ရွှေကိန္နရီကား ယာဉ်တိုက်မှုဖြစ်၊ ၁၂ ဦး ဒဏ်ရာရ

ရွှေကိန္နရီကား ယာဉ်တိုက်မှုဖြစ်၊ ၁၂ ဦး ဒဏ်ရာရ
လွိုင်ကော်-ရန်ကုန် ပြေးဆွဲသည့် ရွှေကိန္နရီကားလိုင်းမှ ခရီးသည်တင် ဘတ်စ်ကားသည် ရန်ကုန်သို့အလာ မိုင်တိုင်အမှတ် ၉၅ တွင် ယနေ့နံနက် ၂ နာရီခန့်က အခြား ဘတ်စ်ကားတစီးအား တိုက်မိရာမှ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...

လွိုင်ကော်-ရန်ကုန် ပြေးဆွဲသည့် ရွှေကိန္နရီကားလိုင်းမှ ခရီးသည်တင် ဘတ်စ်ကားသည် ရန်ကုန်သို့အလာ မိုင်တိုင်အမှတ် ၉၅ တွင် ယနေ့နံနက် ၂ နာရီခန့်က အခြား ဘတ်စ်ကားတစီးအား တိုက်မိရာမှ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခရီးသည် ၄ဝ ဦး တင်ဆောင်လာသော ရွေကိန္ဒရီကားက နေပြည်တော်-ရန်ကုန်ပြေး ဇာနည်ဘွားကားလိုင်းမှ ခရီးသည်တင်ကားကို နောက်မှဝင်တိုက်မိကာ တိမ်းမှောက် သွားခဲ့သည်။

ဒဏ်ရာရသူများကို မြောက်ဥက္ကလာ အထွေထွေ ရောဂါကုဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု လွိုင်ကော်အခြေစိုက် ရွှေကိန္ဒရီ ကားလို်င်းဝန်ထမ်းက မဇ္စျိမကို ပြောသည်။

ဒဏ်ရာရရှိသူ ၁၂ ဦးထဲတွင် အမျိုးသမီး ၅ ဦး ပါဝင်ကာ၊ အားလုံးမှာ အသက် ၃ဝ နှစ်မှ ၅ဝ နှစ်ကြား အရွယ်များ ဖြစ်သည်။

“ဒဏ်ရာရသူအားလုံး ကုန်ကျစရိတ်ကို ကားဂိတ်က တာဝန်ယူတယ်။ ဂိတ်က လူတွေလည်း ကြည့်ပါတယ်” ဟု အမည်မဖော်လိုသူ ဝန်ထမ်းက ပြောသည်။

မြောက်ဥက္ကလာ ဆေးရုံကလည်း ကားတိုက်မှုကြောင့် ယနေ့နံနက်အစောက လူနာများ ရောက်ရှိလာကြောင်းနှင် ၄ ဦးမှာ အတွင်းလူနာအဖြစ် ကုသနေရသည်ဟု ပြောသည်။

ရွှေကိန္နရီကားဂိတ်နှင့် နီးစပ်သူတဦးက “ဇာနည်ဘွားကားက လေအိပ်ပေါက်တယ်။ ပြန်ပြင်ပြီးတော့ ကားအထွက်မှာ ကားမောင်းသူက နောက်လိုက်ကို လေအိပ် ဟောင်းရောလို့ မေးတယ်။ နောက်လိုက်က ပစ်ထားခဲ့တယ်လို့ ပြောတော့ ပြန်ကောက်ခိုင်းတယ်။ ကားကို ချက်ချင်းရပ်လိုက်တော့ အနောက်ကနေ ဝင်တိုက်မိတာ” ဟု ပြောသည်။

ဇာနည်ဘွားကားလိုင်းမှ ဘတ်စ်ကားတွင် ဒဏ်ရရှိသူ မရှိဘဲ၊ ကားနောက်ပိုင်း ထိခိုက်ပွန်းပဲ့မှုသာ ရှိခဲ့သည်။

မိုင်တိုင်အမှတ် ၉၅ သည် ရန်ကုန်မြို့မှ သွားရောက်ပါက ပဲခူးတိုင်း အရှေ့ခြမ်းရှိ ညောင်လေးပင်မြို့သို့ မရောက်ခင် ၃ မိုင်ခန့် အလိုတွင် တည်ရှိသည်။

Most read this week