ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန၏ဦးဆောင်မှုဖြင့် အသက် ၁၈နှစ်ပြည့်ပြီး သူ နှင့် ယခုနှစ် အောက်တိုဘာလတွင် ၁၈ နှစ်ပြည့်မည့်သူများ၏ စာရင်းကို ချင်းပြည်နယ် မြို့နယ်အသီးသီးတွင်မေလဆန်းပိုင်းကစပြီးကောက်ယူနေသည်ဟု သတင်း ရရှိသည်။
“မိသားစု အတွင်း အသက် ၁၈ နှစ်ပြည့်သူ၊ လာမည့် အောက်တိုဘာမှာ ၁၈နှစ်ပြည့် မည့်သူ ဆိုပြီး လဝက ၀န်ထမ်းတွေက ကောက်ယူနေတယ် ”ဟု မတူပီမြို့နယ်ဒေသခံ တဦးက ပြော သည်။
သက်ဆိုင်ရာက ထိုသို့စာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်းရှိ မိသားစုဦးရေ စီစစ်ခြင်း၊ မိသားစု စုံစုံ လင်လင် ရှိမရှိစသဖြင့် အသေးစိပ် စုံစမ်းမေးမြန်းနေ သည်ဟု လည်းသိရသည်။
“မိသားစုဦးရေ၊ မိသားစု စုံမစုံ အသေးစိပ်မေးတယ်၊ မစုံယင် ဘယ်သွားသလဲ၊ အခုဘယ်မှာ နေသလဲပေါ့၊ ဘာလုပ်သလဲ၊ ဘယ်နေ့ပြန်လာမလဲ၊ မေးတာက တော့အများကြီးပါ ” ဟု ဖလမ်းမြို့မှ ဦး Khuphleithang က ပြောသည်၊
စာရင်းပြုစုရာတွင်လည်း နိုင်ငံရပ်ခြားသို့အလုပ်သွားလုပ်သူများ၏နာမည်များကို စာရင်းထဲတွင်ထည့်ထားခြင်းမရှိ ကြောင်း သိရသည်။
ယင်းကဲ့သို. နိုင်ငံရပ်ခြားတွင် ခေတ္တအလုပ်သွားလုပ်သူများကို ယခုအသစ်ကောက်ခံ သည့် စာရင်းတွင်ထည့်ဝင်ခြင်းမရှိ သောကြောင့် မိဘ ပြည်သူများ အထူးစိုးရိမ် နေကြ ကြောင်း အမည်မဖော်လိုသူဒေသခံတဦး ကပြောသည်။
“စာရင်းထဲမထည့်တာက နိုင်ငံသားအဖြစ်မှ ပယ်ဖျက်တာဖြစ်နိုင်တယ်၊ အဲဒီအတွက် မိဘပြည် သူ တွေအထူး စိုးရိမ်နေကြ တယ်” ဟုအဆိုပါ ဒေသခံကပြောသည်။
စစ်အစိုးရသည် ၂ဝဝ၈ခုနှစ်ဖွဲ ့စည်းပုံအခြေခံ ဥပဒေဆန္ဒခံယူပွဲအတွက်အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း ကေါက်ယူ ခဲ့ပြီးဖြစ်သော်လည်း အခုရွေးကေါက်ပွဲအတွက် လူဦးရေစာရင်းကို ဒုတိယအကြိမ်ပြန်လည်ကေါက်ယူခြင်းဖြစ်သည်၊၊