် ကျေးရွာများ၊ စိုက်ပျိုးရေးခြံများ ရေလွမ်းမိုးမှုတွင်ပျက်ဆီးဆုံးရှုံးသွားနိုင်သဖြင့် အိမ်ယာမြေများ အလဟသမဖြစ်စေရန် ၎င်းနေရာ၌ ရွှေတူးဖော်နေခြင်းဖြစ်သည်ဟု ဦးဇခုံတိန့်ယိန်းမှ ပြောသည်။

ဤသို့ မေခမြစ်ကို ပိတ်လိုက်ခြင်းဖြစ် ကချင်ပြည်နယ်မှ လိမ္မော်သီးအထွက်ကောင်းဆုံး မန်ဒေါင်ကျေးရွာ (Mandawng mare)၊ ဒုံဗန်ကျေးရွာ၊ ဗန်ဗိန်ရွာတို့သည်လည်း ရေလွှမ်းမိုးမှုတွင်ပါသွားနိုင်သည်။

မြစ်ကြီးနားမြို့နှင့် မိုင်၂၀ကျော်ဝေး ဗန်ဗိန်ကျေးရွာကို ဦးရှဇော်လွမ်းဇောင်းသည် စားအုန်းဆီ၊ လိမ္မော်၊ ဒညှင်းစသည့် စိုက်ပျိုးရေုးခြံအနေဖြင့် တည်ထောင်ခဲ့သည်။ ယင်းကျေးရွာတွင် အိမ်ခြေ ၃၀ကျော်ရှိသည်။

မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အပစ်အခတ်ရပ်ဆဲ နောက်ပိုင်း တောခိုနေသည့် ကချင်တိုင်းရင်းသားများ ဗန်ဗိုင်ကျေးရွာသို့ လာရောက် နေထိုင်လာခြင်းဖြစ်သည်။ “နိုင်ငံရေး အခြေအနေ အေးချမ်းသွားချိန်မှ အိမ်ခြံမြေမရှိလို့ စုဝေးပြီး နေထိုင်လာကြတယ်” ဟု ဝိုင်းမော် ဒေသခံခရစ်ယာန် ဆရာတစ်ဦးမှ ပြောပြသည်။

၎င်းက ဆက်ပြီး “ အရင်ဗန်ဗိန်ရွာက ပျက်ဆီးသွားပြီ၊ အခုနောက်ပိုင်းမှစတည်လာတာ၊ မြေဆီလွာအရမ်းကောင်းလို့ လာနေတာ” ဟု ပြောပြသည်။

အရင်းအနှီးမရှိသည့် မိသားစုများသည် မုံညှင်းဆီထုတ်သည့် မုံညှင်း၊ ရိုးရိုးမုံညှင်း၊ အာလူး၊ ငရုတ်၊ ခရမ်းသီး အစရှိသည့် ဟင်းသီးဟင်းရွက်များစိုက်ကာ သက်မွေးဝမ်းကျောင်းပြုလုပ်ကြသည်။

အရင်က သူတို့ဇနီးမောင်နှံသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကာပျော်ရွှင်သည့် ဘဝကိုဖြတ်သန်းလာခဲ့သည်။ “ရေကြီးသွားရင်ပါသွားမဲ့ မြေစာ၊ သူတို့လောင်းပြီးသွားတဲ့ မြေစာတောင်မယူခိုင်းဘူး”  ဟု သူတို့ရွှေကျင်ရာတွင် မြေကွက်မရှိကြောင်း ဇနီးသည်မှ ပြောသည်။

၎င်းသို့အိမ်ခြံမြေများ ရွှေတူးဖော်ရေး လုပ်ကွက်တွင် ပါနေသော်ကြောင့် ဦးဇခုံတိန့်ယိန်းမှ ဝယ်ယူလိုက်သည်။ ကလေးတွေ ကျောင်းတက်ဖို့ ငွေစုရမည့်ဇောဖြင့် နေ့မအားညမအား ရွှေကျင်နေရသည်။

“ကလေးကျောင်းစရိတ်လည်းမရှိဘူး၊ အိမ်ပြန်ချင်တယ် လမ်းစရိတ်မရှိလို့ မပြန်နိုင်သေးတာ၊ အိမ်က  ၁၀တန်း တက်မဲ့ကလေးတစ်ယေက်ရှိတယ်လေ” ဟု သူမ၏ ခံစားချက်ကို ဆက်ပြောသည်။

အရှုံးတွေထဲမှ တစ်နေ့တွင် ရွှေသုံးရွေး ရ၍ သူတို့ဇနီးမောင်နှံပျော်နေကြရသည်။ ၎င်းမှ “တစ်နေကုန် ရွှေကျင်ရင်လည်း တစ်ခါမှ မရသည့်အချိန်ကများနေတယ်”ဟု သူမဆိုသည်။

ဒီနှစ် နှစ်ဆန်းပိုင်းက မန်ဒေါင် လိမ္မော်ခြံတခြံကို အခုလို မြေတူးစက်များဖြင့် ရွှေတူးရန်ပြင်ဆင်နေပုံ။ ဓါတ်ပုံ - KDNG

ယခုတွင် မြစ်ကမ်းပါး အိမ်ခြံများကို အရင်ရောင်းကာ ယင်းဒေသခံများကို တစ်အိမ်လျှင် ကျပ်၁သိန်းတန် လက်စွပ်တစ်ကွင်းဆီပေးနေသည်။ နောက်ထပ် မြေကွက်များ ရောင်းရလျှင် ဦးရှဇော်လွမ်းခေါင်မှ လွယ်ငူဘွမ်တောင်ခြေတွင် ကျပ်၁၀သိန်းတန် အိမ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

လွယ်ငူဘွမ်တောင်ခြေသည် လဝါယန်ဌာနေပြည်သူ့စစ်(လဆန်အောင်ဝါ) လက်အောက်ခံ နယ်မြေဖြစ်သည်။

၎င်းပြည်သူ့စစ်သည် KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) မှ ခွဲထွက်ကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မြန်မာ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ်အဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

မေခ၊ မလိခမြစ်နှင့် မြစ်ဆုံရေအောက်ရှိ သယံဇာတ ရွှေသတ္တုများကို ဦးဇခုံတိန့်ယိန်း၊ ဦးလဆန်အောင်ဝါတို့အား နိုင်ငံတော်မှ ခွင့်ပြုနိုင်သော အချိန်ကာလအထိ သတ္တုတွင်းဝန်ကြီးဌာနနှင့် တူးဖော်၊ ထုတ်လုပ်၊ ရောင်းချလုပ်ကိုင်ရန် နှစ်ဦးနှစ်ဘက် သဘောတူစာချုပ်ချုပ်ကို ၂၀၁၀ ဖေဖော်ဝါရီလ (၈)ရက်က ချုပ်ဆိုထားသည်။

ယခင်တွေ ဒေသခံ များသည် ခြံစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကာ ယခုတွင်မူ အလုပ်လက်မဲ့ဖြစ်နေကြရ သည်။ ပြောင်းရွှေ့ရမည့် အိမ်ခြံမြေမရှိ၍ ခုထိမပြောင်း ရသေးသော ထိုဇနီးမောင်နှံနှင့် အိမ်ခြေ ၆အိမ်ကျန်နေ သေးသည်။

Most read this week