ကချင်ပြည်နယ်တွေ စျေးနှုန်းသက်သာစွာဖြင့် မှတ်ပုံတင် အမြန်လုပ်ပေးနေ

ကချင်ပြည်နယ်တွေ စျေးနှုန်းသက်သာစွာဖြင့် မှတ်ပုံတင် အမြန်လုပ်ပေးနေ
ဒီနှစ်မကုန်မီ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲထည့်နိုင်ရန် ကချင်ပြည်နယ်တွင် မှတ်ပုံတင်မရှိသေးသူများကို စျေးနှုန်းသက်သက်သာသာနဲ့  ပြီးခဲ့သည့် မေလလယ်မှစ၍ ရပ်ကွက်ရုံးများတွေ အမြန်လုပ်ဆောင်ပေး...

ဒီနှစ်မကုန်မီ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲထည့်နိုင်ရန် ကချင်ပြည်နယ်တွင် မှတ်ပုံတင်မရှိသေးသူများကို စျေးနှုန်းသက်သက်သာသာနဲ့  ပြီးခဲ့သည့် မေလလယ်မှစ၍ ရပ်ကွက်ရုံးများတွေ အမြန်လုပ်ဆောင်ပေး နေသည်။

နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား မရှိသည့် အသက်၁၀နှစ် အထက်ကလေးများမှစကာ မှတ်ပုံတင်လုပ်ပေးနေခြင်းဖြစ်သည်။

ကချင်ရိုးရာမနောတိုင်၊ မြစ်ကြီးနာမြို့၊ ကချင်ပြည်နယ်

ကချင်ပြည်နယ် မြစ်ကြီးနားရပ်ကွက်တိုင်းရှိ ရပ်ကွက်ရုံးများ၌ စျေးနှုန်းသက်သာစွာအမြန်ဆုံးလုပ်ပေးနေသည်။ မှတ်ပုံတင် တစ်ခုရဖို့ “ပိုက်ဆံနည်းနည်းပဲ ကုန်တယ် ၂၀၀၀၊ ၃၀၀၀ လောက်ဘဲ အပြီး” ဟု ဒူကထောင်မှ ဒေသခံတစ်ဦးပြောသည်။

ပြီးခဲ့သည့်နှစ်များတွေ မှတ်ပုံတင်တစ်ခုရရန် ကျပ်ငွေ တစ်သောင်းကျော်ကုန်ကျပြီး အချိန်တစ်လနီးပါး စောင့်နေရသည်။ “ကိုယ်မှတ်ပုံတင်အပ်တဲ့လူမလာရင် နောက်နေ့ လာခဲ့၊ နောက်အပတ်မှလာခဲ့နဲ့ ရက်ချိန်းတာနဲ့တင် အချိန်က ကုန်နေတယ်၊ လာရတဲ့ ဆိုင်ကယ်ဆီဖိုးလည်းကုန်တယ်” ဟု တပ်ကုန်းဒေသခံ တစ်ဦးမှပြောသည်။

ယင်းတို့ ရပ်ကွက်တိုင်းတွင် မှတ်ပုံတင် လုပ်ပေးနေချိန် အိမ်ထောင်စုစာရင်းမရှိသူများကိုလည်း အိမ်ထောင်စုစာရင်းလုပ်ပေးနေသည်။

ဒီပတ် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားကာ ရယကမှ ရပ်ကွက်တိုင်းတွင်လည်း သန်းခေါင်စာရင်း လိုက်လံကောက်နေသည်။  ယင်းတို့လိုက်ကောက်နေခြင်းသည် “၂၀၁၀ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့ စာရင်းလိုက်ကောက်ထားတယ်” လို့ ရပ်ကွက်လူကြီးများပြောဆိုခဲ့ကြောင်းကို စီတာပူဒေသခံတစ်ဦးမှ ပြန်ပြောပြသည်။

ယင်းသန်းခေါင်စာရင်းတွင် ရပ်ကွက်လူကြီးမှ အိမ်ထောင်စုစာရင်းများတောင်း၍ အသက်၁၈နှစ်ပြည့် လူငယ်မှစကာ သက်ကြီးရွယ်အိုထိ နာမည်၊ မှတ်ပုံတင် စသည် များကို လိုက်ကောက်နေခြင်းဖြစ်သည်။

ဒီနှစ်အတွင်း ယခုလို ဒေသခံ လူဦးရေ “အိမ်ထောင်စုစာရင်း” များကို လိုက်လံကောက်ခံနေသည်မှာ နှစ်ကြိမ်တိုင်ရှိပြီဖြစ်သည်။

Most read this week