၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနား ဂျပန်တွင် ပြုလုပ်

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနား ဂျပန်တွင် ပြုလုပ်
by -
မင်းဆက်ခိုင်
နအဖ စစ်အစိုးရမှ ပြုလုပ်မည့် ရွှေးကာက်ပွဲအား ဆန့်ကျင်သည့် အသံများ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာချိန်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌လည်း မြန်မာ့ အတိုက်အခံ အင်အားစုများက ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်....

နအဖ စစ်အစိုးရမှ ပြုလုပ်မည့် ရွှေးကာက်ပွဲအား ဆန့်ကျင်သည့် အသံများ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာချိန်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌လည်း မြန်မာ့ အတိုက်အခံ အင်အားစုများက ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့် အခမ်းအနား တရပ်ကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) မှ မေလ ၂၃ရက်နေ့က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်၊ဒုဥက္ကဌ(၁) ဦးထွွန်းအောင်ခင်၊ ဒုဥက္ကဌ(၂)ဦးခင်မောင်ထွန်းတို့မှ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှုး(၁) ဦးကျော်သန်းလှိုင် တို့မှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

IMG_0639

ပြည်ထောင်စု မြန်မာနိူင်ငံအလံတော်နှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အလံတော်ကို အလေးပြုကြပြီး ဒီမိုကရေစီ တိုက်ပွဲများတွင် ကျဆုံးသွား ခဲ့ကြသော ရဟန်းရှင်လူ၊ကျောင်းသား ၊ပြည်သူများ အတွက် ၁ မိနစ်ခန့် ငြိမ်သက်စွာဖြင့် ဆုတောင်းခဲ့ကြပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

သဘာပတီ ဦးလှအေးမောင်မှ အဖွင့်အမှာ စကား ပြောကြားပြီး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဗဟို) ဥက္ကဌ ဦးဇော်မင်းခိုင်မှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင့်ရသည့် အကြောင်းအရင်းနှင့် ပါတီ၏ရပ်တည်ချက်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

၎င်းအပြင် အခမ်းအနားသို့တက်ရောက်လာကြသော NLD (LAJAPAN) ၊ AUN (JAPAN) ၊ NDF (JAPAN) ၊ CNC (JAPAN) PNMS ၊ BDA ၊ KNCD (LA-JAPAN) အစရှိသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ၂၀၁၀ ရွေးကောက်ပွဲအား မိမိတို့အနေဖြင့်လည်း ဆန့်ကျင်ရသည့် အကြောင်းအရင်းများနှင့် ၂၀၁၀ ရွေးကောက် ပွဲသည် မြန်မာပြည်သူများအတွက် လုံးဝအကျိုးမရှိကြောင်းကိုလည်း ပြောကြားခဲ့ကြသည်။

IMG_0634

အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များနှင့် မြန်မာ့အရေး ကြိုးပမ်းလှုပ်ရှားနေသူ စုစုပေါင်း ၁၀၀ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ၂၀၀၈ဖွဲ့စည်းပုံဥပဒေ - အလိုမရှိ၊ ၂၀၁၀ ရွေးကောက်ပွဲ - အလိုမရှိ၊ ဒီမိုကရေစီအရေးတော်ပုံ - အောင်ရမည် စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

Most read this week