မြို့အဝင်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ

မြို့အဝင်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ
by -
မွေခေါ၀်
သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုက လက်ပစ်ဗုံးနှင့် ပစ်ပေါက် ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရ...

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုက လက်ပစ်ဗုံးနှင့် ပစ်ပေါက် ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေးဦးဆောင်ပြီး ရဲသားသုံးဦးနှင့်အတူ မေ ၂၂ ရက်နေ့တွင် ကင်းစောင့် နေခဲ့ကြသည်။

မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော်ဆိုင်ကယ် (125 CC) ၂ စီး မောင်းနှင်လာပြီး ဂိတ်ရှေ့ဖြတ်သန်းစဉ် လက်ပစ်ဗုံး တစ်လုံး ပစ်ပေါက်၍ ပစ္စတိုသေနတ်နှင့်လည်း ပစ်ခတ် သွားခဲ့သည်။

သေဆုံးသူမှာ ရဲဒုတပ်ကြပ်ထူးနေလင်းဖြစ်ကြောင်း သိရှိရသည်။

မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးသော်လည်း ဒေသခံမြို့သူမြို့သားများက သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ပြောကြားကြပါသည်။

“သျှမ်းသူပုန်တွေဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ရဲတွေရဲ့ စစ်ဆေးအော်ငေါက်ဆဲဆိုခံရပြီး ပစ္စည်းတွေဆုံးရှုံးခဲ့ရတာ ကြောင့် ရဲတွေအပေါ် စိတ်နာနေတဲ့လူတွေလဲဖြစ်နိုင်တယ်”

ထိုအခင်းဖြစ်ပွားပြီးနောက်ပိုင်း လဲချား-တောင်ကြီးသို့သွားသော တောင်ဘက်ဂိတ်၊ တုံလောဝ်း-သီပေါ လားရှိုး သို့သွားသော မြောက်ဘက််ဂိတ်နှင့် အခြားဂိတ်များတွင် စစ်ဆေးရေးတင်းကြပ်ထူပြောလာကြောင်းဒေသခံတစ်ဦး ပြောကြားချက်အရ သိရှိရသည်။

Most read this week