ရန်ကုန် မင်္ဂလာစျေး မီးလောင်နေ

ရန်ကုန် မင်္ဂလာစျေး မီးလောင်နေ
by -
မင်းဆက်ခိုင်
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ မင်္ဂလာစျေးတွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရ....

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ မင်္ဂလာစျေးတွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါမီးမှာ ယနေ့ နံနက် ၈နာရီခွဲခန့်အချိန်မှ စတင်လောင်ကျွမ်းခြင်းပြီး ယခုအချိန်ထိ ဆက်လက် လောင်ကျွမ်းဆဲဖြစ်ကြောင်း သိရသည်။

မျက်မြင်တဦးက“ မီးအားက တအားပြင်းပါတယ်။ မီးခိုးလုံးတွေနဲ့ ပြည့်နက်နေပါတယ်။ အဆောက်အဦး တော်တော်များများကို တခုပီး တခု လောင်နေပါတယ်။ လုံခြံုရေး တွေကလည်း အနားကို သွားခွင့်မပေးပါဘူး။ မီးက အကြီးအကျယ်လောင်နေပါတယ်။” ဟု နိရဥ္စရာသို့ပြောသည်။

မီးမှာ မင်္ဂလာစျေး ၄ ထပ်ရှိ ဆေးဝါးနှင့် ပရိဘောဂ ဆိုင်တဆိုင်မှ စတင် လောင်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

သူက“ မီးသတ်ကားက အစပိုင်းမှာ ၄စီးလောက်ပဲ ရောက်လာတာ။ အဂုတော့ အစီး ၁၀လောက် ရှိပါတယ်။ ရေကမလောက် ဖြစ်နေပါတယ်။ မီးသတ်ကားတစီး ရေသွားဖြည့်ရင် ၄၅ မိနစ်ခန့်ကြာ ပါတယ်။” ဟု ဆက်ပြောသည်။

အဆိုပါ စျေးမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် စျေးဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲသတင်းနှင့် သတင်း အသေးစိတ်သိရှိရန် နိရဥ္စရာမှ ဆက်လက်စုံစမ်းလျှက်ရှိသည်။

Most read this week