ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင်ထားသည့် ချင်းအမျိူးသားပါတီ(စီအဲန်ပီ)ကို ရွေးကောက် ပွဲကော်မီရှင်က ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီဖြစ်သည်။
ဦးဇိုးဇမ်ဦးဆောင်ပြီး ပညာတတ်လူငယ်အများစုဖြင့်ဖွဲ.စည်းထားသည့် ချင်းအမျိူးသားပါတီသည် ပြီးခဲ့သည့်ဧပြီလ ရ ရက်နေ.က နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲ ကော်မီရှင်သို.မှတ််ပုံတင်ခဲ့ပြီးနောက် မေလ ၃ ရက်နေ.က ပါတီတည်ထောင်ခွင့်ပြုလိုက်သည်ဟုမြန်မာ့အလင်းသတင်းစာ တွင်ဖော်ပြထား သည်။
ချင်းအမျိူးသားပါတီသည် ချင်းပြည်နယ်အတွင်းမြို.နယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထား သည်ဟုသိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းအမျိူးသား ပါတီအပြင် ချင်းတိုးတက်သောပါတီက လည်း ပါတီမှတ်ပုံတင်ထားပြီးဖြစ်ပြီး သို.သော်လည်း ပါတီ တည်ထောင်ခွင့်မပြုသေးပေ။
ယခုချိန်ထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျောက်ထားသည့် ပါတီ ၂၈ ဖွဲ.ရှိပြီဖြစ်သည်။ ယင်းအနက် ပါတီ ၁၄ ဖွဲ.ကို ပါတီ တည်ထောင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။