ရေးမြို့နယ်အတွင်း ဝမ်းပျက် ဝမ်လျောရောဂေါကြောင့် သေဆုံးမှုရှိ

ရေးမြို့နယ်အတွင်း ဝမ်းပျက် ဝမ်လျောရောဂေါကြောင့် သေဆုံးမှုရှိ
မြန်မာနိုင်ငံတောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ တချို့ကျေးရွာတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးမှုများရှိနေသည်။ ရေးမြို့ပေါ်အပါအဝင် ထိုအနီးအနား တဝိုက်ရှိ ဇီးဖြူတောင်၊ အဇင်၊ ချောင်းတောင်ကျေးရွာတွေမှာ ယခုလအတွင်း မသန့်ရှင်းသည့်ရေသုံးစွဲမှုကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါဝေဒနာ ဖြစ်ပွား...

မြန်မာနိုင်ငံတောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ တချို့ကျေးရွာတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးမှုများရှိနေသည်။ ရေးမြို့ပေါ်အပါအဝင် ထိုအနီးအနား တဝိုက်ရှိ ဇီးဖြူတောင်၊ အဇင်၊ ချောင်းတောင်ကျေးရွာတွေမှာ ယခုလအတွင်း မသန့်ရှင်းသည့်ရေသုံးစွဲမှုကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါဝေဒနာ ဖြစ်ပွားနေပါသည်။

ရေးမြို့ပေါ်ရှိ ဆရာဝန်တစ်ဦး၏ ပြောပြချက်အရ “အဇင်၊ ချောင်းတောင်ရွာဘက်မှာ ဝမ်းပျက် ဝမ်းလျောဖြစ်လို့ သေဆုံးမှုတွေ ရှိနေပါတယ်၊ ဒါပေမယ့် ရေးမြို့ပေါ်မှာတော့ သေဆုံးမှုမရှိသေးပါဘူး၊ ဖြစ်တဲ့လူတွေက တော်တော်များတယ်” ဟု သူက ပြောသည်။

ယခုလို ရာသီဥတုပူပြင်းလာမှုကြောင့် သောက်သုံးရေခမ်းခြောက်လာကာ ဒေသခံများ မသန့်ရှင်းသည့်ရေ သုံးစွဲရာမှ ထိုရောဂါဖြစ်ပွားလာကြောင်း ထိုဆရာဝန်က ပြောသည်။

“ရေးမြို့က ဆေးရုံမှာတော့ ဖြစ်တဲ့လူတွေ များတယ် ဒါပေမယ့် တက်တဲ့လူက တက်၊ ဆင်းတဲ့လူတွေက ဆင်းနေတော့ မှန်းရတော်တော်ခတ်မယ်၊ ကျနော်တက်နေတုန်းမှာတော့ နှစ်ယောက်ရောက်လာတယ်၊ အထူးသဖြင့်တော့ လူကြီးတွေအဖြစ်များတယ်” ဟု ဝမ်းပျက် ဝမ်းလျောရောဂါ ခံစားရသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားမှုများပြားနေသည့်အတွက် ဆေးရုံမှ လူနာစောင့်များ၊ လူနားလာရောက်သတင်းမေးမြန်းသူများကို ဆေးရုံမှ ကာကွယ်ဆေး တိုက်ကျွေးပေးနေသည်ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားနေချိန်မှာ သက်ဆိုရာ ကျန်းမာရေးဌာနမှ ထိုရောဂါနှင့် ပတ်သက်သည့် ပညာပေးဆောင်ရွက်မှုတစုံတရာပြုလုပ်ပေးခြင်း မရှိသေးပါ။

မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားမှာလည်း ရှည်လျားလွန်းသည့် နွေရာသီ ပူပြင်းမှုကြောင့် ရေခမ်းခြောက်မှုဖြစ်ပွားပြီး ရေပြတ်လပ်မှုဒုက္ခနှင့် ရင်ဆိုင်ကြံုတွေ့နေရ သည်။ တချို့ဒေသတွေမှာ ရေကို ဝယ်ယူသုံးစွဲနေကြရသည်။

Most read this week