ရခိုင်ပြည်နယ် အနောက်ဖက် နယ်စပ်မောင်တောမြို့နယ်တွင် တုက်ကွေးရောဂါ ကူးစက် ပြန့်ပွါးလျှက်ရှိနေကြောင်း သိရသည်။
မောင်တောမြို့နယ် အတွင်း တုက်ကွေးရောဂါ လက္ခဏာကို လွန်ခဲ့သည့် နှစ်လခန့်ကပင် အသက် ဆယ်နှစ်ကျော် ခလေးလူနာတို့ထံမှ စတင် စစ်ဆေး စမ်းသပ် တွေ့ရှိခဲ့သော်လည်း မောင်တောမြို့ဆေးရုံ၌ ရောဂါကို ကာကွယ်ကုသပေးရန် ဆေးမရှိသဖြင့် တာဝန်ကျ ဆရာဝန်များက စစ်တွေဆေးရုံသို့သွားရောက်ကုသကြရန် ညွန်ကြားခဲ့သော်လည်း တချို့ ခလေးလူနာမိဘတို့မှာ တနေ့လုပ်မှ တနေ့စားနေသည့် အချိန်တွင် စစ်တွေသို့သွားရောက် ဆေးကုသရန် ခရီးစရိတ် မရှိသည့် အတွက်၎င်း၊ ခရီးသွားလာမူကန့်သတ်ချက်် အရ၎င်း၊ ဆေးကုသမှုအတွက်ငွေမရှိသည့်အတွက်၎င်း၊ လူနာခလေးများကို အိမ်မှာထားပြီး စောင့် ရှောက်ပြုစု နေကြကြောင်း သိရသည်။
ယခုအချိန်တွင် ၎င်းလူနာခလေးများမှတဆင့် လူကြီးများကိုပါ ကူးစက် ပြန့်ပွါးံနေသည့််ဟု အမည်မဖေါ်လိုသူ ဆေးရုံဝန်ထမ်းတဦး၏ပြောပြချက်ဖြင့်သိရသည်။
မောင်တောဆေးရုံး သူနာပြုဆရာဝန်မတဦး ၏ ထွက်ဆိုချက်အရ ယနေ့ထိ ဆေးရုံတွင် တုက်ကွေးရောဂါဖြင့် အသက် ၁၀ နှစ် အောက်ခလေး ၂၃ ဦး၊ လူကြီး ၁၈ ဦး၊ ကိုယ်ဝန် ဆောင်အမျိုးသမီး ၆ ဦးလာရောက်ကုသခံနေကြကြောင်း၊ သို့သော် လူနာများမှာ ရောဂါ နှင့် ပါတ်သက်သော ဆေးဝါးများကို ဆေးရုံးမှ မပေးနိုင်၍ ဆေးရုံ တွင် စောင့်ရှောက်ရုံ သာသာ ပြုလုပ်နေကြောင်း ဖြစ်သည်။
၎င်း ကိုယ်ဝန်ဆောင်အမျိုးသမီး လူနာ ၆ ဦး အနက် ကိုယ်ဝန် ၅ လကျော်ရှိသည့် ကိုယ်ဝန် ဆောင် အမျိုးသမီးလူနာ၂ ဦးမှာ ရောဂါပိုမိုပြင်းထန်လာသောကြောင်း မေလ ၂ ရက်နေ့ တွင် စစ်တွေသို့ ရွေ့ပြောင်းပေးပို့ခဲ့သော်လည်း စစ်တွေဆေးရုံတွင် မေလ ၅ ရက်နေ့၌ ၀မ်းထဲမှ ရင်သွေးငယ်အား ဆုံးရှုံးခံ၍ ခွဲစိတ်ကုသပြီးမှသာ ဆေးကုသ ခံနေသည်ဟုပြောပြ သည်။
မောင်တောမြို့အမှတ် ၃ ၀ိမလ ရက်ကွက်နေ အစိုးရ ၀န်ထမ်တဦး၏ ဇနီး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးလည်း စစ်တွေဆေးရုံတွင် တုက်ကွေးရောဂါဖြင့် ဆေးကုသ ခံနေစဉ် မေ လ ၄ ရက်နေ့တွင် အလားတူ ကိုယ်ဝမ်းခွဲထုတ်ပြီး ရောဂါပြင်းထံစွာဖြင့် ဆေးကုသခံလျှက် ရှိသည်ဟုလည်း နောက်ဆေရုံဝမ်ထမ်းတဦးက ပြောပြသည်။