စစ်တွေတွင် ကျောင်းတချို့ ကျောင်းဝင်ကြေး အဆမတန် ကောက်၍ ကျောင်းသားမိဖများ အခက်ကြံု

စစ်တွေတွင် ကျောင်းတချို့ ကျောင်းဝင်ကြေး အဆမတန် ကောက်၍ ကျောင်းသားမိဖများ အခက်ကြံု
စစ်တွေတွင် နာမည်ကြီး အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေး အဆမတန် ကောက်ခံနေ၍ ဆင်းရဲသော ကျောင်းသား မိဖများ အနေဖြင့် သားသမီးကို ကျောင်းသွင်းရာတွင် အခက်အခဲ ကြံုတွေ့နေကြရသည်ဟု ကျောင်းသား မိဖတဦးက ပြော...

စစ်တွေတွင် နာမည်ကြီး အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေး အဆမတန် ကောက်ခံနေ၍ ဆင်းရဲသော ကျောင်းသား မိဖများ အနေဖြင့် သားသမီးကို ကျောင်းသွင်းရာတွင် အခက်အခဲ ကြံုတွေ့နေကြရသည်ဟု ကျောင်းသား မိဖတဦးက ပြောသည်။

စစ်တွေတွင် နာမည်ကြီး ကျောင်းတကျောင်းမှ ကျောင်းဝင်ကြေးကို အထက်တန်း ကျောင်းသား တဦးကို ကျပ်ငွေ ၅၀၀၀၀ ကောက်ခံပြီး အလယ်တန်းကျောင်းသား တဦးကို ၃၀၀၀၀ ကျပ် ကောက်ခံသည်ဟု သူက ပြောသည်။

“ဒီနှစ်မှာ သတ်မှတ်ထားတဲ့ ကျောင်းဝင်ကြေးထက် ပိုမကောက်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ခုလို ကောက်ခံရင် အထက်ကို တိုင်ကြား နိုင်တယ်လို့လည်း ပြောပါတယ်။ ကောက်ခံတာကို တွေ့ရှ်ိရင် အလုပ်က ဖြုတ်မယ်။ တခြား ဝေးလံတဲ့ ဒေသတွေကိုလည်း ပြောင်းရွှေ့ ပစ်မယ်ဆိုပီး အမိ်န့် ထုတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တချို့ အထက်တန်းကျောင်းတွေက လိုက်နာမူ မရှိဘဲ ခုလို ကောက်ခံ နေတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုနှစ်တွင် ကျောင်းသား ကျောင်းသူများအား ကျောင်းလက်ခံရာတွင် သတ်မှတ်ထားသော ကျောင်းဝင်ကြေးထက် ပိုမကောက်ခံရန်နှင့် ကောက််ခံပါက အရေးယူ ခံရမည်ဟု မေလ ၃ ရက်နေ့ နေ့စွဲ ဖြင့် သက်ဆိုင်ရာ ကျောင်းများ အားလုံးသို့ ပညာရေး ၀န်ကြီးဌာနမှ ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့တောင်းခံပါက သက်ဆိုင်ရာ ကျောင်းသား မိဖများ အနေဖြင့် ပညာရေး ၀န်ကြီးဌာနသို့ စာဖြင့်သော်၄င်း၊ လူကု်ိယ်တိုင်သော်၄င်း၊ ဖုံးဖြင့်သော်၎င်း တိုင်ကြား နိုင်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ ပြောသည်။

အပိုငွေကြေး တောင်းခံမူများကို တိုင်ကြားလိုလျှင် ဦးအေးကြူ၊ ညွန်ကြား ရေးမှူးချုပ်၊ အမှတ် (၃) အခြေခံ ပညာဦးစီးဌာန (ဖုံး - ၀၁ ၂၁၁၀၀ ရ) သို့ သော်၎င်း၊ ဦးကျော်ဝင်း ညွန်ကြားရေးမှူး၊ အမှတ်် (၃) အခြေခံ ပညာ ဦးစီးဌာန (ဖုံး ၀၁- ၂၁၀၀၂၆) သို့ သော်၎င်း၊ ရုံးအဖွဲ့မှူး ပညာရေး ၀န်ကြီးဌာန နေပြည်တော် (ဖုံး ၀၆၇- ၄၀၇၁၁၆) သို့သော်၎င်း ဆက်သွယ် တိုင်ကြားနိုင်ပြီး တခြား မြို့နယ်၊ ခရိုင်နှင့် ပြည်နယ် ပညာရေး ဌာနများသို့လည်း တိုင်ကြားနိုင်ကြောင်း အခြေခံ ပညာ ဦးစီးဌာနမှ အသိပေးထားကြောင်း သိရသည်။

ကျောင်းအပ်နှံရေး နေ့များဖြစ်သော မေလ ၂၅၊ ၂၆၊ ၂၇၊ ၂၈ နှင့် ၂၉-ရက်နေ. များတွင် ထိုကဲ့သို့ စစ်တွေမှ အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေးများကို ကောက်ခံခဲ့ခြင်း ဖြစ်သည်။ “အများစု ကျောင်းသားမိဖတွေကတော့ ခုလို စီးပွားရေး ကျပ်တည်းတဲ့ ကာလမှာ အထက်တန်းကျောင်းတွေက တောင်းတဲ့ ကျောင်း ၀င်ကြေးကို မပေးချင်ကြပါဘူး။ ဒါပေမယ့်လည်း သားသမီး ပညာရေး ကိစ္စ ဖြစ်နေတော့ မတတ်သာဘဲ ပေးနေကြရပါတယ်။ ပီးရင် နာမည်ကြီး ကျောင်းတွေမှာ ၀င်ခွင့်ရဖို့ အရေးကလည်း လွယ်တာ မဟုတ်တော့ ပြဿနာ မလုပ်တော့ဘဲ ပေးနေကြရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကျောင်းဝင်ကြေးကို သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာမှ တိတိကျကျ သတ်ထားချက် မရှိသဖြင့် တိုင်ကြားပါကလည်း အကျိုးထူးမည် မဟုတ်သည့် အပြင် အဆိုပါ နာမည်ကြီး ကျောင်းများတွင် ကျောင်းဝင်ခွင့် ရရှိရေးမှာလည်း မလွယ်ကူသဖြင့် ကျောင်းသား မိဖ အများစုမှာ အထက်သို့ တိုင်ကြား လိုစိတ် မရှိဘဲ ကျောင်းများမှ တောင်းသော ၀င်ကြေးကို ပေးနေကြရကြောင်း အဆိုပါ ကျောင်းသား မိဖက ပြောသည်။

Most read this week