ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် သေးဆိုလဲကျေးရွာတွင် အိမ်ခြံဝင်းတွင်းများသို့ ဆိုင်ကယ်သူခိုးများ ၀င်ရောက်ခိုးယူမှုများရှိသည်ဟု သိရသည်။
“ည(၉)နာရီလောက်မှာ တောက်ဆို အသံကြားတာနဲ့ ထွက်ကြည့်တဲ့အခါ ခြံအပြင်ဘက်မှာ ဆိုင်ကယ်နှစ်စီးနဲ့လူနှစ်ယောက်ရပ်နေပြီး ခြံထဲမှာက နောက်တစ်ယောက်က ဆိုင်ကယ်ကိုပြေးစီးထွက်သွားကြတယ်” ဟု ဆိုင်ကယ် အခိုးခံရသူမိသားစုဝင်များ၏ ပြောကြားချက်များကို ကြားရသော သူတစ်ဦးက ပြောသည်။
ဆိုင်ကယ်သူခိုးများသည် ဇက်သော့ကို ချိုးဖျက်ပြီး လျှင်မြန်စွာမောင်း ပြေးသွားသောကြောင့် အိမ်ရှင်နှင့်အိမ်နီးချင်းအပေါင်းအသင်းများက ဆိုင်ကယ် သူခိုးများကို အချိန်မိိီမလိုက်နို်င်ခဲ့ကြပေ။
“လိုက်ကြသေးတယ်၊ပြီးတော့ တစ်ယောက်က တောင်ဘက် ပြေးသွားတယ်။ တစ်ယောက်က မိုးဗြဲဘက်သွားတဲ့ လမ်းအတိုင်း ဆက်သွားတယ်။ နောက် တစ်ယောက်က ဘယ်ပြောက်သွားလဲမသိဘူး မိုးလဲအရမ်းချုပ် တာနဲ့ဘယ်ဘက်ကို ဆက်လိုက်ရမှန်းမသိတော့ဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။
ခိုးမှုဖြစ်သော်လည်း ဆိုင်ကယ်အခိုးခံရသောအိမ်ရှင်များက ရဲစခန်းကို တိုင်ကြားခြင်းမရှိဟုသိရသည်။ ကရင်နီပြည်တွင် ယခင်ကမရှိဖူးခဲ့သော လမ်းသရဲနှင့် လူဆိုးဂိုင်းအတော်များများရှိလာပြီး ၎င်းတို့သည် ညနေခင်းခရီးသွားလာသော ပြည်သူလူထုများအား အနှောက်အယှက်များ ပြုလုပ်ကြသည်ဟု ဒေသခံများကပြောသည်။