ပြောင်းလဲခြင်းက အကြောင်းနဲ့ အရင်းနဲ့

ပြောင်းလဲခြင်းက အကြောင်းနဲ့ အရင်းနဲ့
by -
ကယားထဲ
နွေရာသီကာလ ပူပြင်းခြောက်သွေ့လှသောကြောင့် အလုပ်လုပ်ဖို့ စိတ်ပျက်စရာကောင်း လှသည်။ အရာရာကို ကြည့်လိုက်လျှင် မောပန်း အားနွဲ့ခြင်း၊ စိတ်ပင်ပန်းခြင်း၊ ခံစားနေပါ သည်။ မိမိနေအိမ်ဝါရံတာမှာ ထိုင်ပြီး ဟိုးအဝေး...

နွေရာသီကာလ ပူပြင်းခြောက်သွေ့လှသောကြောင့် အလုပ်လုပ်ဖို့ စိတ်ပျက်စရာကောင်း လှသည်။ အရာရာကို ကြည့်လိုက်လျှင် မောပန်း အားနွဲ့ခြင်း၊ စိတ်ပင်ပန်းခြင်း၊ ခံစားနေပါ သည်။ မိမိနေအိမ်ဝါရံတာမှာ ထိုင်ပြီး ဟိုးအဝေးတောင်တန်းကိုမျှော်ကြည့်သွားပါသည်။ ရွက်ဟောင်းကြွေပြီး ရွက်နုဝေဆာနေသော တောတန်း ရှု့ခင်းကို တမျှော်တခေါ်ကို ကြည့်ပြီး “အော်..အရာရာတွေ ပြောင်းလဲကုန်ပြီ” အသစ်ကနေအဟောင်း၊ အဟောင်းကနေအသစ် သဘာဝတောတောင်ရောပြောင်းလဲ ကုန်ပြီ၊ အထူးသဖြင့် လောကကြီးဘဲ။
လောကကြီးမှာ အဓိကလူပေါ့။ ခေတ်ကြီးက တိုးတက်သလို ဆုတ်ယုတ်မှုလည်း ရှိနေပါသည်။ သဘာဝတရားတွေ ဆန်းကျယ်လှပါလား။

ထိုအထဲကမှ တိုင်းရင်းသားတွေဟာ တင်းတိမ်ရောင့်ရဲမှု စိတ်ရှိကြသည်။ ချမ်းသာကြွယ်ဝခြင်း၊ ဆင်းရဲခြင်းဆိုတာ ကံတရားသာ ဖြစ်ပါသည်။ မတော်လောဘရှိခြင်းမျိုးကို မလိုချင် ကြပါ။ မိမိ၏ရိုးရာပစ္စည်းများကို အမြတ်တနိုးထား ကြပါသည်။ ကရင်နီတိုင်းရင်း မျိုးနွယ်စုများတွင် တွေ့ရပါသည်။ ၎င်းတို့မှာ လည်ဆွဲဒင်္ဂါး၊ ပုတီး၊ ဒူးစွပ်၊ ငွေလက်ကောက်၊ လက်စွပ် ဖြစ်ပါသည်။ အမြတ်တနိုးသိမ်းဆည်းထားကြသည်။ ပွဲလမ်း သဘင်ရှိတဲ့ အချိန်ကာလမှသာ ၀တ်ချင်ကြပါသည်။

ယခုခေတ် ကာလလည်းပြောင်းလဲပြီးမို့ တနေ့ကျနော် နန်းဖယ်ခုံစျေးနေ့ ရောက်သွားပါသည်။ ခြံထွက်ဟင်းသီးဟင်းရွက်မျိုးစုံ လတ်လတ် ဆတ်ဆတ် ရောင်းနေကြပါသည်။ စျေးနှုန်း လည်း ပေါပေါ၊ ၀ယ်ယူသူလည်း စိတ်ချမ်းသာနဲ့တွေ့ရပါတယ်။

စျေးတစ်နေရာမှာတော့ ကြေးလည်ကွင်းစွပ် (ပဒေါင်လည်ပင်းရှည််) ကယန်းအမျိုးသမီးကြီး တစ်ဦးသည် အခြားစျေးသည် နှင့်မတူ၊ ကြေးဖြင့်ပြု လုပ်ထားသော လက်စွပ်များ၊ လက်ကောက်များ၊ ဆွဲကြိုးများ ရောင်းနေသည်ကို တွေ့ရပါသည်။ “အဒေါ် ဒီလက်ကောက် ဘယ်လောက်လဲ၊” “ငါးရာကျပ်” ဟုပြောပါသည်။ “အဒေါ် ဘယ်မှာနေသလဲ၊” “ ဟန်တောခူရွာ” “ဒါတွေ ကိုဘယ်လို်ပြုလုပ်ရလဲ”  “လည်ပင်းပေါ်ကကြေးကွင်းတွေ ချွတ်ပြီး ကိုယ်တိုင်ဆွဲထုပြီးမှ လုပ်ထားတာ” ဟု ပြောဆိုသည်။

ကယန်းလူမျိုးစုများ ရိုးရာဓလေ့အစဉ်အလာသည် ကြေးကိုလည်ကွင်းစွပ်ထားပြီး အမြတ်တနိုး ထိန်းသိမ်းထားတတ်ကြသည်။ ယခုအခါ ကြေးကွင်း မစွပ်ထားကြတော့ပဲ လက်ဝတ် ပုံစံအမျိုးမျိုး ပြုလုပ်ပြီး ရောင်းချနေကြသည်ကို တွေ့ရပါသည်။ ကယန်းတိုင်းရင်းသား ဒင်္ဂါးတွေလည်း အထည်ပျက် အဖြစ် ရောင်းနေသည်ကို ဖရူဆိုစျေး၊ ဒီးမော့ဆိုစျေးတွင် တွေ့ရပါသည်။ မိမိတို့တိုင်းရင်းသားများ၏ ကြေးကွင်းများ၊ ဒင်္ဂါးများရောင်းသည်မှာလည်း မဆိုသလောက်သောငွေရပါသည်။ ရရှိလာသောငွေကို သားသမီး၊ စားဖို့၊ ၀တ်ဖို့၊ ကျောင်းထားဖို့သာ၊ ၀မ်းရေးဖြည့်ပြီး ဘဝကို ရုန်းကန်နေကြ ပါသည်။

ကရင်နီပြည်နယ် နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် တိုးတက်ချင််ကြသည်။ ကြီးပွားချမ်းသာ ချင်ကြသည်က အမှန် ဖြစ်ပါသည်။ ကယန်းကြေးကွင်းစွပ် (ပဒေါင်လည်ပင်းရှည်)များသည် မိမိပိုင်ဆိုင်သော ကြေးလည်ကွင်း စွပ်များကို ထုဆစ်ပြုပြင် ရောင်းချခြင်းဖြင့် လက်ရှိစားဝတ်နေရေး ဖူလုံရန်အတွက် ဖြေရှင်းနေကြရသည်။

ထိုသို့ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများထက် ယခုစားဝတ်နေရေး ဖူလုံရေးသည် ကယန်းအမျိုးသမီးကြီး အတွက်ပိုပြီး အရေးကြီး နေကြောင်း ကို တွေ့မြင်နေရပါသည်။ အရာရာကို အကောင်းမြင်ဝါဒနဲ့ ရှု့မြင်ကြရင်တော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာကာ ပျော်ရွှင်ချမ်းသာကြမည် မဟုတ်ပါ လားဗျား။